Ad Code

Responsive Advertisement

အလုပ်တစ်ခုခုကအရမ်းကောင်းတယ်ဆိုတာကို ဘယ်လိုချီးမွမ်းလို့ ရပါသလဲ? by Sayar Nyein Chan Aung


တစ်ယောက်ယောက်ကိုသူလုပ်လိုက်တဲ့အလုပ်တစ်ခုခုကအရမ်းကောင်းတယ်ဆိုတာကို ဘယ်လိုချီးမွမ်းလို့ ရပါသလဲ?
Well done! တို့ Bravo! တို့ကိုပဲ သုံးပြီးချီးမွမ်းနေရတာ ရိုးနေပါကာတခြားဘယ်လို အသုံးအနှုန်းလေး တွေသုံး ကာ ချီးမွမ်းလို့ရတယ်ဆိုတာကို ကျွန်တော်စဉ်းစားလို့ ရသလောက် နမူနာအနေနဲ့ရေးထားတာကိုလေ့လာကြည့်ရအောင်…….
(မှတ်ချက်။ ။very good = fantastic = amazing = excellent = superb = marvelous/ marvellous = great = wonderful = brilliant = awesome = exceptional = perfect = remarkable = terrific = outstanding စသည် တို့သည် အရမ်းကောင်းတာကို ဖော်ညွှန်းသော adjectives များဖြစ်သည်။ သုံးနေကြ very good ကိုပဲ အမြဲတမ်းသုံးနေမဲ့အစား တစ်ခုပြီးတစ်ခုပြောင်းကာ သုံးစေချင် ပါသည်။)
1) You did a wonderful job.
2) You did great.
3) It was a job worth real praising. (worth real praising = တကယ့်ကို ချီးမွမ်းထိုက်သော)
4) What you did was fantastic.
5) I am so proud of you.
6) That was such an exceptional work.
7) You really went the extra mile on this one. (go the extra mile = ပုံမှန်မျှော်လင့်ထားတာထက် ပို၍ုလုပ်သည်/ တာဝန်ထမ်းဆောင်သည်။)
8) It was really above and beyond your call of duty. (above and beyond the call of duty = တာဝန်ဝတ္ကရားထက် ပို၍သာလွန်ကောင်းမွန် အောင်လုပ်သော)
9) You pulled it off really well. (pull off =အခက်အခဲတွေကြားထဲမှအောင် မြင်အောင် လုပ်သည်။)
10) Your work really raised the bar. (raise the bar = အများက ကောင်းတယ်ဟုသတ်မှတ်ထားသော စံ ကိုမြှင့်သည်။)
11) Keep up your excellent work! (Keep up = ထိန်းထားသည် (သို့) ပိုကောင်းအောင်လုပ်သည်။)
ခပ်တိုတိုပဲပြောချင်လျှင်တော့……
12) Outstanding job!
13) Brilliant Job!
14) Marvelous/ Marvellous!
15) Perfect!
16) Superb! (သတိ။ ။ super မဟုတ်ဘူးနော်!)
တစ်ယောက်ယောက်ကို လုပ်တာကိုင်တာအရမ်းကောင်းလို့ ချီးမွမ်းစကားပြောတဲ့အခါ တစ်ခါနဲ့တစ်ခါ မထပ်အောင် တစ်ခုပြီးတစ်ခုစမ်းသုံးကြည့်ဖို့မမေ့နဲ့နော်။
English စာကို အမျိုးမျိုးအဖုံဖုံနဲ့ မှန်ကန်ထိရောက်စွာ ပြောနိုင် ရေးနိုင်ကြပါစေ။
Ko Nyein Chan Aung.
 Trust Englsih Lesson Facebook မှ ကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu