Ad Code

Responsive Advertisement

ခဏဆိုတဲ့ပုံစံမျိုးနဲ့ (brief visit) သွားတာတို့ ဘယ်လိုပြောလို့ ရပါသလဲ? by Sayar Nyein Chan Aung


ခဏဆိုတဲ့ပုံစံမျိုးနဲ့ (brief visit) သွားတာတို့ (သို့) ကြိုတင်စီစဉ်ထားတာမဟုတ်ပဲ လမ်းကြုံလို့ တစ်နေရာရာကို သွားတာတို့၊ အိမ်လည် သွားတာတို့ကို ဘယ်လိုပြောလို့ ရပါသလဲ?
ပုံမှန်တော့ Go တို့ Visit တို့စသော စာလုံးတွေကိုသုံးပြီး သွားတာလာတာ ကိုပြောလေ့ရှိကြပါတယ်။ တစ်ခြား ဘယ်လိုစာလုံးတွေကိုသုံးပြီးပြောလို့ရသေးလဲဆိုတာကိုဥပမာအနေနဲ့ကြည့်လိုက်ရအောင်……..
Pop in
I have just popped in to thank you for helping me out with my homework the other day.
ဟိုတနေ့က အိမ်စာတွေကူလုပ်ပေးတာကျေးဇူးတင်ကြောင်းပြောချင်လို့ အိမ်ကို ကြုံတာနဲ့ လှည့်ဝင်လာခဲ့တာ။
Stop by
Could you stop by a City Mart on your way back home to buy some eggs?
အိမ်ပြန်တဲ့အခါ City Mart တစ်ခုခုကိုဝင်ပြီး ကြက်ဥနည်းနည်းဝင်ဝယ်ခဲ့ပေးလို့ရမလား?
Come by
I will come by your house if I happen to be in your neighborhood.
မင်းတို့ရပ်ကွက်ထဲကိုရောက်ဖြစ်ခဲ့လျှင် မင်းအိမ် ငါ ၀င်လာခဲ့မယ်လေ။
(happen to = by chance = အခွင့်ကြုံခဲ့လျှင်)
Call on
You can call on me whenever you visit Myanmar.
ခင်ဗျား မြန်မာပြည်ကိုအလည်လာတိုင်း ကျွန်တော့်ဆီကိုဝင်လာလည်နိုင်ပါတယ်။
Drop in
Why don’t you drop in my house to catch up on things?
မတွေ့ရတာကြာလို့ စကားလေးဘာလေးပြောရင်းသတင်းဖလှယ်ရအောင် အိမ်လာလည်ပါလားဗျာ?
အခွင့်ကြုံလျှင် ထိုစာလုံးလေးတွေကို English စာရေးတိုင်းပြောတိုင်းထည့်သုံးကြည့်ဖို့မမေ့နဲ့နော်။
English စာကိုမှန်ကန်ထိရောက်စွာ နည်းမျိုးစုံနဲ့ ရေးနိုင်ပြောနိုင်ကြပါစေ။
Ko Nyein Chan Aung.
Trust Englsih Lesson Facebook မှ ကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu