Ad Code

Responsive Advertisement

♪ " GIONEE S10B VS GIONEE S10C " တို့ကိုနှိုင်းယှဉ်ကြည့်ရအောင် ♫


ဒီတစ်ပတ်မှာတော့ ၂ဝ၁၇ ဇွန်လထဲမှာ ထွက်ရှိလာတော့မယ့် Gionee ရဲ့ အဆင့်မြင့်စမတ်ဖုန်းတွေဖြစ်တဲ့ Gionee S10B နဲ့ Gionee S10C တို့ကို နှိုင်းယှဉ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ၎င်းဖုန်း ၂ လုံးမှာ S10B က S10C ထက် ပိုမိုစွမ်းအားကောင်းမွန်သလို ဈေးနှုန်းလည်း ဒေါ်လာ ၄ဝ လောက် ပိုမြင့်မားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်၊ မြင်ကွင်းစွမ်းအား၊ အနောက်ကင်မရာစွမ်းရည်၊ Processor, Graphics Card, Internal Memory နဲ့ ဘက်ထရီစွမ်းအားတွေမှာ S10B က ပိုမိုကောင်းမွန်ပြီး ကျန်တာတွေအားလုံးကတော့ အတူတူပါပဲ။

ဒါ့အပြင် အရှေ့ဘက် home button မှာလည်း တူညီတဲ့ Fingerprint sensor စနစ်ပါရှိတာ ကို တွေ့ရပါတယ်။ ၎င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual SIM စနစ်တွေ ပါရှိပါတယ်။ Internal Memory က S10B မှာ 64GB နဲ့ S10C မှာ 32GB တို့ အသီးသီးပါရှိကြပြီး ဘက်ထရီစွမ်းအားပိုင်း အနေနဲ့တော့ S10B မှာ Non-removable Li-Ion 3700mAh battery နဲ့ S10C မှာ Non-removable Li-Ion 3100mAh battery တို့ကို ထောက်ပံ့ပေးထားပါတယ်။

Design
>>>>><<<<<
1. Gionee S10B
>>>>>
S10B ရဲ့ အရွယ်အစားက 154.5 x 76 x 7.6 mm ဖြစ်ပြီး 176g အလေးချိန် ရှိပါတယ်။ ကိုယ်ထည်ကို Aluminium Alloy တွေနဲ့ တည် ဆောက်ထားလို့ ကျစ်လျစ်ပေါ့ပါးမှုရှိပါတယ်။ ၎င်းကို ခန့်ညားလှပတဲ့ အမည်းရောင်တစ်မျိုးတည်း ထုတ်လုပ်ပေးထားပါတယ်။

2. Gionee S10C
>>>>>
S10C ရဲ့ အရွယ်အစားက 148.7 x 73.7 x 7.9 mm ရှိပြီး 151g လေး ပါတယ်။ ဒါကြောင့် S10B ထက် ပိုမိုပေ့ါပါးပြီး သူ့ကိုလည်း Aluminium Alloy နဲ့ ပြုလုပ်ပေးထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမည်းရောင်၊ ရွှေရောင်နဲ့ အစိမ်းရောင် ၃ မျိုးကို ထုတ်လုပ်ထားပါတယ်။

Processor
>>>>><<<<<
1. Gionee S10B
>>>>>
စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ Mediatek MT6755 Helio P10 OOcta-core (4x1.8GHz Cortex-A53 & 4x1.0GHz Cortex-A53) processor နဲ့ Mali-T860MP2 GPU တို့ကို ပေါင်းစပ်ဖန်တီးပေးထားတာကြောင့် လုပ်ဆောင်ချက်တွေ တိကျမှန်ကန်ပါတယ်။

2. Gionee S10C
>>>>>
S10C မှာတော့ Qualcomm MSM8920 Snapdragon 427 Quad-core 1.4GHz Cortex-A53 Processor နဲ့ Adreno 308 Graphic card တွေကို ထည့် သွင်းထားပြီး RAM 4GB ပါရှိပါတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည် ပိုင်းမှာတော့ အနည်းငယ် ပိုနိမ့်ပါတယ်။

Display
>>>>><<<<<
1. Gionee S10B
>>>>>
မျက်နှာပြင်အကျယ် 5.5-inch ရှိပြီး IPS LCD capacitive touch screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆ က ~401 ppi pixels ပမာဏ ရှိပါတယ်။

2. Gionee S10C
>>>>>
၎င်းက မျက်နှာပြင်အကျယ် 5.2 inches ရှိပြီး 720 x 1280 pixels ရှိတဲ့ HD မြင်ကွင်းစွမ်းအားကိုသာ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် မျက်နှာပြင်စွမ်းအားမှာလည်း အနည်းငယ် ပိုနိမ့်ပေမယ့် multitouch စနစ်ကို သုံးစွဲနိုင်တာချင်းတော့ အတူတူပါပဲ။

Verdict
>>>>><<<<<
1. Gionee S10B
>>>>>
Gionee S10B ရဲ့ အနောက်ကင်မရာက dual camera စနစ်ဖြစ်တာ ကြောင့် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို ရိုက်နိုင်ပါတယ်။ S10B က S10C ထက် သုံးစွဲလို့ပိုကောင်းသလို ဈေးနှုန်းလည်း ပိုမြင့်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေနဲ့ ဖုန်းနဲ့ ရုပ်ရှင်ကြည့်ချင်တဲ့သူတွေအတွက်တော့ သင့်တော်ပါတယ်။

2. Gionee S10C
>>>>>
Gionee S10C ကတော့ S10B ထက် စက်စွမ်းဆောင်ရည်တွေ၊ မြင်ကွင်းစွမ်းအားတွေနဲ့ ကင်မရာ အရည်အသွေးတွေမှာ အနည်းငယ် ပိုနိမ့်တယ်ဆိုပေမယ့်လည်း သူ့ဈေးနှုန်းနဲ့သူကတော့ သုံးစွဲလို့တန်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးချယ်စရာအရောင်တွေလည်း ရှိပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Post a Comment

0 Comments

Close Menu