Ad Code

Responsive Advertisement

ပျော်ရွှင်စရာ ညီလေးရဲ့ ၂၃ နှစ်ပြည့်မွေးနေ့လေး




ဖေဖ၀ါရီလ ၁ ရက်နေ့

╔═══╗
   ║███║ ♫
║ (●) ♫
    ╚═══╝♪♪ 
Happy Birthday to you,♪♫•*¨*•.¸¸Happy Birthday to you,♪♫•*¨*•.¸¸ Happy Birthday♪♫•*¨*•.¸¸ Dear Friend♪♫•*¨*•.¸¸Happy Birthday to you ¸¸.•*¨*•♫♪!!
ညီလေးရေ့
ဒီနေ့လေဟာဆိုရင် ဖေဖေမေမေတို့ရဲ့အချစ်ဆုံးအငယ်ဆုံးအထွေးဆုံးသားငယ်လေး၊
အစ်ကိုတတွေအားလုံးရဲ့အချစ်ဆုံးညီလေး
အသက် ၂၃ နှစ်ပြည့်တဲ့မွေးနေ့လေးနော်
အသက်တစ်နှစ်ပိုကြီးသွားခဲ့ပေမဲ့ ပိုကြီးသွားတဲ့အသက်တစ်နှစ်ထက်
ညီလေးအတွက် အသိပညာဥာဏ်များ ဗဟုသုတများ ပိုသိလာတဲ့အတွက်
အလွန်ပင်ပျော်ရွှင်စရာကောင်းသော မွေးနေ့လေးတစ်နေ့လေးနော်ညီလေး။

အစ်ကိုတတွေအားလုံးရဲ့အချစ်ဆုံးညီလေး ဒီနေ့အသက် ၂၃နှစ်သာပြည့်ခဲ့သော်လည်း
မိဘတွေနဲ့အတူ အစ်ကိုတတွေအားလုံးရဲ့စိတ်ထဲရင်ထဲနှလုံးသားထဲအသည်းထဲမျက်လုံးအစုံတွေမှာ
ညီလေးက အသက် ၂နှစ်သား ၃နှစ်သားအရွယ်လေးကိုသာ မြင်ယောင်နေကြတုန်းပဲနော်ညီလေး။

ငယ်ရွယ်စဉ်အရွယ်ကတည်းက လိမ္မာလာခဲ့တာ ယနေ့၂၃နှစ်ပြည့်တဲ့နေ့အထိ
ညီလေးကလိမ္မာနေတုန်း ချစ်စရာကောင်းနေတုန် ဖြူစင်သောနှလုံးသားနှင့် ခန့်ချောသောမျက်နှာ
စိတ်သဘောထားကောင်းပြီး တည်ကြည်သူ အေးမြသောအချစ်တွေကို ပေးနိုင်သူတစ်ဦးလည်းဟုတ်ပေတယ်ညီလေး။

ညီလေးလိုချင်သည့် မည်သည့်အရာတစုံတရာကိုမျှ မိဘတွေအပေါ် အစ်ကိုတွေအပေါ် ပူဆာလေ့မရှိ။ မပူဆာတက်တဲ့ညီလေး။
ချစ်စရာမိဘနှစ်ပါးမှာ ချစ်စရာသားလေးယောက်ရှိတဲ့ ကိုကြီး၊ကိုငယ်၊နိုင်နိုင်၊ညီလေး ဒီလိုမိသားစုမှာ ဒီလိုမိဘနှင့်ဒီလိုညီအစ်ကိုတတွေအားလုံး စုစည်းပြီး
ဒီလူ့ဘ၀မှာ ဒီလိုမိသားစုတွေစုနဲ့အတူတူ လူဖြစ်ခွင့်ရတာကိုပဲ လူဖြစ်ရကြိုးနပ်သွားပါပြီး။
လူ့လောကမှာရှိတဲ့ မိသားစုတိုင်းမှာ စုစည်းညီညာအဦးကိုတစ်ဦးသိတက်ချစ်ခင်တက်တဲ့ မိသားစုမျိုးပိုင်ဆိုင်ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။
ဒီလိုလိမ္မာပြီး မိဘပေါ် အစ်ကိုတတွေအပေါ် အရမ်းသိတက်တဲ့အငယ်ဆုံးသား အထွေးဆုံးသား အချစ်ဆုံးသား
အငယ်ဆုံးညီလေးမျိုး မိသားစုတိုင်းမှာ ရှိနိုင်ကြပါစေ။

ညီလေးကာ ဘယ်လောက်ပင်အသက်ကြီးသွားစေကာမူ
မိဘနှစ်ပါးနှင့်တကွ အစ်ကိုတတွေသုံးယောက်၏ ရင်ထဲ စိတ်ထဲမှာ ချစ်ခြင်းမေတ္တာနှလုံးသာထဲမှာ ညီလေးက အစဉ်အမြဲ ကလေးလေလိုပါပဲ ညီလေး။
ညီလေးဘယ်လောက်ပင် အသက်ကြီးသွားစေကာမူ
ညီလေးရဲ့ငယ်ရွယ်စဉ်ကလေးဘ၀မျက်နှာလေးကို အားလုံးမြင်ယောင်နေဆဲပဲနော်ညီလေး။
ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ မိဘမေတ္တာနှင့် အစ်ကိုသုံးယောက်၏ချစ်ခြင်းမေတ္တာတွေကို အချစ်ဆုံးညီလေးအား အစဉ်ထာဝရရှိနေဆဲနော်ညီလေး။

မွေးနေ့မှအစ ပိုင်ဆိုင်နေတဲ့ နေ့တိုင်း အချိန်တိုင်း နာရီ မိနစ် စက္ကန့်တိုင်း
ညီလေးဘ၀မှာ ထာဝရပျော်စရာအချိန်တွေပဲ ဖြစ်ပါစေ။
လိုချင်တာ မှန်သမျှ လိုတိုင်းတ ပြည့်စုံပါစေ။
အဘက်ဘက်မှ ဗဟုသုတနှင့် အသိဥာဏ်တွေပြည့်စုံပြီး လိုအပ်သူတွေကို လက်ဆင့်ကမ်းပေးနိုင်သူ
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတစ်ဦးလည်းဖြစ်ပါစေ။
တကယ်ဖြူစင်တဲ့ စိတ်သဘောထားမွန်မြတ်တဲ့ ချစ်သူခင်သူလူကောင်းတွေသာပေါများပါစေ။
ချစ်တဲ့ကောင်းမလေးနဲ့လည်း ဘ၀တစ်လျှောက်လုံးလက်တွဲပြီး ချစ်ချစ်ခင်ခင်အိုအောင်မင်အောင်ပေါင်းကြရပြီး
သားသမီးတွေနဲ့အတူ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်စရာမိသားစုတစ်စု ပိုင်ဆိုင်ပါစေနော်ညီလေး။

လက်ရှိပိုင်ဆိုင်တဲ့ဘ၀မှာ လက်ရှိရနိုင်တဲ့အချိန်လေးနည်းနည်းကို
နည်းလမ်းမှန်မှန်စနစ်ကျကျအကျိုးရှိရှိအသုံးချပြီး
ရှိနိုင်မည့်နောက်နောင်ဘ၀အတွက်
လက်ရှိဘ၀လက်ရှိအချိန်မှာ နည်းလမ်းမှန်မှန်နဲ့ တရားကျင့်ကြံပြီး
အချိန်တိုတိုအတွင်းမှာ ညီလေး မြတ်သောနိဗ္ဗာန်ဘုံသို့ ရောက်ရပါစေ။

လက်ရှိဒီဘ၀မှာ ညီလေးလိုအပ်တာမှန်သမျှ ညီလေးလိုအင်ရှိတာမှန်သမျှ ပြီးပြည့်စုံပါစေ။
ညီလေး လက်ရှိလုပ်ချင်တာတွေအားလုံး လုပ်နိုင်ပါစေ။
ဖြစ်ချင်တာတွေအားလုံး လိုတိုင်းတ ပြီးပြည့်စုံနိုင်တဲ့သူ "စေ" တစ်လုံးပိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါစေ။
ဖြစ်ချင်တာတွေအားလုံးအကြွှင်းမကျန် လက်ရှိအချိန် လက်ရှိဘ၀မှာ ပြီးပြည့်စုံပါစေ။ နောက်နောင်ဘ၀ဆက်တိုင်းလည်း လိုအင်တွေပြီးပြည့်စုံပါစေ။
ပိုင်ဆိုင်နေတဲ့နေ့တိုင်းအချိန်တိုင်းမှာ ညီလေးအမြဲတမ်း ဘ၀တစ်လျှောက်လုံး ပြုံးပျော်ရွှင်ပါစေ။
ချစ်တဲ့သူနဲ့လည်း ဘ၀တစ်လျှောက်လုံး တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် စိတ်တူသဘောတူ အိုအောင်မင်အောင် ပေါင်းသင်းကြပါစေ။

နိုင်နိုင်မှတ်မိသေးတယ်ညီလေး
နိုင်နိုင်တက္ကသိုလ်တက်တုန်း ဖိနပ်မကောင်းလို့ မုန့်သွားစားမယ်လို့ နိုင့်ကိုခေါ်ပြီး
ညီလေးစုထားတဲ့ပိုက်ဆံနဲ့ နိုင့်ကို ဖိနပ်ဝယ်ပေးပြီး မုန့်ဝယ်ကျွေးခဲ့တဲ့ ညီလေးရဲ့ အသိစိတ်ဓါတ်ကို နိုင်နိုင်လေးစားတယ်ညီလေး။
ညီနှစ်ယောက်အပေါ် တကယ့်အချစ်အချစ်မှန်ချစ်ခြင်းမေတ္တာကြီးမားလှသည့်မိဘနှစ်ပါးနှင့်အကိုကြီးအကိုငယ်တို့ကိုလည်း ညီလေးနှစ်ယောက်
ရိုသေလေးစားလျက် ညီလေးမွေးနေ့မှာ ညီလေးနဲ့အတူ ဖေဖေမေမေကိုကြီးကိုငယ်အားလုံး
ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံကြပြီး အစစအရာရာ လိုအင်များပြည့်စုံပြည့်ဝကြပါစေ။
ညီလေးနှစ်ယောက်အပေါ်ထားတဲ့ ဖေဖေမေမေကိုကြီးကိုငယ်တို့၏ ချစ်ခြင်းမေတ္တာဂရုဏာတွေ ကျေးဇူးကြီးမားလှပါတယ်။
ဒီဘ၀တွင်မက ဘ၀ဆက်တိုင်း ဖေဖေမေမေကိုကြီးကိုငယ်တို့ကို ဒီညီအငယ်ဆုံးနှစ်ယောက် မွန်မြတ်သောအလုပ်အကျွေးဖြင့် ကျေးဇူးဆပ်ခွင့်ရပါစေ။

ဖေဖေရဲ့အချစ်ဆုံးချစ်ဇနီနှင့်သားတို့အားလုံး၏အချစ်ဆုံးမေမေသည်လည်း
ဒီဘ၀တွင်သာ မိန်းခလေးဘ၀ဖြစ်ပြီး နောက်နောင်ရှိနိုင်မည့်ဘ၀ဆက်တိုင်းမှာ
ယောက်ျားလေးဘ၀ကိုသာပိုင်ဆိုင်ပါစေ မေမေ။
ညီလေးဘ၀ဆက်တိုင်းမှာ နိုင်နိုင်ဘ၀ဆက်တိုင်းမှာ
ကိုငယ်ဘ၀ဆက်တိုင်းမှာ ကိုကြီးဘ၀ဆက်တိုင်းမှာ
ဖေဖေဘ၀ဆက်တိုင်းမှာ ဒီဘ၀သာလျှင်မေမေမိန်းခလေးဘ၀ဖြစ်ပြီး နောက်နောင်ဘ၀ဆက်တိုင်းယောက်ျားဘ၀နဲ့ဘ၀ဆက်တိုင်းမှာ
ဒီလိုလက်ရှိမိသားစုလိုမျိုး စုံစုံလင်လင်ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ချင် ပြန်ဆုံကြပါစေလို့

အချစ်ဆုံးညီလေး ၂၃ နှစ်ပြည့်မွေးနေ့မှာ အချစ်ဆုံးညီလေးအတွက်
ဖေဖေမေမေကိုကြီးကိုငယ်အားလုံးနှင့်ထပ်တူ ဖြူစင်သောချစ်ခြင်းမေတ္တာပွားမျာဖြင့် ဆုတောင်းလိုက်ပါသည်။
ပျော်ရွှင်စရာ ညီလေးရဲ့ ၂၃ နှစ်ပြည့်မွေးနေ့လေး ဖြစ်ပါသည်။

နိုင်နိုင်

Post a Comment

0 Comments

Close Menu