Ad Code

Responsive Advertisement

လွယ်ကူလေ့လာ အင်္ဂလိပ်စာ (၃) by Acuity English Language Center,

လွယ်ကူလေ့လာ အင်္ဂလိပ်စာ (၃)
Lesson 4 - Asking directions.
(သင်ခန်းစာ (၄) - လမ်းမေးခြင်း)
Amy : Hi Michael. (ဟေ့ မိုက်ကယ်)
Michael : Hi Amy. What's up? ( ဟေ့ အေမီ၊ နေကောင်းလား)
Amy : I'm looking for the airport. Can you tell me how to get there? (ငါက လေဆိပ်ကို လိုက်ရှာနေတာ၊ ဘယ်လိုသွားရလဲ ပြောပြနိုင်မလား)
Michael : No, sorry. I don't know. (ဟင့်အင်း၊ ငါလည်း မသိဘူး)
Amy : I think I can take the subway to the airport. Do you know where the subway is? (ငါထင်တာတော့ လေဆိပ်ကို မြေအောက်ရထား စီးသွားရင် ရမယ်ထင်တယ်၊ မြေအောက်ရထားက ဘယ်မှာလဲ မင်းသိလား)
Michael : Sure, it's over there. (သိတယ်၊ ဟိုဘက် နားမှာလေ)
Amy : Where? I don't see it. (ဘယ်မှာလဲ၊ ငါမတွေ့ပါဘူး)
Michael : Across the street. (လမ်း မျက်စောင်းထိုးလေး မှာလေ)
Amy : Oh, I see it now. Thanks. (အိုး၊ ငါ ခုတွေ့ပြီ၊ ကျေးဇူးပဲ)
Michael : No problem. ( ကိစ္စမရှိပါဘူး)
Amy : Do you know if there's a restroom around here? (ဒီအနီးအနားဝန်းကျင်မှာ စားသောက်ဆိုင် ရှိလားလို့ မင်းသိလား)
Michael : Yes, there's one here. It's in the store.(အင်း၊ ဒီအနား တစ်ခုရှိတယ်၊ စတိုးဆိုင်ထဲမှာလေ)
Amy : Thank you. (ကျေးဇူးပဲ)
Michael : Bye. (ဘိုင်)
Amy : Bye bye. (ဘိုင်း ဘိုင်)
Lesson 5 - I'm hungry.
(သင်ခန်းစာ (၅) - ဗိုက်ဆာတယ်)
Thomas : Hi Sarah, how are you? ( ဟေ့ .. ဆာရာ၊ နေကောင်းလား)
Sarah : Fine, how is going? (ကောင်းပါတယ်၊ မင်းရော နေကောင်းလား)
Thomas : OK. (ကောင်းတယ်)
Sarah : What do you want to do? (မင်းဘာလုပ်ချင်လဲ)
Thomas : I'm hungry. I'd like to eat something.(ငါ ဗိုက်ဆာနေတယ်၊ တစ်ခုခု စားချင်တယ်)
Sarah : Where do you want to go? (မင်း ဘယ်သွားချင်လဲ)
Thomas : I'd like to go to an Italian restaurant. (အီတလီ စားသောက်ဆိုင် တစ်ခုလောက် သွားချင်တယ်)
Sarah : What kind of Italian food do you like? ( အီတလီ အစားအစာထဲက ဘာကို ကြိုက်လဲ)
Thomas : I like spaghetti. Do you like spaghetti? (ငါက အီတလီ ခေါက်ဆွဲကို ကြိုက်တယ်၊ မင်း အီတလီ ခေါက်ဆွဲကို ကြိုက်လား)
Sarah : No, I don't, but I like pizza. (ဟင့်အင်း .. မကြိုက်ဘူး၊ ဒါပေမယ့် … ပီဇာတော့ ကြိုက်တယ်)
ဒီတစ်ပတ်အတွက် သင်ခန်းစာတွေ ဖြစ်တဲ့ သင်ခန်းစာ (၄) မှာ What’s up? ဆိုတဲ့စကားက က သွားရင်းလာရင်း သူငယ်ချင်း တစ်ယောက်ယောက်ကို တွေ့တဲ့အခါ နှုတ်ဆက်တဲ့စကားပါ၊ Hello ! ဒါမှမဟုတ် How are you? ဆိုတဲ့ အဓိပ္ပာယ် နှစ်မျိုးလုံးနဲ့ သုံးနိုင်ပါတယ်၊ တစ်ခါတစ်ရံမှာ How are you? ဆိုတဲ့စကားကို How is going? လို့လည်း ပြောနိုင်ပါတယ်။ “ဘယ်လိုသွားရလဲ” ဆိုတဲ့ ဝါကျမှာ How to get there? လို့သုံးထားပြီး သတိထားရမယ့် အသုံးက get နဲ့ there ပါ၊ တစ်နေရာရာကို ရောက်ရှိတယ်လို့ ပြောချင်ရင် “get to, arrive at/in, reach” ဆိုတဲ့စကားလုံးတွေကို သုံးနိုင်ပါတယ်။ get ကို သုံးပါက to လိုက်ရန်လိုအပ်ပြီး၊ arrive ကိုသုံးပါက နေရာသေးရင် at လိုက်ရန်လိုအပ်ပြီး၊ နေရာကြီးပါက in လိုက်ပါတယ်။ reach ကို သုံးရင်တော့ preposition မလိုအပ်ပါ။ ဒါပေမယ့် ဒီဝါကျမှာ get နောက်ကို to မပါသည်ကို သတိပြုရပါမယ်၊ ဘာကြောင့်လဲဆိုတော့ there ကြောင့်ပါ၊ there သည် adv ဖြစ်တဲ့ အတွက် preposition မပါတာ ဖြစ်ပါတယ်။ နောက်ထပ်မှတ်သားသင့်တဲ့ အသုံးကတော့ across ပါ၊ သူနဲ့ နီးနီးကပ်ကပ် မှားတတ်တဲ့ နောက်ထပ်စကားလုံးက cross ပါ၊ across က preposition ဖြစ်ပြီး၊ cross ကိုတော့ verb အဖြစ်သုံးရင် ဖြတ်ကျော်တယ်လို့ အဓိပ္ပာယ်ရပါတယ်၊ noun အနေနဲ့ သုံးရင် ကြက်ခြေခတ် လို့ အဓိပ္ပာယ်ရပါတယ်။ သင်ခန်းစာ (၅) မှာတော့ I’d like to ဆိုတဲ့ အသုံးကို မှတ်သားသင့်ပါတယ်။ အပြည့်အစုံပြောရင် I would like to ပါ၊ မြန်မာလိုပြောရင်တော့ “ပါရစေ” လို့ဆိုနိုင်ပါတယ်။ အဓိပ္ပာယ်က I want to နဲ့ အတူတူပါ၊ ဒါပေမယ့် I want to ထက် I’d like to က ပိုယဉ်ကျေးပြီး I’d love to က I’d like to ထက် ပိုယဉ်ကျေးပါတယ်။ ဒီတစ်လတော့ ဒီလောက်နဲ့ နားလိုက်ရအောင်
အင်္ဂလိပ်စာ လေ့လာသူတိုင်း လွယ်လွယ်ကူကူ လေ့လာသင်ယူ တတ်မြောက်နိုင်ပါစေ ……
အောင်ကိုဦး (UMK)
Be The Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu