Ad Code

Responsive Advertisement

နယ်ခြားစောင့် ၃ ဦး လည်လှီးအသတ်ခံရပြီး လက်နက် ၁၀၀ ကျော်ပျောက်ဆုံးဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြော



ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်ဌာနချုပ်အပါအ၀င် စခန်း ၃ခုကို ဒီနေ့မနက် ၁ နာရီခန့်ကစပြီး RSO rohingya solidarity organization ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
မောင်တောမြို့၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးမောင်ရှိန်က “မောင်တော်မြို့နယ်က စခန်း ၃ခုကို အာအက်စ်အိုတွေက ၀င်သိမ်းတဲ့ အနေအထားပါ၊ ကိုးတန်ကောက်၊ နယ်ခြားစောင့်ဌာနချုပ်နဲ့ ငခူရ နယ်မြေတွေကို ဒီနေ့မနက် ၁ နာရီကျော်လောက်မှာ တချိန်ထဲ ၀င်စီးတယ်။ ဒါပေမယ့် စီးလို့တော့ မရဘူး။ အတည်ပြုလို့ မရသေးတဲ့ သတင်းအရ လက်နက် ၁၀၀ ကျော် ပါသွားတယ် ပြောတယ်။ ဌာနချုပ်က ၃ ယောက်တော့ လည်လှီးပစ်ခဲ့လို့ သေသွားတယ်။”
တဘက်နိုင်ငံကလာတဲ့ ဘင်္ဂါလီတွေ မဟုတ်ဘဲ ဒေသတွင်းက ဘင်္ဂါလီတွေပဲဖြစ်ပြီး တဘက်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့သူတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
မေး – မောင်တောမှာ ဒီမနက်ပစ်ခတ်မှု ဖြစ်တယ်ကြားလို့ပါ အန်ကယ်။
ဖြေ – “ဟုတ်တယ် ကျနော်တို့ မောင်တောမြို့နယ်နေရာ သုံးခုမှာ RSO တွေက စခန်းတွေကို ၀င်တဲ့အနေအထားပါ။”
မေး – ဟုတ်ကဲ့ ဘယ်စခန်းတွေကို ၀င်ပစ်တာလဲ အန်ကယ်။
ဖြေ – “ကိုးတန်ကောက်စခန်းရယ်၊ နယ်ခြားစောင့် ဌာနချုပ်၊ နောက်ပြီးကျနော်တို့ နယ်မြေက ငါးခူရနယ်မြေတွေ အဲဒီနယ်မြေတွေ ကျနော်တို့ ဒီနေ့မနက်ပေါ့ ၁ နာရီကျော်လောက်မှာ တချိန်တည်း ၀င်စီးတဲ့ သဘောရှိတယ်။ ဒါပေမယ့် အစီးတော့ မခံရဘူး။ ကျနော်တို့ လက်နက် တွေဘာတွေ ပါသွားတယ်လို့တော့ ပြောတယ်။ လက်နက်အလက် ၁၀၀ လောက် ပါသွားတယ်လို့တော့ ပြောတယ်။
မေး – အန်ကယ် RSO ဆိုတာ ဘယ်လိုသေချာလဲ ခင်ဗျ။
ဖြေ – သေချာတယ်ဆိုတာ ဒီလို အရပ်သား ဘင်္ဂါလီတွေက အဲလောက်ထိ အစွမ်းအစမရှိဘူး။ စစ်ရေးစစ်ရာ နားမလည်ဘူးလေ။ လွန်ခဲ့တဲ့ ၃ နှစ်ကနေ ဒီနေ့ ဒီအချိန်အထိ ဟိုဘက် သင်တန်းသွားတက်တယ်။ နောက်ပြီး အခြေခံတော့ နည်းနည်းပေးလိုက်တာနဲ့ အဲလိုဘာခေါ် မလဲ တိုက်ခိုက်ရေးသမားတွေ ဖြစ်သွားကြတာပေါ့။
မေး – ဘယ်နှနာရီလောက်ကြာလဲ။ အခုပြီးသွားပြီလား။
ဖြေ – ပြီးသွားပြီ။ မနက် လေးနာရီခွဲလောက် ငါးနာရီနီးနီးလောက်မှာ ပြန်ဆုတ်သွားကြတယ်။
မေး – အန်ကယ် အင်အားဘယ်လောက် ရှိတယ်လို့ကော ကြားလဲခင်ဗျ။
ဖြေ – အင်အားက ခိုးပြီးတော့ ၀င်ကြတာဆိုတော့ နည်းနည်း နာရီဝက် ၁၅ မိနစ်လောက်စီပဲ နောက်ကျမယ်ထင်တယ်။ တပြိုင်တည်းဝင်ကြတာဆိုတော့လေ။ အင်အားက ကျနော်တို့ ခန့်မှန်းခြေကို မေးကြည့်တာတော့ အင်အားလေးငါးရာလောက် ရှိတယ်ပြောတယ်။ အကုန်လုံး။ ဟိုဘက်ကနေလာတာမဟုတ်ဘူး။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀င်လာပြီး ဒီမှာတိုက်တာမဟုတ်ဘူး။ ဒီထဲမှာ ကိုယ်တိုင်ရှိနေတာ။ ကျနော်တို့ မောင်တောမြို့ထဲမှာ ကိုယ်တိုင်ရှိနေတာ သူတို့။
မေး- ခြေရာဖျောက်နေပြီးတော့ ရုတ်တရက် ထ၀င်စီးသွားတာပေါ့။
ဖြေ – အင်း အဲလိုဝင်စီးတာ။ လက်နက်တိုက်ဖောက်တယ်။ လက်နက်တွေယူတယ်။ ဟိုတဖက် နိုင်ငံကလာတာမဟုတ်ဘူး သူတို့က။ ဒီမှာ ရှိပြီးသား။
မေး – သေတာတွေ ပျောက်တာတွေကော ကြားသေးလားဗျ။
ဖြေ – သေတာကတော့ ကျနော်တို့ အသေစာရင်းက ဌာနချုပ်မှာ လေထီးပစ်ခဲ့တဲ့ နယ်ခြားစောင့် သုံးယောက်တော့ လည်လှီးလို့ သေသွားတယ် သူတို့။ တပ်ခွဲ တဖွဲ့က သုံးယောက်ကို သူတို့ကိုအခုတော့ သွားပြီးမစစ်ဆေးရသေးဘူးထင်တယ်။ အဲဒီ လမ်းခုလတ် မှာပဲ။ ဟုတ်ကဲ့ သေသွားတယ်။ အသေစာရင်းကတော့ များမယ်ထင်တယ်။ ကျနော်တို့ လောလောဆယ် မကျလာသေးဘူး။ အခု မောင်တောဆေးရုံကို သွားမလို့လုပ်နေတယ်။
မေး – ဒီထက် တိုးလာနိုင်စရာ ရှိတယ်ပေါ့။
ဖြေ – တိုးလာနိုင်တယ်။ ဒဏ်ရာရတဲ့သူကော သေတဲ့သူကော တိုးလာနိုင်တဲ့ အနေအထားမှာ ရှိတယ်။
မေး – အန်ကယ် လုံခြုံရေး ဘယ်လိုယူထားလဲဗျ။
ဖြေ – လုံခြုံရေးကတော့ ကျနော်တို့ မြို့ပေါ်မှာတော့ ပြည်သူ့ရဲတပ်ဖွဲ့ ရှိပါတယ်။ မြို့အနေနဲ့က တော့ အဲဒီလောက် မစိုးရိမ်ရဘူး။ နယ်တွေမှာ စိုးရိမ်ရတော့ အဲဒီဘက်တွေကို အဓိကထားပြီး လုံခြုံရေး ယူထားကြတာတော့ တွေ့တယ်။
မေး – အဲတော့ RSO တွေ အခု ဘယ်ရောက်သွားပြီလို့ ကြားလဲ အန်ကယ်။
ဖြေ – သူတို့က ဘာခေါ်မလဲ။ ကျနော်တို့ ဒီလိုနေရင်တော့ ရွာသားတွေပဲ။ အဲလို ဘင်္ဂါလီတွေ က ကိုယ့်ရွာကိုပြန်ပြီး အေးအေးဆေးဆေး နေရင်လည်း ဘာမှမသိဘူး။ ရွာထဲကို တယောက် မှ ၀င်လို့မှမရတာ။ ကိုယ်ယောင်ဖျောက်လိုက်ကြမှာပေါ့ သူတို့။
မေး – ခြေရာဖျောက်သွားတယ်ပေါ့။
ဖြေ – အင်း အဲလို ခြေရာဖျောက်သွားတယ်။ တချို့တောင်တွေကျော်ပြီးတော့ ခြေရာဖျောက် သွားတယ်။ အဲလိုပုံစံတွေ ရှိတာပေါ့လေ သူတို့။
မေး – အာဏာပိုင်တွေနဲ့ ပြောကြည့်ပြီးပြီလား။ ဘယ်လိုအနေအထားလဲ နောက်ဆုံးသိရတဲ့ အနေအထားပေါ့။
ဖြေ – အခုက တအားရှုပ်နေကြပါတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင်ဖို့ အချိန်တောင်မရဘူး ကျနော်တို့။ အခြေအနေကတော့ တအားဆိုးပါတယ်။ အဲဒီလို တပ်တွေကို ဌာနချုပ်တွေ ကိုယ်တိုင်ဝင်စီးတယ်ဆိုတော့ အခြေအနေကတော့ ဆိုးတယ်။
မေး – ကြုံဖူးလား။
ဖြေ – အရင်လည်း ကြုံဖူးပါတယ်။ ဒီလိုမျိုး သူတို့က အဲဒါကို သတိထားရမှာ။ သတိမထားတော့ ပေါ့လျော့လို့ အဲလိုဖြစ်ကြတာပေါ့။

Post a Comment

0 Comments

Close Menu