Ad Code

Responsive Advertisement

နေ့စဉ်ပြောကြား အင်္ဂလိပ်စကား (၃၆)

Acuity English Language Centre's photo.

နေ့စဉ်ပြောကြား အင်္ဂလိပ်စကား (၃၆)
နေ့စဉ်စကားပြောရာတွင် တစ်ခုအပါအဝင်ဖြစ်သည့် တက္ကသိုလ် ကျောင်းသား/သူ များနှင့် ပတ်သက်သက်သော စကားပြောပုံစံများကိုဆက်လက်ရေးသားပါမည်။ ယခုတစ်ပတ်အတွက် တက္ကသိုလ် အဆောင်၊ အခန်းဖော် စသည်များနှင့် ပတ်သက်သော စကားပြောပုံစံများကို ဆက်လက် ရေးသားလိုက် ပါသည်။
အခန်းဖော်နှင့် စကားစမည် ပြောသော ပုံစံများ
- Are you a night owl or a morning bird?
မင်းက ညဇီးကွက်လား မနက်ခင်းငှက်လား (အခန်းဖော်ရဲ့ အိပ်သည့် အလေ့အထကို မေးလိုသော အခါ သုံးနိုင်ပါတယ်။)
- I'm a night owl. I usually sleep pretty late.
ငါက ညဇီးကွက်လေ … ညဘက်ကို နောက်ကျမှ အိပ်လေ့ရှိတယ်။
- What time do you usually go to sleep?
မင်း ဘယ်အချိန် အိပ်ရာဝင်လေ့ ရှိလဲ
- It varies. Usually between midnight and one in the morning.
အဲဒါက အမျိုးမျိုးပါပဲ … များသောအားဖြင့်တော့ ညသန်းခေါင် နဲ့ မနက်ပိုင်း တစ်နာရီလောက် ပါပဲ။
- What time do you usually wake up?
မင်း မနက်ဘယ်အချိန် အိပ်ရာထ လေ့ရှိလဲ
- I usually wake up at nine in the morning.
မနက်ကို ၉-နာရီလောက်ကို အိပ်ရာက ထလေ့ရှိတယ်။
- I'm a little tired. I'm going to sleep now. Have a good night.
ငါနည်းနည်း ပင်ပန်းနေတယ်၊ ခု အိပ်တော့မယ်၊ ကောင်းသောည ဖြစ်ပါစေ … ။
- I'm sleepy. It’s time to go to bed. See you in the morning.
ငါ အိပ်ချင်နေပြီ၊ အိပ်ရာဝင်ချိန်ရောက်ပြီ၊ မနက်ကျမှပဲ တွေ့မယ်နော်။
- Does the music bother you?
ဂီတက မင်းကို စိတ်အနှောင့်အယှက် ဖြစ်လား
- No not at all. I like it.
လုံးဝ မဖြစ်ပါဘူး၊ ငါကြိုက်ပါတယ်။
- Let me know if you want me to turn the music off.
မင်းက ငါ့ကို သီချင်းပိတ်စေချင်လား သိပါရစေ
- Oh, feel free.
အိုး … လွပ်လွပ်လပ်လပ် လုပ်ပါ။
- Do you mind if I turn the stereo on?
ငါ သီချင်းဖွင့်လိုက်ရင် စိတ်ရှိမလား (စိတ်အနှောင့်အယှက် ဖြစ်မလား)။

အခန်းဖော်နှင့် ပစ္စည်းများ မျှဝေသုံးစွဲရာတွင် ပြောသောဝါကျများ
- Feel free to use the refrigerator.
ရေခဲသေတ္တာကို လွပ်လွပ်လပ်လပ် သုံးလို့ရပါတယ်။
- Can I put my drinks in your fridge?
ကျွန်တော့် အအေးတွေကို မင်းရဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားလို့ ရမလား။
- Sure. Don't worry about it.
ရတာပေါ့၊ အဲဒါကို စိတ်မပူပါနဲ့ … ။
- Do you mind if I use your refrigerator?
မင်းရဲ့ ရေခဲသေတ္တာကို သုံးလို့ ရမလား၊ (သုံးရင် စိတ်ရှိမလား/ စိတ်အနှောင့်အယှက် ဖြစ်မလား)
- No problem at all.
လုံးဝ ကိစ္စမရှိဘူး၊ ရပါတယ်။
အခန်းဖော်နှင့်ပတ်သက်သော စကားပြောပုံစံများ
- What is the rent here?
အခန်းငှားရမ်းခက ဘယ်လောက်လဲ
- The rent is $1200, so you would only pay $400.
ငှားခက ဒေါ်လာ ၁၂၀၀ ပါ၊ မင်းက ဒေါ်လာ ၄၀၀ ပဲ ပေးရမယ်။
- How many people live in the apartment?
ဒီအခန်းမှာ ဘယ်နှစ်ယောက် နေကြလဲ
- This is a three bedroom unit, so you would be the third person.
ဒါက သုံးယောက်ခန်းလေ၊ ဒါကြောင့် မင်းက သုံးယောက်မြောက် လေ။
- How much is utilities?
ရေ၊ မီး ဝန်ဆောင်မှုခက ဘယ်လောက်လဲ
- Does the rent cover the utility bills?
အဆောင်က ရေဖိုး၊ မီးဖိုး ကျခံပေးလား
- The rent does not cover utilities. You would be responsible for 1/3 of the utilities.
အဆောင်ကတော့ ရေဖိုး၊ မီးဖိုး မခံဘူး၊ မင်းက သုံးပုံ တစ်ပုံ ကျခံရမယ်လေ။
- On average, utilities are about $125.
ပျှမ်းမျှကတော့ ရေဖိုး၊ မီးဖိုးက ၁၂၅ ဒေါ်လာလောက်ပဲ ကျမှာပါ။
အောင်ကိုဦး(UMK)
Be the Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu