Ad Code

Responsive Advertisement

ထိုင်းတွင် အထောက်အထားမရှိသော မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် မြန်မာသံရုံး ထုတ်ပြန်

ထိုင်းတွင် အထောက်အထားမရှိသော မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် မြန်မာသံရုံး ထုတ်ပြန်
--------–--------------------------
Byငြိမ်းချမ်း. Tuesday, June 27, 2017



တရားမဝင်လုပ်သားများ နှင့်ပတ်သက်၍ ထိုင်းအစိုးရက လက်ရှိထုတ်ပြန်သည့် ဥပဒေသစ် သည် ပြစ်ဒဏ်ကြီးလေး၍ ထိုင်း နိုင်ငံတွင် အထောက်အထားလုံးဝ မရှိဘဲ နေထိုင်သူ မြန်မာနိုင်ငံသား များ မြန်မာနိုင်ငံသို့ ပြန်ရန် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ၂၆ ရက်တွင် သတိပေး ထုတ်ပြန် ခဲ့သည်။
ထိုင်းအစိုးရသည် နိုင်ငံခြား သား အလုပ်သမားများ၏ အလုပ် တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ စီမံချက်အရ တရားမဝင် အလုပ် လုပ်ကိုင်နေထိုင်နေသော နိုင်ငံ ခြားသား အလုပ်သမားများကို ဒဏ်ငွေ ဘတ်နှစ်ထောင်မှ လေး သိန်းအထိနှင့် ထောင်ဒဏ် ငါး နှစ်အထိ ချမှတ်နိုင်ကြောင်း ထိုင်း အစိုးရက ဇွန်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။
ယင်းကြေညာချက်နှင့်ပတ် သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှိ အလုပ်သမားသံအရာရှိ ရုံးက ထိုင်းရောက် မြန်မာရွှေ့ ပြောင်း လုပ်သားများနှင့်ပတ်သက်၍ အထက်ပါအတိုင်း သတိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ဇွန်လ ၂၆ ရက်ညတွင်ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ်၊ ပန်းရောင် ကတ်၊ ယာယီနိုင်ငံကူးလက်မှတ် များ ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားအားလုံး မိမိတို့ လက်ရှိ လုပ်ကိုင်နေသော အလုပ်ရှင်နှင့် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပြုလုပ်ထားရန်နှင့် လက်ရှိ အလုပ်လုပ်ကိုင်နေသော အ လုပ်ရှင်နှင့် မိမိကိုင်ဆောင်ထား သည့် အလုပ်ပါမစ်ပါ အလုပ်ရှင် မတူညီပါက သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးများတွင် သွား ရောက်ပြောင်းလဲကြရန် မြန်မာသံရုံးထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
ထို့အပြင် ဗီဇာသက်တမ်းရှိ ပြီး ပါမစ်မရှိသေးသော အလုပ်သမားများသည် လက်ရှိအလုပ်လုပ်ကိုင်နေသော လုပ်ငန်းရှင်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကို သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးတွင် သွားရောက်ပြုလုပ်ရန် တိုက် တွန်းထားသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေထိုင်သူများကို ထိုင်းအစိုးရက ဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ မြန်မာလုပ်သားများ ဖမ်းဆီး မခံရစေရေး စာရွက်စာ တမ်း အထောက်အထားများ ပြည့်စုံစွာယူဆောင်သွားလာနေထိုင် ကြရန် ထိုင်းရောက်မြန်မာအဖွဲ့ အစည်းများကလည်း သတိပေး တိုက်တွန်းခဲ့သည်။
‘‘တရားမဝင် နေထိုင်တဲ့သူ တွေ အကုန်ပြန်ကြတာကောင်း မယ်။ ပြန်ပြီး MoU နဲ့ပြန်လာ။ သူ များနိုင်ငံက ဥပဒေထုတ်ထားရင် တော့ လေးစားလိုက်နာရမယ်။ တရားဝင်နဲ့ လာနေတာ အဆင် ပြေတယ်။ အခုက သူတို့ထုတ် ထားပြီးသွားပြီ။ အဲဒီတော့ အဖမ်း ခံရတာတွေ မဖြစ်ရအောင် ပြန် ကြတာ အကောင်းဆုံးပါပဲ’’ ဟု ဦးမိုးအောင်ခိုင်က 7Day Daily အား ပြောကြားသည်။
ထိုင်းအစိုးရ၏ ကြေညာချက်တွင် နိုင်ငံခြားသားအလုပ်သမား များအတွက် တားမြစ်ထားသော အလုပ်များနှင့် အလုပ်ပါမစ်မရှိ သော အလုပ်သမားများကို ငှားရမ်းလက်ခံထားသည့် အိမ်ရှင်သူဌေးများသည် ဘတ်ငွေလေး သိန်း (ကျပ်သိန်း ၁၆၀ ကျော်)မှ ဘတ်ငွေရှစ်သိန်း (ကျပ်သိန်း ၃၂၀ ကျော်)နှင့် အလုပ် သမား၏ အလုပ်ပါမစ် အပါအဝင် ကိုယ် ပိုင်စာရွက်စာတမ်းများကို သိမ်းဆည်းထားသော အလုပ်ရှင်များကို ဒဏ်ငွေ ဘတ်တစ်သိန်းနှင့် ထောင်ဒဏ် ခြောက်လချမှတ်ခံရမည်ဟု ကြေညာထားသောကြောင့် ထိုင်းအလုပ်ရှင်များက စိုးရိမ်နေကြောင်း ထိုင်းနိုင်ငံ မဟာချိုင်မြို့ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေထိုင်သူများ နှင့်ပတ်သက်၍ ဇွန်လ ၂၀ ရက် က အက်ဥပဒေထွက်ရှိပြီး အဆိုပါ နည်းဥပဒေကို ထိုင်းအစိုးရက ဇွန်လ ၂၃ ရက်တွင် မြန်မာသံရုံး သို့ ပေးပို့ထားကြောင်း ဦးမိုးအောင် ခိုင်က ပြောကြားထားသည်။
နည်းဥပဒေ ထွက်ရှိပြီး နှစ် ရက်အကြာ ဇွန်လ ၂၂ ရက်တွင် ထိုင်းနိုင်ငံ ချွန်ဘူရီနယ်မြေရှိ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၃၀၀ ခန့်ကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးခဲ့သည်။
ဇွန်လ ၂၃ ရက်ကလည်း ဘန်ကောက်မြို့ရှိ MBK ကုန် တိုက်တွင် တရားမဝင်အလုပ်လုပ် ကိုင်နေသော မြန်မာလုပ်သားများ ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရာ မြန်မာလုပ်သား ၁၀၀ ခန့်ဖမ်းဆီး ခံရကြောင်း ဦးမိုးအောင်ခိုင်က ပြောသည်။ ဇွန်လ ၂၆ ရက်အထိ တရားမဝင် မြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား လေးသန်းရှိနေကြောင်း မြန်မာ လုပ်သားအရေး ဆောင်ရွက်ပေး သော အဖွဲ့များက ခန့်မှန်းထား သည်။ အများစုသည် တရားမဝင်သွားရောက်လုပ်ကိုင်နေသူများ ဖြစ်ပြီး ၂၀၁၁ နောက်ပိုင်းမှသာ တရားဝင် သွားရောက်လုပ်ကိုင် ခြင်းဖြစ်သည်။
©7 Day News Journal....
https://www.facebook.com/LHittai/posts/329628627469609







Post a Comment

0 Comments

Close Menu