Ad Code

Responsive Advertisement

နေ့စဉ်သုံး အီဒီယမ်များ အပိုင်း - (၃၂) by Acuity English Language Center,

နေ့စဉ်သုံး အီဒီယမ်များ အပိုင်း - (၃၂)
to go through = အတွေ့ အကြုံရသည်၊ အသုံးပြုသည်၊
(ပထမ အဓိပ္ပယ်ကို အခက်အခဲတစ်ခုခုနဲ့ တွေ့ကြုံရသည့် အခြေအနေမျိုးတွင် သုံးပါသည်။)
- I can’t believe what she went through to get that job. She had four interviews with the hiring committee in one week!
သူမအလုပ်ကိုဘယ်လိုအတွေ့ အကြုံနဲ့ ရသွားတယ်ဆိုတာငါမယုံနိုင်ဘူး၊ ငှားရမ်းတဲ့ အဖွဲ့အစည်းမှာ သူ အင်တာဗျူး ၄-ကြိမ် ဝင်ခဲ့ရတယ်။
- Frank said that they had gone through all the toilet paper in the house, but Steve couldn’t believe that they had used it all up
ဖရန့်(ခ်)က သူတို့ အိမ်သာသုံးစက္ကူတွေ အကုန်သုံးလိုက်ပြီဆိုတာကိုပြောတယ်၊ ဒါပေမယ့် စတိ(ဗ်)က အားလုံးကို သုံးလိုက်ပြီဆိုတာ မယုံနိုင်ဘူး။
to put ( someone) on = ဟာသလုပ်ခြင်း ဖြင့်အထင်အမြင်လွဲစေသည်။.(စနောက်ခြင်း)
(အများအားဖြင့် V-ing ပုံစံဖြင့် သုံးလေ့ရှိပါသည်။)
- Don’t worry. I wouldn’t expect you do all that work by yourself. I’m just putting you on.
စိတ်မပူပါနဲ့ ။ မင်းအလုပ်တွေအကုန်လုံးလုပ်တယ်လို့ ငါမမျှော်လင့်ပါဘူး။ ငါမင်းကိုစနေတာပါ။
- Jack can’t be serious about what he said. He must be putting us on. သူဘာပြောလဲဆိုတာကို ဂျက်(ခ်) က အလေးမထားဘူး။ သူက ကျွန်တော်တို့ကို စနေတာပါ။
to lose one’s head = ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်
- When Mel saw a dog in the street right in front of his car, he lost his head and drove onto the sidewalk and into a tree.
- လမ်းထဲမှာmelကခွေးတစ်ကောင်သူ့ ကားရဲ့ရှေ့မှာတွေ့ တည့်အခါစိတ်မထိန်းနိုင်တော့ဘဲ ကားက ပလက်ဖောင်းပေါ်ကို တက်ပြီး သစ်ပင်ကိုဝင်တိုက်သွားတယ်။
to stand up = အကြမ်းပတမ်း အသုံးခံသည်၊ ချိန်းဆိုမှု ပျက်ကွက်သည်။
(date သည် နှလုံးသားရေးရာကိစ္စအတွက် ချိန်းဆိုမှုဖြစ်ပြီး၊ appointment ဟုသုံးလျှင် လူမှုရေးကိစ္စ အတွက် ချိန်းဆိုမှုဖြစ်ပါသည်။)
- My old car has stood up well over the years. I haven’t had any major problems at all. ကျွန်တော်ကားက နှစ်ပေါင်းအတော်ကြာအောင် အသုံးခံတယ်။ ကျွန်တော့်မှာ ဘာပြဿနာမှ မရှိခဲ့ဘူး။
- Janet was very angry because her new boyfriend stood her up on their second date. သူမရဲ့ချစ်သူကဒုတိယအကြိမ် ချိန်းဆိုမှုကို ပျက်ကွက်ခဲ့တဲ့အတွက် ဂျက်နက် က အရမ်းစိတ်ဆိုး နေခဲ့တယ်
to get the better of:= အနိင်ရသည်။
- Jim doesn’t seem very athletic at tennis, but if you’re not careful, he’ll get the better of you.
ဂျင်(မ်)က ကြက်တောင်ရိုက်တဲ့နေရာမှာ အားကစားသမားပုံ မပေါက်ပါဘူး၊ ဒါပေမယ့် မင်း ဂရုမစိုက် ရင်တော့ သူကမင်းကို အနိုင်ရသွားလိမ့်မယ်။
- Lynn gets frustrated when Bruce gets the better of her in arguments. No matter what she says, he always has a clever response.
- အငြင်းပွားတဲ့အခါမှာ Bruce ကအနိုင်ရသွားတော့ Lynn က စိတ်ပျက်သွားခဲ့တယ်။ သူ(မ) ဘာပဲပြောပြော သူ့မှာ အမြဲတမ်းပဲ ကောင်းကောင်းမွန်မွန် တုံ့ပြန်ပါတယ်။
on edge=စိတ်လုပ်ရှားစေသည်၊စိတ်ပျက်စေသည်။
- Cynthia was on edge all day about the important presentation she had to give to the local citizens group.
- စင်သီယာက ကျေးလက်ဒေသမှာရှိတဲ့ သူတွေကို တင်ပြရမယ့်အရေးကြီးတဲ့ တင်ပြမှုနဲ့ ပတ်သတ်ပြီး နေ့ တိုင်း စိတ်လူပ်ရှားခဲ့တယ်။
- I don’t like being around Jake when he’s on edge like that. Someone should tell him to calm down and relax.
- ဂျခ် စိတ်ပျက်နေတာကို ငါမကြိုက်ဘူး၊ စိတ်တည်ငြိမ်အောင်နဲ့ စိတ်သက်သာအောင် တစ်ယောက်ယောက်ကလာပြီး သူ့ကို ပြောသင့်တယ်။
အောင်ကိုဦး (UMK)
Be the Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu