Ad Code

Responsive Advertisement

Log in Password ဖြုတ်လုပ်နည်း


 အခု လောလောဆယ်လူသုံးအတော်များလာတဲ့ Windows 10 မှ Log in
Password ကို ဖျောက်နည်းလေး တင်ပေးလိုက်ပါတယ်။
ဖုန်းဆက်ပြီး မကြာခဏမေးနေတဲ့ ညီငယ်များအတွက်ရော၊ကျန်မသိသေး
တဲ့သူတွေအတွက်ပါ ဒီပို့စ်လေးကိုရေးဖြစ်လိုက်တာပါ။
(အလျဉ်းသင့်သလို Windows 10 Speed Up လုပ်နည်း၊ဘယ်လို Antivirus
ဆော့ဝဲသုံးသင့်သလဲ၊မြန်မာစာမှန်ကန်အောင်ဘယ်လိုပြုပြင်မလဲဆိုတာလေး
တွေကို ပို့စ်အဖြစ် တင်ပေးသွားပါမှာ။)
Windows 10 သုံးတဲ့သူအတော်များများ ကွန်ပြူတာဖွင့်လိုက်ရင် Log in
ဝင်ဘို့ Password ရိုက်ရတာကိုအတော်စိတ်ပျက်တတ်ကြပါတယ်။ဘယ်လို
ဖျောက်ရမလဲ မသိတော့ တခါဖွင့်တခါ Password ရိုက်ဖြစ်နေကြပါတယ်။

 အဆင့်(၁)
ပထမဆုံး အနေနဲ့ Windows 10 ရဲ့ Run(Search Box) မှာ netplwiz လို့
ရိုက်လိုက်ပါ။တက်လာတဲ့ netplwiz ကိုကလစ်ပါ။(ပုံကိုကြည့်ပါ)


 အဆင့်(၂)
ဖွင့်လိုက်တဲ့ netplwiz ဘောက်မှ ပုံမှာပြထားတဲ့အမှန်ခြစ်လေးကို ဖြုတ်
လိုက်ပါ။ပြီးရင် Apply ကိုကလစ်ပါ။


 အဆင့်(၃)
အောက်က ပုံမှာမြင်ရတဲ့အတိုင်း အခုလက်ရှိသုံးနေတဲ့ User Name နဲ့
Password ကို ရိုက်ပါ။ပြီးရင် OK ကိုကလစ်ပါ။ပြီးရင်အဲဒီဘောက်ကိုပိတ်
လိုက်ပါ။

Restart (သို့မဟုတ်) Shutdown လုပ်ပြီး ကွန်ပြူတာကိုပြန်ဖွင့်ကြည့်ပါ။
User Name နာမည်ပေါ်လာပြီး Password ရိုက်စရာမလိုဘဲ အော်တိုပွင့်
တာကိုတွေ့ရမှာပါ။

Post a Comment

0 Comments

Close Menu