Ad Code

Responsive Advertisement

♪ " နာရီဝက်အားသွင်းရုံနဲ့ အားတစ်ဝက်ပြည့်စေမယ့် XIAOMI MI NOTEBOOK AIR 13.3 " ♫



13.3 လက်မ မျက်နှာပြင်ပါရှိပြီး နာရီဝက်အားသွင်းရုံနဲ့ အားတစ်ဝက်ပြည့်စေနိုင်တဲ့ Xiaomi Mi Notebook Air ရဲ့ အချက်အလက်တစ်ချို့ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

အစောပိုင်းအချက်အလက်တွေအရ 13.3 လက်မ မျက်နှာပြင် trackpad ရဲ့ ထောင့်နားမှာမြှုပ်ထားတဲ့ လက်ဗွေစနစ်၊ နောက်ဆုံးပေါ်တွေနဲ့ ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ အရင်မော်ဒယ်တွေမှာ အသုံးပြုခဲ့တဲ့ 6th gen Core-i5 processor နေရာမှာ 3.1 GHz မြန်နှုန်းအထိ ပံ့ပိုးပေးနိုင်မယ့် 7th hardware generation Core-i5-7200U ကိုလည်း အသုံးပြုလာပါတယ်။ 940 MX ထက် စွမ်းဆောင်ရည်သုံးဆပိုမြင့်တဲ့ Nvidia ရဲ့ entry level Pascal laptop chipset MX 150 အထိလည်း တိုးမြှင့်ထားပါတယ်။

မန်မိုရီ 8GB ပါဝင်ပြီး storage အနေနဲ့ 128 GB နဲ့ 256 GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Bluetooth 4.0×1×USB-C (5Gb/s) ၊ 2×Type A USB 3.0 (2.5Gb/s)၊ fullsize HDMI နဲ့ type-c အားသွင်းမြန်စနစ်အသုံးပြုထားတဲ့ 4-cell ဘက်ထရီတို့ကြောင့် နာရီဝက်အားသွင်းရုံနဲ့ 50% အထိ အားပြည့်စေမှာ ဖြစ်ပါတယ်။

1.3 kg အလေးချိန်ရှိတဲ့ ဒီ laptop ကို ဇွန်လ 12 ရက်နေ့ကစပြီး အော်ဒါမှာယူနိုင်မှာဖြစ်ပြီး 128GB အတွက် အမေရိကန်ဒေါ်လာ 735 ၊ 256 GB ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ 809 သတ်မှတ်ထား တယ်လို့ သိရပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Post a Comment

0 Comments

Close Menu