Ad Code

Responsive Advertisement

လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံးများ (၇) by AELC



လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံးများအနေနဲ့ ဒီတစ်ပတ်မှာ တော့ လုပ်ငန်းခွင်မှာ ပစ္စည်း ပစ္စယတွေ ပြုပြင်ထိန်းသိမ်းတာနဲ့ ပတ်သက်တဲ့ စကားလုံး အသုံးအနှုန်းများ ကို ရေးသားလိုက်ပါတယ်။

• check (v) - စစ်ဆေးသည်။eck something; check something for something, a mistake, an error စတဲ့ ပုံစံများနဲ့ အသုံးပြုနိုင်ပါတယ် … ။

- They check the machine every month.
သူတို့က စစ်ကို လစဉ် စစ်ဆေးတယ်။

- I checked the letter for mistakes.
ကျွန်တော် စာမှာ အမှားတွေကို စစ်ဆေးခဲ့တယ်။

(ဒါ့အပြင် check ကို ချက်လက်မှတ် ဆိုတဲ့ အသုံးနဲ့လည်း သုံးနိုင်ပါတယ်၊ UK က cheque လို့ပေါင်းပြီးတော့ US ကတော့ check လို့ စာလုံးပေါင်းပါတယ်။)

• out of order (v) – (စက်/ ပစ္စည်း စသည်) ချို့ယွင်းသည်၊ ပျက်သည်။
something is out of order စသည့် ပုံစံဖြင့် သုံးနိုင်ပြီး ဆန့်ကျင်ဖက် စကားလုံးမှာ be in working order ဖြစ်ပါတယ်။

- We couldn’t buy a ticket because the ticket machine was out of order.
လက်မှတ်ရောင်းတဲ့ စက်က ပျက်နေလို့ ကျွန်တော်တို့ လက်မှတ် ဝယ်လို့မရပါ။

- After the repairs, the machine was in perfect working order.
ပြန်လည်း ပြင်ပြီးသွားရော စက်က လုံးဝကောင်းသွားပြီ။

• fix (v) - တပ်ဆင်သည်၊ ပြုပြင်သည်။
fix something; ix something somewhere, to something, on something; fix something (on) with something စသည့် ပုံစံများဖြင့် သုံးပါတယ်။

- I fixed a shelf on the wall.
နံရံပေါ်မှာ စင်တစ်စင်ကို ကျွန်တော်တပ်ဆင်ခဲ့တယ်။

- We fixed it with screws.
ကျွန်တော်တို့ အဲဒါကို ဝက်အူနဲ့ တပ်ဆင်ခဲ့တယ်။

• remove (v) - ဖယ်ရှားသည်။
remove something; remove something from something စတဲ့ ပုံစံများနဲ့ အသုံးပြုနိုင်ပါတယ်။

- Before fitting the new carpet, they had to remove all the chairs from the room.
ကော်ဇော အသစ်မခင်းခင် သူတို့ အခန်းထဲမှာ ရှိတဲ့ ကုလားထိုင်တွေကို အားလုံး ဖယ်ရမယ်။

• work (v) - အလုပ်လုပ်သည်။
work ကို လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က တစ်နေရာရာမှာ အလုပ်လုပ်တာကို သုံးသလို စက်/ပစ္စည်း တစ်ခုခု၊ အစီအစဉ် အကြောင်းအရာတစ်ခုခု အလုပ်ဖြစ်တာကိုလည်း သုံးပါတယ်။

something works, doesn’t work; work well, correctly, badlyစတဲ့ ပုံစံများနဲ့ အသုံးပြုနိုင် ပါတယ်။

- The coffee machine doesn’t work.
ကော်ဖီဖျော်စက်က အလုပ်မလုပ်ဘူး။

- Did your plan work?
မင်းရဲ့ အစီအစဉ်က အလုပ်ဖြစ်ရဲ့လား

• da.mage (v) – ပျက်စီးသည်
damage something; be damaged စသည့် ပုံစံများဖြင့် သုံးပါတယ်။

- The men damaged the goods when they unpacked them.
အထုတ်ဖောက်တဲ့အခါ ကုန်ပစ္စည်းတွေကို လူကြီးက ပျက်စီးစေတယ်။

- The goods were damaged when we received them.
ကျွန်တော်တို့ လက်ခံရရှိတဲ့အခါ ကုန်ပစ္စည်းတွေက ပျက်စီးနေတယ်။

• repair (v) - ပြုပြင်သည်။
repair something; be repaired စသည့် ပုံစံများဖြင့် သုံးပါတယ်။ fix နဲ့ အဓိပ္ပာယ်တူပါတယ်။

- We found the problem in the motor and repaired it.
ကျွန်တော်တို့ မော်တာမှာ တစ်ခုခုဖြစ်နေတာကို တွေ့ပြီး ပြင်လိုက်တယ်။

- Have you repaired your car yet?
မင်းရဲ့ကားကို ခုထက်ထိ မပြင်ရသေးဘူးလား

• maintain (v) - ထိန်းသိမ်းသည်။
maintain something, a machine, standards; be (well) maintained; စတဲ့ ပုံစံများနဲ့ အသုံးပြုနိုင်ပြီး noun ကတော့ maintenance ဖြစ်ပါတယ်။

- The roads in the area are well maintained.
ဒီဧရိယာမှာရှိတ့ လမ်းတွေက ကောင်းကောင်း ထိန်းသိမ်းထားတယ်။

- We have to maintain a good relationship with our customers.
ဖောက်သည်တွေန့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ ထိန်းသိမ်းရမယ်။

• assemble (v) - (စက်ပစ္စည်းစသည်) တပ်ဆင်သည်။assemble something, a machine, furniture စတဲ့ ပုံစံများနဲ့ အသုံးပြုနိုင်ပြီး noun ကတော့ assembly ဖြစ်ပါတယ်။ ဆန့်ကျင်ဖက် စကားလုံးကတော့ disassemble ဖြစ်ပါတယ်။

- We deliver furniture but the customer has to assemble it himself.
ကျွန်တော်တို့က ပရိဘောဂပစ္စည်းတွေကို ဖော်သည်တွေဆီ ပို့ဆောင်ပေးပါတယ်၊ ဒါပေမယ့် တပ်ဆင်မှု အပိုင်းက တော့ သူတို့ ကိုယ်တိုင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

- Before moving it, the machine should be disassembled.
မရွှေ့ခင် စက်ကို ဖြုတ်သင့်တယ်။

“ လုပ်ငန်းခွင်မှာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ …… ”

Post a Comment

0 Comments

Close Menu