Ad Code

Responsive Advertisement

နေ့စဉ်သုံးအင်္ဂလိပ်စကားစုများအပိုင်း (၁၃) by Acuity English Language Center

Acuity English Language Centre's photo.

နေ့စဉ်သုံးအင်္ဂလိပ်စကားစုများအပိုင်း (၁၃)
နေ့စဉ် အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားစု (Phrases) များအနက်မှ အိမ်ကို ဧည့်သည်လာတဲ့အခါ ဖြစ်စေ၊ ကိုယ်က တစ်ခြားအိမ်ကို ဧည့်သည်အဖြစ် သွားရောက်တဲ့အခါ ဖြစ်စေ ပြောဆိုနိုင်တဲ့ စကားစုများကို ဆက်လက် ရေးသားလိုက်ပါသည်။ ဖော်ပြထားသော ဥပမာဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွားကာ အသုံးပြုနိုင် ပါသည်။
အိမ်ကို ဧည့်သည်တွေလာတဲ့ အခါမျိုးမှာ ဖော်ပြပါ စကားအသုံးအနှုန်းများကို အသုံးပြုကာ ပြောနိုင်ပါတယ်။
Come in! - ဝင်ခဲ့လေ
Good to see you! - တွေ့ရတာ ဝမ်းသာပါတယ်
You're looking well - ခင်ဗျားက တော်မယ့်ပုံပဲ
Please take your shoes off - ကျေးဇူးပြီး ဖိနပ်ချွတ်ပေးပါ
Can I take your coat? - ခင်ဗျားရဲ့ ကုတ်အင်္ကျီလေး ယူလို့ရမလား
Sorry we're late - ဆောရီးပါ၊ ကျွန်တော်တို့ နောက်ကျသွားတယ်
Did you have a good journey? - ခင်ဗျား ခရီးသွားခဲ့တာ ပျော်စရာကောင်းလား
I'll show you your room - ခင်ဗျားနေမယ့် အခန်းကို ကျွန်တော်ပြမယ်လေ
This is your room - ဒါ ခင်ဗျားနေရမယ့် အခန်းပါ
Would you like a towel? - မျက်နှာသုတ်ပုဝါ လိုလား
Make yourself at home - ကိုယ့်အိမ်လိုပဲ သဘောထားပါ
တစ်ယောက်ယောက်နဲ့ တွေ့အတဲ့အခါ တွေ့ရတာဝမ်းသာပါတယ်လို့ ပြောချင်ရင် Glad to see you လို့ ပြောနိုင်သလို Good to see you! လို့ပြောရင်လည်း ရပါတယ်။ အဲဒါကို တွေ့ရတာ ကောင်းပါတယ် လို့တော့ ဘာသာပြန်လို့ အဆင်မပြေပါဘူး။ You're looking well ဆိုတာက တကယ်တော့ တစ်ယောက်ယောက်ကို ချီးကျူးတဲ့ စကားပါ။ တစ်ယောက်နဲ့ တစ်ယောက် စကားစမြည် ပြောတဲ့အခါ ချီးကျူးစကား ပြောတာကလည်း လူမှုဆက်ဆံရေးမှာ အရေးကြီးပါတယ်။
ဧည့်သည်တွေကို တစ်ခုခု ဧည့်ခံလိုတဲ့အခါ ပြောနိုင်တဲ့ စကားအသုံးအနှုန်းတွေကို ဆက်ကြည့်ရအောင် …
Can I get you anything to drink? - သောက်စရာတစ်ခုခု ယူခဲ့ရမလား
Would you like a tea or coffee? - ကော်ဖီသောက်မလား၊ လက်ဘက်ရည်လား
Do you take sugar? - သကြား ထည့်မလား
Do you take milk? - နွားနို့ ထည့်မလား
How many sugars do you take? - သကြားဘယ်လောက် ထည့်မှာလဲ
Would you like a soft drink? - အအေး သောက်မလား
Would you like a beer? - ဘီယာ သောက်မလား
Would you like a glass of wine? - ဝိုင် သောက်မလား
Would you like a gin? - ဂျင် သောက်လား
ဧည့်သည်တွေနဲ့ စကားပြောတဲ့အခါ အသုံးဝင်တဲ့ အခြားစကားစုတွေကိုလည်း ဆက်လက် ပြောချင်ပါတယ် …
Have a seat! - ထိုင်ပါ
Let's go into the lounge - ဧည့်ခန်းထဲ သွားရအောင်
Let's go into the living room - ဧည့်ခန်းထဲ သွားရအောင်
Let's go into the dining room - ထမင်းစားခန်းထဲ သွားရအောင်
Do you mind if I smoke here? - ကျွန်တော်ဒီမှာ ဆေးလိပ်သောက်ရင် အဆင်ပြေပါ့မလား
I'd prefer it if you went outside - ခင်ဗျား အပြင်မှာဆိုရင် ပိုအဆင်ပြေမယ်
Are you ready to eat now? - စားကြဖို့ ခင်ဗျား အဆင်သင့်ဖြစ်ပြီလား
Who's driving tonight? - ဒီည ဘယ်သူ ကားမောင်းမှာလဲ
Could I use your phone? - ခင်ဗျား ဖုန်းကို သုံးလို့ ရမလား
Your taxi's here - ခင်ဗျားအတွက် အငှားကားက ဒီမှာပါ
Thanks for coming - လာတဲ့အတွက် ကျေးဇူးပါ
Have a safe journey home - အိမ်ပြန်ခရီးမှာ ဘေးကင်းပါစေ
Thanks for a lovely evening - ချစ်စရာကောင်းတဲ့ ညနေခင်းလေးအတွက် ကျေးဇူးပါ
အနောက်တိုင်း မှာပဲဖြစ်ဖြစ်၊ အရှေ့တိုင်းမှာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရင်းနှီး လာတဲ့အခါ တစ်ယောက်ကို တစ်ယောက် ထမင်းဖိတ်ကျွေးလေ့ရှိကြပါတယ် …။ အခု ဖော်ပြခဲ့တဲ့ စကားစု တွေကို ထမင်းဖိတ်ကျွေးတဲ့ အခါမျိုးတွေမှာ အသုံးပြုနိုင်ကြပါတယ် … ။ တစ်ယောက်ယောက်ကို ထိုင်ပါလို့ ပြောတဲ့အခါ Please sit down. လို့ပြောနိုင်ပေမယ့် Have a seat! လို့ ပြောတာက ပိုယဉ်ကျေးပါတယ်။ Thanks for a lovely evening ဆိုတာက ကိုယ့်ကိုယ် ညစာဖိတ်ကျွေးတဲ့အခါမျိုးမှာ အစစ အရာရာ အဆင်ပြေတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပြောတာပါ။
“လွယ်လွယ်ကူကူအင်္ဂလိပ်စကားပြောနိုင်ကြပါစေ … ”
အောင်ကိုဦး(UMK)
Be the Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu