Ad Code

Responsive Advertisement

သမ္မတဓာတ်ပုံ သန့်စင်ခန်းအတွင်း ချိတ်ဆွဲသည့် ကျောင်းအုပ်ကြီးကို ခုံရုံးဖွဲ့စစ်ဆေး

ယင်းမာပင်ခရိုင်၊ ညောင်ပင်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းရုံးခန်းအတွင်းရှိ နိုင်ငံတော်သမ္မတ ဓာတ်ပုံကို သန့်စင်ခန်းအတွင်း ချိတ်ဆွဲခဲ့သည့် ကျောင်းအုပ်ကြီးကို သက်ဆိုင်ရာပညာရေးဌာနက ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
‘‘ကျောင်းအုပ်ကြီးကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ရဲစခန်းမှာတော့ အမှုဖွင့်ထားတာ မရှိသေးဘူး။ မိခင်ဌာနဖြစ်တဲ့ ပညာရေးဌာနကတော့ ခုံရုံးအဖွဲ့နဲ့ စစ်ဆေးနေတယ်’’ဟု ကနီမြို့မရဲ တပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူးစိုး မြင့်ကပြောကြားသည်။
ကနီမြို့နယ် ဇီးပင်တွင်းကျေး ရွာအုပ်စု ညောင်ပင်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးသည် ကျောင်းရုံးခန်းအတွင်းရှိ နိုင်ငံ တော်သမ္မတ၏ဓာတ်ပုံကို ဆရာ၊ ဆရာမများအသုံးပြုသည့် သန့် စင်ခန်းအတွင်း ချိတ်ဆွဲထား ကြောင်း သတင်းအရ ဇွန်လ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲတွင်သက် ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။
‘‘မြို့နယ်စီမံခန့်ခွဲမှုကော်မ တီ အတွင်းရေးမှူး၊ မြို့နယ်ပညာ ရေးမှူး၊ ကနီမြို့နယ် မြို့မရဲစခန်း မှူးနဲ့ တာဝန်ရှိသူတွေ သွားစစ် တာတွေ့ရတယ်။ ကျောင်းအုပ်ဆရာကြီးက ကျောင်းဆောင်ဆောက် လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရပ်ရွာ နဲ့ သိပ်အဆင်မပြေဘူး။ ဘာ ကြောင့် ဒီလိုလုပ်တယ်ဆိုတာ တော့ မသိဘူး’’ဟု အဆိုပါဖြစ်စဉ် ကို သွားရောက်လေ့လာခဲ့သည့် ကနီမြို့ ဒေသခံတစ်ဦးကပြော ကြားသည်။
စစ်ဆေးရေးအဖွဲ့သည် သန့် စင်ခန်းအတွင်းချိတ်ဆွဲထားသည့် ဓာတ်ပုံကိုမှတ်တမ်းဓာတ်ပုံရိုက် ကူးပြီးနောက် ညောင်ပင်သာကျေးရွာ တောတိုက်တာဝန်ခံ၊ ကျောင်း ကော်မတီအဖွဲ့ဝင်များနှင့်ကျောင်းရှိ ဆရာ၊ ဆရာမများကို စစ်ဆေးခဲ့သည်။
စစ်ဆေးရေးအဖွဲ့များရောက် ရှိချိန်တွင် ကျောင်းအုပ်ဆရာကြီး မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ကျောင်းရှိဆရာ၊ ဆရာမများကို စစ်ဆေးချက်အရ ကျောင်းအုပ်ဆရာကြီးသည် နိုင်ငံတော်သမ္မတ၏ ဓာတ်ပုံကို သန့်စင်ခန်း အတွင်း၌ ဇွန်လ ၂၄ ရက်နံနက် ၉ နာရီတွင် ချိတ်ဆွဲထားခဲ့ကြောင်း ပေါ် ပေါက်ခဲ့သည်ဟု သက်ဆိုင်ရာရဲ မှတ်တမ်းများက ဖော်ပြသည်။
ထွက်ပြေးတိမ်းရှောင်သွား သော ကျောင်းအုပ်ဆရာကြီးကိုခုံ ရုံးဖွဲ့စစ်ဆေးအရေးယူရန် တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သတင်းရ ရှိသည်။
http://www.7daydaily.comမှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu