Ad Code

Responsive Advertisement

မိုဘိုင်းဖုန်း App ကနေ ကြည့်နိုင်မယ့် ဆယ်တန်း အောင်စာရင်း


၂၀၁၆-၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားသူတွေအတွက် အောင်စာရင်းကို မိုဘိုင်းဖုန်း App ကနေတစ်ဆင့် ကြည့်နိုင်မယ်လို့ သိရပါတယ်။

ဒီ App ကနေ ဇွန်လ ၁၇ ရက်နေ့ မနက် ၆ နာရီခွဲမှာ အောင်စာရင်းတွေကို ထုတ်ပြန်ပေးမှာဖြစ်ပြီး တစ်နိုင်ငံလုံး ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှာ ဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ သူတွေရဲ့ အောင်စာရင်းကိုပါ ကြည့်နိုင်မှာဖြစ်ပါတယ်။

"Results of the matriculated 2017"လို့ အမည်ပေးထားတဲ့ App ကို Play Store မှာဆိုရင်
  Download in Play Store မှာ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။

အောင်စာရင်းတွေကို ပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ http://www.moe.gov.mm/?q=exam-result-2017 မှာလည်း ဇွန်လ ၁၇ရက်နေ့ နံနက် ၆ နာရီ အချိန်မှ စတင်ပြီး ကြည့်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် အောက်ဖော်ပြပါ လင့်ခ်တွေမှာလည်း သက်ဆိုင်ရာ ဒေသအလိုက်လည်း ခွဲခြား ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Credit to Emily (ရိုးရာလေး)
http://yoyarlay.com/local/841-app

ဖုန်းထဲတွင် Play store မရှိသူများအတွက်
============================
အောက်ကလင့်ကနေ ဒေါင်းလော့ဆွဲနိုင်ပါသည် ခင်ဗျာ
ဒီလင့်ကို နှိပ်လိုက်တဲ့အခါမှာ
http://www.1mobile.com/results-of-the-matriculated-2017-3526400.html
ပုံအတိုင်း Download ကိုနှိပ် ပြီးရင် အော်တို ဒေါင်းနေလိမ့်မယ်
ပြီးရင် com.it4youmm.exa...apk လေးရလာမယ်
ပြီးရင် install လုပ်လိုက်နော်
အဆင်ပြေပါစေ
လင်းနိုင်ဦး







Post a Comment

0 Comments

Close Menu