အချိန်ပြ၀ိဘတ် မထည့်အပ်သော အသုံးအနှုန်းများ
Expressions with no preposition
……………………………………………..
at, on, in စတဲ့ အချိန်ပြ၀ိဘတ်တွေကို ဟောဒီအောက်က အချိန်ပြအသုံးအနှုန်းတွေမှာ မထည့်ရပါဘူး ..
.
(1) အဲဒါတွေကတော့ Next, last, this, that, one, any, each, every, some, all, yesterday, the day before yesterday, tomorrow, the day after tomorrow,.. တို့ ဖြစ်ကြပါတယ်..
.
နမူနာဝါကျတချို့ကတော့
.
(1.1) See you NEXT week.
နောက်တစ်ပတ်မှာတွေ့မယ်
(1.2) Come ANY time.
ဘယ်အချိန်မဆို လာပါ
(1.3) Are you free THIS morning?
ခင်ဗျား ဒီမနက် အားပါသလား
(1.4) I didn’t feel very well THAT week.
အဲဒီသီတင်းပတ်တုန်းက ကျနော် ကောင်းကောင်း နေမကောင်းခဲ့ဘူး
(1.5) I am at home EVERY evening.
ညနေတိုင်း ကျနော် အိမ်မှာရှိပါတယ်
(1.6) Let’s meet ONE day.
တစ်နေ့မှာ တွေ့ကြပါစို့
(1.7) We stayed ALL day.
ကျနော်တို့ တစ်နေ့လုံး နေခဲ့ကြပါတယ်
(1.8) What are you doing THE DAY AFTER TOMORROW?
သဘက်ခါမှာ ခင်ဗျား ဘာလုပ်မှာလဲ (ဘာလုပ်ဖို့ အစီအစဉ်ရှိသလဲ)
…………………………….
(2) What/ Which တို့နဲ့စတဲ့ မေးခွန်းတွေမှာ ထည့်ဖို့ မလိုပါဘူး ၊ အဖြေမှာလည်း အချိန်ဖေါ်ပြချက်ပဲ ပါရမယ်လို့ ဆိုပါတယ်
Prepositions are usually dropped in questions beginning “What/Which + Expression of time”, and in answers which only contain an expression of time.
.
(2.1) WHAT DAY is the meeting?
အစည်းအဝေးက ဘယ်နေ့လဲ
(2.2) WHICH WEEK did you earn the greatest amount of money?
ဘယ်သီတင်းပတ်မှာတုန်းက ပိုက်ဆံပမာဏ အများဆုံးဝင်ငွေရခဲ့ပါသလဲ
(2.3) WHAT TIME are you leaving? ~ Eight o’clock.
ခင်ဗျား ဘယ်အချိန် သွားမှာလဲ (ထွက်ခွာမှာလဲ) ။ ရှစ်နာရီ ပါ ။
……………
Source : Practical English Usage
.
မေတ္တာဖြင့်
Copy from https://www.facebook.com/photo.php?fbid=1494812520580317&set=gm.1150717818361219&type=3
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji