Ad Code

Responsive Advertisement

နေ့စဉ်သုံးအင်္ဂလိပ်စကားစုများအပိုင်း (၁၈) Acuity English Language Center

နေ့စဉ်သုံးအင်္ဂလိပ်စကားစုများအပိုင်း (၁၈)
နေ့စဉ် အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားစု (Phrases) ဒီတစ်ပတ်မှာတော့ လောယာဉ်စီးပြီး ခရီးသွားတဲ့ အကြောင်းများကို ဆက်လက်ရေးသား လိုက်ပါသည်။ ဖော်ပြထားသော ဥပမာဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွားကာ အသုံးပြုနိုင် ပါသည်။
I booked on the internet - အင်တာနက်က လက်မှတ် ကြိုမှာထားတာ
Do you have your booking reference? - ခင်ဗျားမှာ ကြိုတင်မှာထားတဲ့ အထောက်အထား ရှိလား
Your passport and ticket, please - နိုင်ငံကူးလက်မှတ် နဲ့ လက်မှတ် တစ်ဆိတ်လောက်
Here's my booking reference - ဒါက ကျွန်တော် ကြိုမှာထားတဲ့ အထောက်အထား တွေပါ
Where are you flying to? - ဘယ်ကို သွားမှာလဲ
Did you pack your bags yourself? - အိတ်က ကိုယ်တိုင်သယ်သွားမှာလား
Do you have any liquids or sharp objects in your hand baggage? -
ခင်ဗျားရဲ့ ခရီးဆောင်အိတ်ထဲမှာ အရည် နဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေမှာ ပါသလား
How many bags are you checking in? - အိတ် ဘယ်နှစ်လုံး စာရင်းသွင်းမှာလဲ
Could I see your hand baggage, please? -
ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ခရီးဆောင်လက်ကိုင်အိတ်ကို ကြည့်လို့ရမလား
Do I need to check this in or can I take it with me? -
ဒါကို စာရင်းသွင်းဖို့ လိုသလား ဒါမှမဟုတ် ကျွန်တော်နဲ့ အတူ ယူသွားလို့ ရလား
You'll need to check that in - ခင်ဗျား အဲဒါကို စာရင်းသွင်းဖို့ လိုတယ်
There's an excess baggage charge of £30 -
ခင်ဗျားရဲ့ အပို ခရီးဆောင်အိတ်အတွက် ပေါင်- ၃၀ ကျပါတယ်
Would you like a window or an aisle seat? - ပြတင်းပေါက် ဘေးက ခုံဒါမှ မဟုတ် မင်းလမ်းဘေးက ခုံကို ဘယ်ခုံကို ကြိုက်ပါသလဲ
Enjoy your flight! - ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ပါစေ
ဖော်ပြပါ စကားစုတွေက လေဆိပ်ရဲ့ Check In မှာ ပြောဆို သုံးနှုန်းတဲ့ စကားတွေပါ။ အထုပ်အပိုး၊ ခရီးဆောင်အိတ် စတာတွေကို US က baggage လို့သုံးပေမယ့် UK ကတော့ luggage လို့သုံ့းပါတယ်။ နောက်ဆုံး ဆုတောင်းတဲ့ စကားက လေယာဉ်ခရီးစဉ်ဖြစ်လို့ Enjoy your flight! လို့သုံးတာပါ … ခရီးစဉ် အမျိုးမျိုးအတွက် အဆင်ပြေအောင်သုံးချင်ရင်တော့ Enjoy your trip! လို့သုံးနိုင်ပါတယ် … ။
Are you carrying any liquids? - ခင်ဗျား အရည်တွေဘာတွေ သယ်လာသေးလား -
Please empty your pockets - ကျေးဇူးပြုပြီး အိတ်ကို အကုန်ထုတ်ပြပါ
Please take your laptop out of its case - လက်(ပ်)တော့ ကို အိတ်ထဲက ထုတ်ပြပါ
I'm afraid you can't take that through - အားတော့နာပါတယ် .. ဒါက သယ်သွားလို့မရဘူး
ဖော်ပြပါ စကားစုတွေ ကတော့ Security မှာ ပြောဆိုလေ့ရှိတဲ့ စကားစုတွေပါ … ။ အဲဒီအထဲမှာ empty ဆိုတဲ့ စကားလုံးက အသုံးအနှုန်း နည်းနည်း စိမ်းနိုင်ပါတယ်၊ အတွေ့ရများတာကတော့ empty ကို Adj အနေနဲ့ တွေ့ရတတ်ပါတယ်။ အပေါ်မှာ တွေ့ခဲ့ရတဲ့ empty ကတော့ verb အနေနဲ့ သုံးထားတာပါ။ ရှိတာအကုန်လုံးကို သွန်လိုက်တာ၊ ထုတ်လိုက်တာကို ပြောချင်တာပါ။ ဥပမာ - Empty the dust-bin. ဆိုရင် အမှိုက်ပုံးကိ သွန်ခိုင်းတာပါ၊ Empty your pocket.ဆိုရင် အိတ်ထဲမှာ ရှိတာ အကုန်ထုတ်ခိုင်းတာပါ။
What's the flight number? - လေယာဉ်ခရီးစဉ် အမှတ်က ဘယ်လောက်ပါလဲ
Which gate do we need? - ဘယ်ဂိတ်ကို သွားဖို့ လိုလဲ
The flight's been delayed - လေယာဉ်ခရီးစဉ်က ကြာနေတယ် (နှောင့်နှေး/ကြန့်ကြာ)
The flight's been cancelled - လေယာဉ်ခရီးစဉ် ဖျက်သိမ်းလိုက်တယ်
We'd like to apologise for the delay - ခရီးစဉ် ကြန့်ကြာမှုအတွက် တောင်းပန်ပါရစေ
Could I see your passport and boarding card, please? -
ကျေးဇူးပြုပြီး နိုင်ငံကူးလက်မှတ် နဲ့ လေယာဉ်ပေါ်တက်ခွင့်လက်မှတ်လေး တစ်ဆိတ်လောက် ကြည့်လို့ရမလား
ဖော်ပြပါစကားစုတွေကတော့ Departure Lounge မှာ ပြောလေ့ရှိတဲ့ စကားစုတွေပါ … ။ လောယဉ်ပေါ် တက်ခွင့်လက်မှတ်ကို boarding card လို့ ခေါ်သလို boarding pass လို့လဲ သုံးနှုန်းတာ တွေ့ရပါတယ်။
What's your seat number? - ခင်ဗျားရဲ့ ထိုင်ခုံနံပါတ်က ဘယ်လောက်ပါလဲ
Could you please put that in the overhead locker? -
အဲဒါကို ကျေးဇူးပြုပြီး အပေါ်က ဗီရိုထဲကို ထည့်ပေးပါလား
Please pay attention to this short safety demonstration -
ကျေးဇူးပြုပြီး ဘေးအန္တရာယ်ကင်းရှင်းရေး သရုပ်ပြတာကို အာရုံစိုက်ပေးပါ
Please turn off all mobile phones and electronic devices -
ကျေးဇူးပြုပြီး မိုဘိုင်း(လ်)ဖုန်းများ နဲ့ လျှပ်စစ်ပစ္စည်များကို ပိတ်ထားပေးပါ
The captain has switched on the Fasten Seatbelt sign –
လောယာဉ်မှူးက ထိုင်ခုံခါးပတ် ပတ်ရမယ့် အချက်ပြမီးကို ဖွင့်လိုက်တယ်
The captain has turned off the Fasten Seatbelt sign -
လောယာဉ်မှူးက ထိုင်ခုံခါးပတ် ပတ်ရမယ့် အချက်ပြမီးကို ပိတ်လိုက်တယ်
How long does the flight take? - ဒီ လေကြောင်းခရီးစဉ်က ဘယ်လောက်ကြာမှာလဲ
Would you like any food or refreshments? -
ခင်ဗျား အစားအသောက်တစ်ခုခု ဒါမှမဟုတ် အဆာပြေတစ်ခုခု လိုအပ်ပါသလား
We'll be landing in about fifteen minutes - ၁၅ မိနစ်လောက်ဆိုရင် လေယာဉ် ဆင်းတော့မယ်
Please fasten your seatbelt and return your seat to the upright position -
ကျေးဇူးပြုပြီး ထိုင်ခိုင်ခါးပတ်ကို ပတ်ထားပြီး ထိုင်ခုံကို တည့်တည့်ပြန်ထားပေးပါ
Please stay in your seat until the aircraft has come to a complete standstill and the Fasten Seatbelt sign has been switched off
ကျေးဇူးပြုပြီး လေယာဉ် လုံးဝရပ်သွားတဲ့အထိ ထိုင်နေပြီး ထိုင်ခုံခါးပတ်ကို အချက်ပြမီး ပိတ်သွားတဲ့ အထိ ပတ်ထားပေးပါ
The local time is 9:34pm - ဒေသစံတော်ချိန် အရ ၉-နာရီ ၃၄-မိနစ်ပါ
အထက်ဖော်ပြပါ စကားစုတွေကတော့ လေယာဉ်ပေါ်ရောက်နေတဲ့ အခါ ပြောကြတဲ့ စကားစု တွေပါ။ အဲဒီအထဲက မှ locker ဆိုတဲ့စကားလုံးကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရင် ဗီရိုလို့ ပြောနိုင်ပေမယ့် တော်တော်များများကတော့ လော့(ခ်)ကာ လို့ပဲ တိုက်ရိုက်ရိုက် မွေးစားပြီး သုံးနေကြတာ ကို တွေ့ရပါတယ် … ။
Arrivals - ဆိုက်ရောက်
Departures - ထွက်ခွာ
Domestic flights - ပြည်တွင်း လေကြောင်းများ
Tax free shop - အခွန်လွတ် ဆိုင်
Duty free shop - အခွန်လွတ် ဆိုင်
Customs - အကောက်အခွန်
Departures board - ထွက်ခွါပြ ဆိုင်းဘုတ်
Arrivals board - ဆိုက်ရောက်ပြ ဆိုင်းဘုတ်
Now boarding - လေယာဉ်ဆင်းနေပြီ
ဒါတွေကတော့ လေဆိပ်တွေမှာ တွေ့ရများတဲ့ Sign တွေထဲက သိသင့်တဲ့ အရာလေးတွေကို ထုတ်နှုတ် ဖော်ပြပေးထားတာပါ။ နောက်တစ်ပတ်မှာတော့ ရေကြောင်းခရီးသွားလာခြင်း နဲ့ ပတ်သက်ပြီး ရေးပါဦးမယ် … ။
“လွယ်လွယ်ကူကူအင်္ဂလိပ်စကားပြောနိုင်ကြပါစေ … ”
အောင်ကိုဦး(UMK)
Be the Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu