AS MUCH AS မှာ အဓိပ္ပါယ်များစွာ
........................
As much as ဟာ အရေအတွက် သဘောတွင်သာမကဘဲ အခြားအဓိပ္ပါယ်များဖြင့်ပါ သုံးလို့ရနေတာကို ရှာဖွေတင်ဆက်ထားပါတယ်
........................................................................
1. The same amount as : သည့်ပမာဏလောက် (များများ)
ရေတွက်မရ (မရေတွက်ရ) နာမ်နှစ်ခုရဲ့ တူညီခြင်းကို နှိင်းယှဉ်ပြရာမှာ သုံးပါတယ်
.
(1.1) She earns AS MUCH AS she does.
သူ(မ)က လုပ်သလောက် ဝင်ငွေများများရပါတယ်
(ဝင်ငွေရတယ်ဆိုတာ..ငွေ money ရတာပဲ ဖြစ်တယ် ၊ လွယ်လွယ်သိနိုင်တာမို့ money ဆိုတဲ့ Noun က မပါဘဲဖြစ်နေတယ်
She earns AS MUCH money AS she does. လို့ရေးတာနဲ့ အတူတူပါပဲ)
.
(1.2) A child's growing brain needs love AS MUCH AS food.
ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးဆဲဦးနှောက်ဟာ အစားအစာလိုအပ်သလောက် ပမာဏများများ ချစ်ခြင်းမေတ္တာလည်း လိုအပ်ပါတယ်
..........................................................................
2. The same degree as : သည့် အတိုင်းအတာလောက်
much ကို quantity အတွက်လည်းသုံးနိုင်သလို degree အတွက်လည်း သုံးနိုင်ပါတယ်
..
(2.1) He likes hockey AS MUCH AS he likes basketball.
သူက ဘေ့စ်ဘောကစားနည်းကို ကြိုက်နှစ်သက်သလောက် ဟော်ကီကစားနည်း ကိုလည်း ကြိုက်နှစ်သက်ပါတယ်
.
(2.2) No one will love him AS MUCH AS I do
ကျမချစ်တဲ့ အတိုင်းအတာလောက် သူ့ကို ဘယ်သူမှ ချစ်မှာမဟုတ်ပါဘူး
ကျမချစ်တဲ့ ပမာဏလောက် သူ့ကို ဘယ်သူမှ ချစ်မှာမဟုတ်ပါဘူး (ဒီလိုယူလည်းရမှာပါပဲ)
..............................................................
(3) even though : သော်လည်းပဲ ၊ ပေမယ့်လည်း
စကားဆက် အဖြစ်လည်း သုံးလို့ရပါတယ်
.
AS MUCH AS I respect him, I still have to disagree with him on this point.
ကျနော်သူ့ကို လေးစား ပေမယ့်လည်း ဒီအချက်မှာတော့ သူနဲ့သဘောမတူဘဲ ရှိနေဆဲပါ
.............................................................
(4) almost (but not quite) : နီးပါး (တိတိပပတော့မဟုတ်)
ဒါကကျတော့ adverb ဖြစ်သွားပါပြီ
.
He AS MUCH AS admitted that it was his fault.
သူ့အပြစ်လို့ ဝန်ခံခဲ့လုနီးပါးပါပဲ (တိတိကျကျ ဝန်ခံခဲ့တာမျိုးတော့ မဟုတ်ပါဘူး)
...........................
သုံးစွဲတဲ့ တည်ဆောက်ပုံ structure တွေက များနေလို့ ယေဘူယျပုံစံ ထုတ်ဖို့ ခက်နေတဲ့အတွက် ၊ သူတို့နောက်ကို မလိုက်နိုင်တော့ပဲ အဓိပ္ပါယ်တွေနောက်ကိုသာလိုက်ပြီး စုချုပ်ပေးလိုက်ရပါတော့တယ် ။ ဒီထက်ပိုတဲ့ တခြားအဓိပ္ပါယ်တစ်ခုခုတွေ့လျှင် ပြောပေးကြပါဦး ..
..
မေတ္တာဖြင့် <3
Credit to ဆရာဝင်းနိုင်ဦး - Win Naing Ooအင်္ဂလိပ်စာစိတ်ဝင်စားသူများ မှ ပြန်လည်ကူးယူဖော်ပြသည်။
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji