Ad Code

Responsive Advertisement

'အတွေ့အကြုံ - Experience....'



ခြင်္သေ့ စုံတွဲတစ်တွဲဟာ တောအုပ်တစ်အုပ်ရှိ ဂူထဲမှာ အတူရှိနေကြတယ်... ဒီအချိန် အနီးအနားရှိ သစ်ပင်တစ်ပင်ပေါ်က မျောက်တစ်ကောင်က ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေ သုံးပြီး ခြင်္သေ့ထီး ကို စော်ကားမော်ကား လုပ်နေတယ်... ခြင်္သေ့မ က ဒေါသထွက်လာပြီး ခြင်္သေ့ထီးကို... " ကဲ!!! တောဘုရင်ကြီး... ဒီလို မျောက် အကောင် သေးသေးလေးက ရှင့်ကို ရိုင်းစိုင်းစော်ကားနေတာကို ဒီလိုပဲ ကြည့်နေတော့မှာလား... ရှင် ဒီမျောက်စုတ်ကို အပြစ်ပေးမှရမယ်..."

ဒီအခါ ခြင်္သေ့ထီးက လေသံခပ်အေးအေးနဲ့..." အေးပါကွာ... မင်းပြောတာ မှန်ပါတယ်... ဒါပေမယ့် မင်းဘာသိလဲ? ငါက တောဘုရင်လေကွာ... သူ့အဆင့်အတန်းနဲ့ သွားယှဉ်ပြီး ဖြစ်နေလို့ ဘယ်ရပါ့မလဲ... လွှတ်ထားလိုက်စမ်းပါကွာ..."

ခြင်္သေထီး စကားကြောင့် ခြင်္သေ့မလည်း အံ့အားသင့်ပြီး ဘာမှပြန်မပြောတော့ပဲ ငြိမ်သက်စွာ ထိုင်နေ လိုက်တယ်... ဒါပေမယ့် မျောက်ကတော့ ဆက်ပြီး ရိုင်းစိုင်းစော်ကားနေတယ်... ဒီအခါမှာတော့ ခြင်္သေ့မ လည်း စိတ်မရှည်တော့ပဲ ဒေါသတကြီးနဲ့ အော်ပြီးတော့... " ကျမ ဒါကို လုံးဝ သည်းမခံနိုင်တော့ဘူး... ဒီမျောက်စုတ်ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်..."

ဒီလိုနဲ့ ခြင်္သေ့မလည်း ဒေါသတကြီးနဲ့ မျောက်ကို လိုက်ဖမ်းတယ်... အချိန်အနည်းငယ်ကြာ လိုက်ဖမ်းပြီး တဲ့နောက်မှာ ခြင်္သေ့မဟာ သူ့ကိုယ်သူ တောအုပ် အပြင်ဘက်က ဆောက်လုပ်ရေး နေရာ တစ်ခုမှာ ရောက်နေတာကို သတိထားမိလိုက်တယ်... မျောက်က ပိုက်လုံး တစ်လုံးထဲ ၀င်ပြေး သွားတာကိုလည်း တွေ့လိုက်တယ်... ခြင်္သေ့မလည်း စိတ်ဆိုးမာန်ဆိုးနဲ့ ပိုက်လုံးထဲဝင်ပြီး လိုက်ဖမ်း တယ်... ဒီအခါ ပိုက်လုံးက သူ့ကိုယ်လုံးနဲ့ မဆံ့တဲ့အတွက် ခြင်္သေ့မခမျာ ပိုက်လုံးအ၀မှာ တစ်နေပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတယ်... 

ဒီမြင်ကွင်းကို မြင်တွေ့လိုက်က ကိုရွှေမျောက်က အနောက်ဘက် ပြန်လှည့်လျှောက်လာပြီး ခြင်္သေ့မကို ဟားတိုက်ရယ်မော လှောင်ပြောင်လိုက်တယ်... ပြီးတော့ အသံကုန် အော်ဟစ်ပြီး ခြင်္သေ့မကို အနောက်ကနေ ခြေထောက်နဲ့ ကန်ပါတော့တယ်... မိနစ်အနည်းငယ်ကြာ ပါးစပ်ကလည်းပြော ခြေထောက်နဲ့လည်း စိတ်ကြိုက် ကန်ပြီးတဲ့အခါမှာတော့ အောင်နိုင်သူအပြုံးနဲ့ ရင်ကော့ပြီး နေရာကနေ ထွက်သွားလိုက်တယ်... 

ခြင်္သေ့မလည်း တစ်နေတဲ့ ပိုက်လုံးဝကနေ လွတ်အောင် အကြိတ်အနယ် ကြိုးစားရုန်းကန်တယ်... နာရီအနယ်းငယ် ကြာပြီးတဲ့နောက်မှာတော့ လွတ်မြောက်သွားတယ်... အရှက်လည်းရ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့ တောအုပ်ထဲက ခြင်္သေ့ထီးရှိရာ ဂူထဲကို ပြန်လာခဲ့တယ်.... 

ပြန်ရောက်တဲ့အချိန် ခြင်္သေ့ထီးက... "ဘယ်လိုလဲ? အဲဒီမျောက်ကို ဖမ်းမိခဲ့ရဲ့လား?..." လို့ မေးလိုက်တယ်... 

ခြင်္သေ့မက ခေါင်းအောက်စိုက်ပြီး ငြိမ်သက်နေချိန် တောဘုရင်က အားပါးတရ ရယ်မောပြီး... "ဟားး ဟားး ဟားး!!! သူ မင်းကို ဆောက်လုပ်ရေး နေရာတစ်ခုကို ခေါ်သွားတယ် မဟုတ်လား???..."

:-D :-D :-D :-P :-P :-P :-D :-D :-D 

ကိုမျိုး
Ref;google
lwanmapyay.blogspot.com
-------------------------------------- 
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.comFacebook Page Twitter Google+

Post a Comment

0 Comments

Close Menu