Ad Code

Responsive Advertisement

ဇူလိုင် ၂၀ရက်မှစ၍ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များကို ငွေကြေးကောက်ခံခွင့်မပြုတော့ဟုဆို

အာရှလမ်းမကြီးတစ်စိတ်တစ်ပိုင်း ဖြစ်သော မြ၀တီ−ကော့ကရိတ် လမ်းပိုင်း တစ်နေရာ -ဓာတ်ပုံ- မောင်ကျော်(ကော့ကရိတ်)
 အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းကို ဇူလိုင်  ၂၀ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနေ့မှစကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ    ငွေ ကြေးကောက်ခံခြင်းခွင့်မပြုတော့ ကြောင်း ကရင်ပြည်နယ်အစိုးရအ ဖွဲ့မှ သတင်းရရှိသည်။
မြ၀တီ(သင်္ကန်းညီနောင်)မှ ကော့ကရိတ်မြို့အထိ အာရှလမ်း မကြီးအပိုင်းတွင် အသုံးပြုနေ သည့် ယာဉ်များကို KNU၊ DKBA နှင့် KNU/KNLA-PCတို့က စု ပေါင်းဂိတ်ဖွင့်ကာ ကောက်ခံနေ ပြီး ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်ရင်းတစ်ခုကလည်း ဂိတ်တစ်ခုဖွင့်ကာကောက်ခံနေ သည်။ အာရှလမ်းမကြီးကို တရားဝင်ဖွင့်လှစ်ပြီးပါက ဒေသတွင်းတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ဆက်လက်မကောက်ခံ ရန် တောင်းဆိုထားကြောင်း က ရင်ပြည်နယ်အစိုးရအဖွဲ့ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
‘‘ဖွင့်ပြီးတာနဲ့ အာရှလမ်းမ ကြီးမှာ လက်နက်ကိုင်အဖွဲ့အ စည်းတစ်ယောက်မှ မထားတော့ ဘူး။ ရဲလုံခြုံရေးပဲထားတယ်။ အဲ ဒီအပိုင်းကို ပြည်နယ်အစိုးရအဖွဲ့  နဲ့ ဟိုနေ့က အစည်းအဝေးလုပ်ပြီး ဒါကိုချမှတ်တယ်။ အသေးစိတ် တော့ ညှိနှိုင်းနေတုန်းပဲ’’ဟု ၎င်း က ပြောသည်။
အာရှလမ်းမကြီးပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  များကို ငွေကြေးကောက်ခံသည့် ကိစ္စနှင့် ယင်းလမ်းပိုင်းအကြောင်း ဆွေးနွေးရန် ကရင်ပြည်နယ်အစိုး ရအဖွဲ့နှင့်ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဇူလိုင် ၃၀ရက်တွင် တွေ့ဆုံရန် စီစဉ်ထား ကြောင်းဒီကေဘီအေကလို့ထူး ဘောစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောမောင်လေးကပြောသည်။
‘‘အဲဒီအဖွဲ့တွေငွေကြေး ကောက်နေတဲ့ကိစ္စကလည်း အ ဖွဲ့ရဲ့ စားဝတ်နေရေးနဲ့ပတ်သက် နေတယ်။ အဲဒီလို စားဝတ်နေရေး နဲ့ပတ်သက်နေတော့ သူတို့(အစိုး ရ)ဘက်က တစ်နည်းနည်းနဲ့ဖြေ ရှင်းပေးမယ်ဆိုရင် လက်သင့်ခံဖို့ အခြေအနေရှိပါတယ်’’ဟု ဗိုလ် မှူးကြီးစောမောင်လေးက ပြော သည်။
ကရင်ပြည်နယ်   နယ်ခြား စောင့်တပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦး က နေပြည်တော်မှ   ညွှန်ကြားချက် ဟုဆိုကာ ဒေသတွင်းလက်နက် ကိုင်အဖွဲ့များကို     ငွေကြေး ကောက်ခံမှုပိတ်ပင်လိုက်သည်ဟု သတင်းကြားရကြောင်းပြော သည်။
‘‘အာဆီယံလမ်းမကြီးတစ်ခု ဖြစ်ပြီဆိုတော့ လက်နက်ကိုင်အ ဖွဲ့အစည်းတွေမရှိသင့်တော့ဘူး ဆိုပြီး နေပြည်တော်က အဲဒီလို ညွှန်ကြားတယ်လို့သိရတယ်’’ဟု ၎င်းကပြောသည်။
ငွေကြေးကောက်ခံနေသည့် နယ်ခြားစောင့်တပ်မှာ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့တစ်ခုလုံးကို ကိုယ်စားမပြုဘဲ သီးခြားကောက်ခံနေခြင်းဖြစ်ကြောင်းပြောသည်။
ယင်းလမ်းပိုင်းတွင် ပြီးခဲ့ သည့် မေလ ၂၅ရက်က ကရင် ပြည်နယ်ဝန်ကြီးချုပ်နှင့် သံဃ နာယကဆရာတော်များလိုက်ပါ လာသည့် ယာဉ်တန်းကို အာရှ လမ်းပေါ်တွင် ဒီကေဘီအေအဖွဲ့ က နှစ်နာရီခန့်ကြာအောင်တား ဆီးစစ်ဆေးခဲ့သောကြောင့် ရှုပ် ထွေးမှုများဖြစ်ပွားခဲ့ပြီး ဒေသ တွင်းလက်နက်ကိုင်တပ်ဖွဲ့ချင်း တင်းမာမှုကြောင့်လည်း ပစ်ခတ် မှုမကြာခဏဖြစ်ပွားလေ့ရှိသည်။
မဟာမဲခေါင်စီမံကိန်းတွင် ပါဝင်သည့် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ-အိန္ဒိယနိုင်ငံတို့ကို ဖြတ်သွားပြီး အာရှနိုင်ငံအချို့နှင့် လည်း ချိတ်ဆက်ထားသည်။ အာ ရှဖွံ့ဖြိုးရေးဘဏ်(Asian Devel-opment Bank)၏ အစီအစဉ်ဖြင့် ဖောက်လုပ်ခြင်းဖြစ်ပြီး ထိုင်း-မြန် မာဘက်လမ်းပိုင်းကို ထိုင်းနိုင်ငံ See Sang ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၃ ဇန်န၀ါရီတွင်  စီမံကိန်းစတင်ခဲ့ကြောင်း   ကရင် ပြည်နယ်  ဆောက်လုပ်ရေးဌာနအင်ဂျင်နီယာမှူးကြီး   ဦးတင် ထွန်းက ပြောသည်။

Post a Comment

0 Comments

Close Menu