Ad Code

Responsive Advertisement

Birth, Marriage and Death


လူတစ်ယောက်ဖြစ်လာပြီဆိုရင်တော့
Birth = မွေးဖွားခြင်း၊
Marriage = လက်ထပ်ခြင်း၊
Death = သေဆုံးခြင်း. ဆိုတဲ့ အရာတွေနဲ့ တွေ့ကြုံရမှာပဲလေ....
လူတိုင်းအတွက် မသိမဖြစ်လေးတွေ တင်ပေးလိုက်ပါတယ် ။

Birth
++++
နေ့စဉ်သုံး English မှာတော့...
သူမကိုယ်ဝန်ရှိနေပြီဆိုရင်...
-She is having a baby လို့သုံးတယ်။
နောက်ပြီးတော့ ကလေးမွေးတော့မယ်
ဆိုရင်လဲ ...
-She is going to have a baby soon လို့ သုံးပြန်ရော။
အဲ....မွေးပြီးပြီဆိုရင်တော့.....
-She had a baby yesterday.
သူမ မနေ့က ကလေးတစ်ယောက်မွေး
ခဲ့တယ်လို့ သုံးတယ်...
- It was born at 1 o' clock this morning.
ဒီမနက် ၁နာရီက မွေးတာပါ။
- It weighted 3 kilograms.
ကလေးက ၃ kg ရှိတယ်လေ...
- They are going to call him
Jhon.
ကလေးကို ဂျွန် လို့ ခေါ်ကြတယ်လေ။
Marriage
+++++++
နောက်တစ်ခုကတော့..marriage ဆိုတဲ့ အိမ်ထောင်ပြုခြင်းပဲ ဖြစ်ပါတယ်။
ချွင်းချက်အနေနဲ့တော့ bachelor ( လူပျိုကြီး) ၊ spinster ( အပျိုကြီး) ဘယ်လိုမှ မျှော်လင့်ချက်မရှိတဲ့သူတွေ အတွက်တော့ မပါဘူးပေါ့...grin emoticon grin emoticon
- If you do not have a partner,
you are single.
partner မရှိသေးရင်တော့ single ပေါ့
- If you have a husband or wife,
you are married.
ခင်ပွန်း၊ဇနီး ရှိရင်တော့ အိမ်ထောင်သည်ပေါ့.
- If your husband or wife dies,
you are widowed.
တစ်ယောက်ယောက်ဆုံးသွားရင်တော့ မုဆိးဖို၊ မုဆိုးမ ပေါ့။
- If your marriage breaks up,
you are separated/ divorced.
အကယ်၍များ သဘောထားမတိုက်ဆိုင်လို့ ကွာရှင်းလိုက်ပြီဆိုရင်တော့ တစခုလပ် ဖြစ်ပြီပေါ့..
(တစ်ခုတော့ ကြိုပြောထားပါရစေ။ မြန်မာလူမျိုးတွေက စကားကြွယ်ပါတယ်၊ တစ်ခုလပ်တို့၊ နှစ်ခုလပ်တို့၊ သုံးခုလပ်တို့ ..
စုံနေတာပဲ။ english မှာတော့ ဘယ်နှခါပဲလပ်လပ် ( separated or divorced) ပါပဲ )
သတိုးသားကိုတော့ groom လို့ ခေါ်ပြီး
သတိုးသမီးကိုတော့ bride လို့ခေါ်ပါတယ်။ဥပမာဝါကျတွေ အနေနဲ့ဆိုရင်တော့
- Bill and Sarah got married.
Bill နဲ့ Sarah အိမ်ထောင်ပြုလိုက်ကြတယ်။
**** အရေးတကြီး ပြောစရာတစ်ခုရှိပါတယ်။ အများထင်တာကတော့ Bill က
Sarah နဲ့ အိမ်ထောင်ပြုလိုက်တယ်ဆိုရင် (Bill got married WITH Sarah) လို့ထင်ကြပါတယ်။ လုံးဝမှားပါတယ်။ အမှန်ဆိုရင်တော့...[ Bill got married TO Sarah ] လို့ သုံးပေးရပါမယ်။
- They got married in church.
church မှာ လက်ထပ်ခဲ့ကြတယ်။
-.They went on honeymoon to
Italy.
သူတို့ Italy ကို honeymoon ထွက်ခဲ့ကြတယ်။
နောက်ဆုံးတစ်ခုကတော့ လူတိုင်းရှောင်လွှဲလို့ မရတဲ့ Death ပေါ့။
Death
+++++
သူသေသွားပြီဆိုရင်တော့ He is dead
လို့သုံးတယ်။
-He died last year .
သူမနှစ်ကဆုံးတယ်။
- He is dying.
သေလုမျောပါး ဖြစ်နေတယ်။
He's still alive ( အလိုက်f လို့ဖတ်ပါ
သူအသက်ရှိသေးတယ်။
- He died on the spot ဆိုတာကတော့ ပွဲချင်းပြီးကို ပြောတာပါ။
သေပုံသေနည်းကတော့ အကုန်ပဲ..
နောက်ဆုံးအနေနဲ့ အသုဘ အခမ်းအနားကိုတော့ The funeral လို့ ခေါ်ပါတယ်။
English စာနဲ့ ပတ်သတ်လို့ မေးချင်တာများရှိရင်လဲ message box ကနေ
ဝင်မေးလို့ရပါတယ်။
အစစအရာရာ အဆင်ပြေကြပါစေ ။
ဆရာအန်တို
Sayar WinNaingOo Facebook မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu