Ad Code

Responsive Advertisement

TELECom Android Anti-Malware 5.0 (Latest Version)


TELECom Android Anti-Malware 5.0 ဟာ 4.0.1 နဲ့နှိုင်းယှဉ်ပါက ဒါတွေ ပြောင်းလဲသွားပါတယ်။

- Reboot ခဏ ခဏ ချနေရခြင်းကို ပြင်ဆင်ထားပါတယ်

- တကြိမ်တည်းနဲ့ ရှင်းလင်းနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

- .NET Framework ကို Install လုပ်ရန်မလိုတော့ပါ။ ( Windows Vista မှ Windows 10 အထိ အသုံးပြုနိုင်ပါတယ်)

- Android Version (2.3.3) Gingerbread ကနေ Android Version 7.0 Nouget ထိ အသုံးပြုနိုင်ပါတယ်။

- Definition Update လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ပိုလာပါတယ်။

- စစ်ဆေးတဲ့ မှတ်တမ်းဖိုင် Log ဖိုင်ကို Generate လုပ်ပေးနိုင်ပါတယ်။

- 4.0.1 မှာပါဝင်ခဲ့တဲ့ Wifi Feature ကို လောလောဆယ် ချန်လှပ်ခဲ့ပါတယ်။ နောက် Version မှာ ပြန်ပါဝင်လာနိုင်ပါတယ်။

- မရှင်းလင်းခြင်း၊ Wifi ပျောက်ခြင်း၊ IMEI ပျောက်ခြင်း၊ Launcher ပျောက်ခြင်းများကို အတတ်နိုင်ဆုံး ပြင်ဆင်ပေးထားပါတယ်။

- အထူးခြားဆုံး အပြောင်းအလဲအနေနဲ့ အခု Version မှာ Root မဖောက်ထားတဲ့ ဖုန်းတွေကိုလည်း Scan လုပ် စစ်ဆေးနိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Root မဖောက်ထားပေမယ့်လည်း Insecure Boot (Custom Kernel) ပြင် ဆင်ထားတဲ့ ဖုန်းတွေကိုလည်း ရှင်းလင်းပေးနိုင်မှာဖြစ်ပါတယ်။

- တကယ်လို့ malware က ဖုန်းကို Root ဖောက်ထားပြီးပြီဆိုရင်တော့ Root ထပ်ဖောက်စရာ လိုတော့မှာမဟုတ်ပါဘူး။ Virus က ဖောက်ပေးထားတဲ့ Root နဲ့ပဲ ရှင်းလင်းစေနိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ခက်ခက်ခဲခဲ Root ဖောက်နေစရာမလိုတော့ပါဘူး။ ဒီအနေအထားမှာ ဖုန်းချိတ်လိုက်တာနဲ့ root from malware လို့ ပြနေမှာဖြစ်ပါတယ်။

- တကယ်လို့ Root ဖောက်ဖို့ လိုခဲ့မယ်ဆိုရင် Non Rooted (need root for clean) လို့ ပြနေမှာဖြစ်ပြီးတော့ Root ဖောက်ဖို့ အကောင်းဆုံး Tool ကတော့ Kingo Root ပဲဖြစ်ပါတယ်။ Root ဖောက်ပြီးတဲ့အခါမှာ အထူးဂရုပြုရမယ့် အချက်တစ်ခုကတော့ Device ကို Reboot မလုပ်မိဖို့ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Reboot လုပ်လိုက်တာနဲ့ install-recovery.sh မှာ ရေးထားတဲ့ Script ကြောင့် Root ပြန်ပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် Root ဖောက် ဖောက်ပြီးချင်း ချက်ချင်းရှင်းလင်းပါ။

- /system ကို Mount (RW) လုပ်မရခြင်းကိုလည်း အတတ်နိုင်ဆုံး ပြင်ဆင်ပေးထားပါတယ်။

- တကယ်လို့ Virus ကို အကုန် မရှင်းလင်းနိုင်ဘူးဆိုရင် ချက်ချင်း မရှင်းလင်းနိုင်တဲ့ Device ရဲ့ Log ဖိုင်ကို ပေးပို့ပေးပါ။ Update ဖိုင်ထုတ်ပေးမှာဖြစ်ပါတယ်။

- အဆင်မပြေမှုတွေ အခက်အခဲတွေရှိရင် Feedback ပြန်ပေးကြဖို့ တိုက်တွန်းပါတယ်။

ဒီ Version ဖြစ်မြောက်ဖို့ အတွက် အကူအညီပေးခဲ့တဲ့သူ အများကြီးရှိပါတယ်။ 
အားလုံးထဲက

- Ko Myo Myint Htike (Tool ရဲ့ Security ပိုင်းဆိုင်ရာ အတွက် အများကြီး အကူအညီပေးခဲ့ပါတယ်။ အကို့ရဲ့ အကူအညီတွေအတွက် ညီ အရမ်းကျေးဇူးတင်ပါတယ် အကို)


Post a Comment

0 Comments

Close Menu