Ad Code

Responsive Advertisement

လွယ်ကူလေ့လာ အင်္ဂလိပ်စာ (၂) by Acuity English Language Center,

လွယ်ကူလေ့လာ အင်္ဂလိပ်စာ (၂)
Lesson 2 - Do you speak English?
သင်ခန်းစာ (၂) - ခင်ဗျား အင်္ဂလိပ်လို ပြောတတ်လား ?
Mary : Excuse me, are you American? ( တဆိတ်လောက်၊ ခင်ဗျားက အမေရိကန်လား?) Robert : No. (မဟုတ်ဘူးဗျ)
Mary : Do you speak English? (ခင်ဗျား အင်္ဂလိပ်လို ပြောတတ်လား ?)
Robert : A little, but not very well. (နည်းနည်းပါးပါးပေါ့၊ အများကြီးတော့ မဟုတ်ပါဘူး)
Mary : How long have you been here? (ခင်ဗျား ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ ?)
Robert : 2 months. (၂-လ လောက်ရှိပြီ)
Mary : What do you do for work? (ဘာအလုပ် လုပ်ပါသလဲ?)
Robert : I'm a student. How about you? (ကျွန်တော်က ကျောင်းသားပါ၊ ခင်ဗျားကရော?)
Mary : I'm a student too. (ကျွန်မကလည်း ကျောင်းသူပါပဲ။)
Lesson 3 - What's your name?
သင်ခန်းစာ (၃) - ခင်ဗျား နာမည်က ဘယ်သူလဲ ?
John : Excuse me, what's your name? (ခင်ဗျား နာမည်က ဘယ်သူပါလဲ?)
Jessica : My name is Jessica. What's yours? (ကျွန်တော် နာမည်က ဂျက်ဆီကာ ပါ၊ ခင်ဗျား နာမည်ကရော ?)
John : John. (ဂျွန် ပါ)
Jessica : You speak English very well. (ရှင် အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်တယ်နော်)
John : Thank you. (ကျေးဇူးပဲ)
Jessica : Do you know what time it is? (ဘယ်နှစ်နာရီရှိပြီလဲ? သိလား)
John : Sure. It's 5:10PM. (သိတာပေါ့၊ ညနေ ၅-နာရီ ၁၀ မိနစ် ရှိပြီ)
Jessica : What did you say? (ဘာပြောလိုက်တာလဲ?)
John : I said it's 5:10PM. (၅-နာရီ ၁၀-မိနစ် ရှိပြီလို့ ပြောတာ)
Jessica : Thanks. (ကျေးဇူးပဲ)
John : You're welcome. (ရပါတယ်)
ဒီတစ်ပတ်အတွက် သင်ခန်းစာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် စကားစမြည် စပြောဖို့အတွက် အသုံးပြုနိုင်တဲ့ စကားပြောပုံစံတွေပါ၊ သင်ခန်းစာ (၂) မှာ “ခင်ဗျား အင်္ဂလိပ်လို ပြောတတ်လား” ကို Can You Speak English? လို့ ပြောရင် သဒ္ဒါအရ မှန်ပေမယ့် အသုံးအနှုန်းအရ အဆင်မပြေပါ။ Can က လူတစ်ယောက်ရဲ့ စွမ်းရည် (ability) ကို ပြောတာ ဖြစ်တဲ့အတွက် သူ့ကို စမ်းသပ်တဲ့ သဘောသက်ရောက် ပါတယ်။ ဒါကြောင့်မို့ Do you Speak English? လို့ပဲပြောရပါတယ်။ တစ်နေရာရာကို ရောက်နေတာ၊ တစ်ခုခုကို လုပ်နေတာ ဘယ်လောက် ကြာပြီလဲ? လို့ မေးချင်ရင် တော့ “ How long have you been …… ? ပုံစံကို အသုံးပြုနိုင်ပါတယ်။ ဥပမာ - How long have you been studying English? ခင်ဗျား အင်္ဂလိပ်စာ လေ့လာနေတာ ဘယ်လောက်ကြာပြီလဲ?၊ How long have you been in Yangon? ခင်ဗျား ရန်ကုန်ရောက်တာ ဘယ်လောက်ကြာပြီလဲ? စသည်ဖြင့် သုံးနိုင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အလုပ်အကြောင်းကို မေးတဲ့အခါ သင်ခန်းစာထဲမှာ ဖော်ပြထားတဲ့ ဝါကျအပြင် “What is your job?, What is your Occupation?, What are you? စတဲ့ ဝါကျများကို အစားထိုးသုံးနိုင်ပါတယ်။ ဒါပေမယ့် ပိုမိုယဉ်ကျေးအောင် မေးခွန်းဝါကျရဲ့ ရှေ့မှာ May I know ကို ထည့်ပြီး ပြောသင့်ပါတယ်။ ဥပမာ - May I know (what is) your job. May I know your job လိုလည်း တိုက်ရိုက်ပြောနိုင်ပါတယ်။ သင်ခန်းစာ (၃) မှာ ဖော်ပြထားတဲ့ အချိန်မေးတဲ့ ဝါကျကို What time is it? လို့လည်း တိုက်ရိုက်မေးနိုင်ပါတယ်။ ဒါအပြင် Please tell me what is the time. လို့လည်း သုံးနိုင်ပါတယ်။ တစ်ယောက်ကို စကားစပြောချင်တဲ့အခါ (ဒါမမဟုတ်) စကားပြောနေရင်း စကားဝိုင်း အပြင်ကို ထွက်ချင်တဲ့အခါ၊ ခွင့်ပြုချက်တောင်းချင်တဲ့အခါ Excuse me လို့စပြောရပါတယ်။ Excuse me လို့ တစ်ယောက်ယောက်က ပြောလာတဲ့အခါ Yes လို့ ပြောပြီး လက်ခံကြောင်း ပြန်ပြောပေးရပါတယ်၊ တကယ်လို့ ကိုယ်က အလေ့အကျင့် မရှိလို့ ရုတ်တရက် ပြောမထွက်တဲ့အခါ လက်ခံကြောင်း အမူအယာ တစ်ခုခုပြပေးပါ၊ (ဥပမာ- ခေါင်းငြိမ့်ပြတာမျိုးပေါ့)။ တစ်ယောက်ယောက်က ကိုယ့်ကို ကျေးဇူးတင်ပါတယ် လို့ ပြောလာတဲ့အခါလည်း အသိအမှတ်ပြုတဲ့အနေနဲ့ တစ်ခုခုတော့ ပြန်ပြောပေးရပါတယ်။ သင်ခန်းစာထဲမှာ ဖော်ပြထားတဲ့ You’re welcome က အမေရိကန်တွေ ပြောတဲ့ ပုံစံပါ။ No mention. / It’s my pleasure. / My pleasure. စတာတွေကိုလည်း တစ်ခုခု ပြန်ပြောနိုင်ပါတယ်။ ဒီတစ်လတော့ ဒီလောက်နဲ့ နားလိုက်ရအောင်
အင်္ဂလိပ်စာ လေ့လာသူတိုင်း လွယ်လွယ်ကူကူ လေ့လာသင်ယူ တတ်မြောက်နိုင်ပါစေ ……
အောင်ကိုဦး (UMK)
Be The Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu