Ad Code

Responsive Advertisement

ဆရာများ ဖမ်းဆီးခံရ၍ မဲဆောက်ရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းအချို့ ယနေ့စတင်ပိတ်မည်

မဲဆောက်ရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းမှ မြန်မာကျောင်းသားကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − Migrant Teachers Facebook)
တရားမဝင်အလုပ်လုပ် ကိုင်နေသူများကို ထိုင်းအာဏာ ပိုင်များက ဖမ်းဆီးရာတွင် မဲ ဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း ကလေးများအား ပညာသင်ကြား ပေးနေသော ကျောင်းဆရာ၊ ဆရာမများ ဖမ်းဆီးခံရ၍ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာစာသင် ကျောင်းအချို့ကို ယနေ့ (ဇွန်လ ၂၉ ရက်)ကစ၍ ပိတ်ထားမည်ဖြစ်ကြောင်း ရွှေ့ပြောင်းဒေသ ဆရာ၊ ဆရာမများ အစည်းအရုံးဥက္ကဋ္ဌ  ဒေါ်ရွှေစင်ဝင်းကပြောသည်။

မဲဆောက်မြို့တွင် မြန်မာကလေးငယ်များအား ပညာသင်ကြားပေးနေသော ရွှေ့ပြောင်းစာသင်ကျောင်း ၆၈ ကျောင်းရှိပြီး ဆရာ၊ ဆရာမဦးရေ ၇၀၀ ခန့်ရှိရာ ဇွန်လ ၂၉ ရက်ကစ၍ စာသင်ကျောင်းငါးကျောင်း စတင်ပိတ်သွားမည်ဖြစ်ပြီး ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပါက အခြား စာသင်ကျောင်းများလည်း ပိတ်မည်ဖြစ်ကြောင်း ဆရာမဒေါ်ရွှေစင်ဝင်းက 7Day Daily သတင်းစာအားပြောသည်။

‘‘ဒီတစ်ပတ်အတွင်းမှာပေါ့ နော်။ တနင်္ဂနွေနေ့ကစပြီးတော့ လေးယောက် အဖမ်းခံရတယ်။ မဲ ဆောက်မြို့တွင်းမှာပဲ။ တခြား မြို့နယ်တွေမှာတော့ မသိရသေး ဘူး။ ကျွန်မတို့ တခြားထုတ်ပြနိုင်တာက ရွှေ့ပြောင်းပညာသင်ကြား ရေးစင်တာက ဆရာဖြစ်ကြောင်း ထောက်ခံချက်နဲ့တစ်ဆင့် ပြန်လုပ်ပေးတဲ့ ရွှေ့ပြောင်းကျောင်းတွေ မှာ စေတနာ့ဝန်ထမ်းဆရာဖြစ် ကြောင်းဆိုတဲ့ ထိုင်းပညာရေးဌာန က ထုတ်ပေးတဲ့ ကတ်ကလေးရှိ တယ်။ ဒီနှစ်ကတ်လုံးကို အရင် တုန်းက ပြရင် သွားလို့ရတယ်။ ကျောင်းကိစ္စနဲ့ အပြင်ထွက်ထွက်၊ ဘယ်သွားသွားရတယ်။ သို့သော် လည်း ဒီတစ်ပတ်အတွင်းမှာတော့ ဘယ်လိုမှ ဒီလက်မှတ်ပြလည်း မ ရဘူး။ ဆရာ၊ ဆရာမတွေက လုံ ခြုံမှုမရှိတော့ဘူး’’ဟု၎င်းကပြော သည်။
 ဇွန်လ ၂၈ ရက်တွင် မဲ ဆောက်မြို့ရှိ မြန်မာကလေးငယ် များကို ပညာသင်ကြားပေးသည့် လှိုင်းသစ် ပညာသင်ကျောင်းမှ ဆရာတစ်ဦး ဖမ်းဆီးခံရ၍ ယင်း ကျောင်းမှ ကျောင်းအုပ်ဆရာ ဦး ဇော်ထက်က ထိုင်းရဲစခန်းသို့ သွားရောက်မေးမြန်းရာ အဆိုပါ ကျောင်းအုပ်ဆရာကိုလည်း ထပ် မံဖမ်းဆီးထားကြောင်း ရွှေ့ပြောင်းဒေသ ဆရာ၊ ဆရာမများအစည်းအရုံးက ဇွန်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
‘‘မနက်အစောကြီး လာဖမ်း ကြတယ်။ ကျောင်းသားကလေး တွေမိဘတွေလည်း အများကြီးအ ဖမ်းခံထိတယ်။ မိဘတွေက သူတို့ ကလေးတွေကျောင်းတွေကိုထား ပြီး လိုက်သွားရတယ်။ အဲဒီမှာက လေးတွေက ကျောင်းတွေမှာနေ နေရတယ်။ ဆရာ၊ ဆရာမတွေက ဒီကလေးတွေရဲ့ လုံခြုံမှုအပြင်သူ တို့ရဲ့ လုံခြုံစိတ်ချမှုကိုပါ စိုးရိမ်နေရတယ်’’ဟု ဒေါ်ရွှေစင်ဝင်းက ပြောသည်။
မဲဆောက်ရှိ မြန်မာရွှေ့ ပြောင်း စာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသားကလေးငယ် ၁၄,၀၀၀ ကျော်ရှိကြောင်း ရွှေ့ပြောင်းဒေသ ဆရာ၊ ဆရာမများ အစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။
ဆရာ၊ ဆရာမအားလုံးသည်ထိုင်းပညာရေးဌာနက ထုတ်ပေး သည့် စေတနာ့ဝန်ထမ်း ဆရာ ကတ်သာရှိပြီး လတ်တလောဖမ်း ဆီးမှုကြောင့် နေရပ်သို့ပြန်ရန်မှာ စာသင်လက်စကလေးများရှိနေ၍ အခက်အခဲရှိနေသောကြောင့် ၎င်း တို့ ကိုင်ဆောင်ထားသော စေတ နာ့ဝန်ထမ်းကတ်ကို ထိုင်းအစိုးရ က အသိအမှတ်ပြုရန် လိုလားနေ ကြသည်။
ထိုင်းအစိုးရသည် နိုင်ငံခြား သားအလုပ်သမားများ၏ အလုပ် တာဝန်စီခံခန့်ခွဲရေး အက်ဥပဒေ စီမံချက်အရ တရားမဝင် အလုပ် လုပ်ကိုင်နေထိုင်နေသော နိုင်ငံ ခြားသား အလုပ်သမားများကို ဒဏ်ငွေ ဘတ်နှစ်ထောင်မှ လေး သိန်းအထိနှင့် ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်နိုင်ကြောင်း ဇွန်လ ၂၀ ရက်တွင် ကြေညာပြီး ဖမ်းဆီးမှု များ အရှိန်မြှင့်နေသည်။
http://www.7daydaily.com/story/100280

Post a Comment

0 Comments

Close Menu