Ad Code

Responsive Advertisement

ထောပတ်ဘိန်းမုန့်

မောင်(စွယ်စုံကျမ်း)'s photo.
ထောပတ်ဘိန်းမုန့်
============
ဆန်မှုန့် ၁ခွက်ကော်ဖီခွက်
ဂျုံမှုန့် ၁/၂ခွက်
သကြား ၁ခွက်
ရေ ၁ခွက်ခွဲ
ယိစ် ကော်ဖီဇွန်းတဝက်
မြေပဲလှော် ၂ထမင်းစားဇွန်း
ဘိန်းစေ့ ၁ထမင်းစားဇွန်း
ထောပတ် ၄ထမင်းစားဇွန်း
ဆန်မှုန့်၊ ဂျုံမှုန့်ယိစ်ကိုရောမွှေထားပါ
သကြားကိုရေ ၁ခွက်ထည့်ကျိုပါ
ရောနယ်ရမည့်ရေပမာဏကသကြားရေ
နှင့်ရေအားလုံးအရော၁ခွက်ခွဲဖြစ်ရပါ
မည်
အားလုံးရောမွှေပါရေအစား(နွားနို့သုံးနိုင်
ပါသည်)ဇကာဖြင့်စစ်ချပေးပါ
မုန့်ရည်ကိုလေလုံဘူးဖြင့်ထည့်ပါ၎နာရီ
ကြာထားပေးပါ
မုန့်ဘန်းကိုထောပတ်ရည်၂ဇွန်းသုပ်ပေး
ပါမုန့်ရည်ထဲကိုထောပတ်၂ဇွန်းထည့်မွှေ
ပေးပါပြီးမှဘန်းထဲသို့မုန့်ရည်လောင်း
ထည့်ပါမြေပဲလှော်ထောင်းဖြူးပါဘိန်းစေ့
ဖြူးပါ
၁၇၀°C အပူပေးထားသောOven မှာ
အလည်မှာထည့်၍အဖုံးအုပ်ပြီး၂၅မိနစ်
ထားဖုတ်ပေးပါ
ပွပွအိအိဘိန်းမုန့်လေးရပါမယ်
ထောပတ်ရည်လေးမုန့်အပေါ်သုတ်ပေး
ပါကပိုမွှေးပါတယ်ရှင်
မုန့်ရည်ပိုထူရင်တော့အချိ န်ပိုထားပေးပါ
အဆင်ပြေပြေလုပ်စားနိင်ကြပါစေ
Credit...သားသားကြိုက်ကြိုက်မေမေ့လက်ရာ
မောင်(စွယ်စုံကျမ်း)Facebookမှ ပြန်ကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu