Ad Code

Responsive Advertisement

As long as ကို ကျနော်သိသမျှ သုံးစွဲပုံတွေက





As long as ကို ကျနော်သိသမျှ သုံးစွဲပုံတွေက
.....................
(1) သမျှ
အချိန်အတိုင်းအတာကို အထူပြုဖို့ (for duration) .. 
..
(1.1) I will remember you as long as I live. 
ခင်ဗျားကို ကျနော် အသက်ရှင်နေသမျှ သတိရ နေမှာပါ
.
(1.2) The meeting could be as long as 3 hours.
အစည်းအဝေးက ၃ နာရီမျှ ကြာမြင့်နိုင်ပါတယ်
…………………………………………………………
(2) သောကြောင့် (တဲ့အတွက်)
အကြောင်းပြချက်ကို ရှင်းပြချင်တဲ့အခါ (for explaining reason)
.. 
(2.1) As long as you've offered, I accept. (Reason)
ခင်ဗျားက ကမ်းလှမ်းခဲ့တဲ့အတွက် ကျနော် လက်ခံပါတယ်
.
(2.2) As long as you're going, I'll go too.
မင်းသွားမယ်ဆိုမှတော့ ငါလည်း သွားမှာပေါ့
……………………………………………………………………
(3) လျှင်
အခြေအနေ အပေါ်မှာ တည်မှီနေခြင်းကိုဖေါ်ပြဖို့ (for conditional situation)
........
(3.1) I will help you as long as you buy me pizza. (Conditional)
ခင်ဗျား ကျနော့်ကို ပီဇာမုန့်ဝယ်ကျွေးလျှင် ကူညီမယ်
.
(3.2) You can borrow the car SO long as you don’t drive too fast.
မင်းက အရမ်းကြီးမြန်မြန် မမောင်းတဲ့အတွက် ကားငှားယူလို့ ရနိုင်ပါတယ်
(formal ပိုဖြစ်တဲ့ပုံစံတွေမှာ so long as ကို သုံးနိုင်ပါတယ် ။ on condition that အခြေအနေပါ် မူတည်ပြီး လို့ ယူနိုင်တဲ့ အကြောင်းအရာ အတွက်သာ ဖြစ်ပါတယ် )
............................................
(4) အကွာအဝေးအတွက် as long as ကိုမသုံးရပါ ၊ as far as ကို သုံးရပါတယ်
.
I followed him as far as the bridge.
ကျနော် သူ့ကို တံတားအရှည်ရှိသလောက် နောက်ကနေ လိုက်သွားခဲ့ပါတယ်
……………………………..
မေတ္တာဖြင့် 


Post a Comment

0 Comments

Close Menu