Ad Code

Responsive Advertisement

Do you know your adverbs and adjectives very well? by Sayar Nyein Chan Aung



Do you know your adverbs and adjectives very well?
တချို့သော English Learners တွေဟာ adverb သည် (ly) နှင့်ဆုံးသောစာလုံးတွေလို့ ပုံသေမှတ်ကာ (ly)နဲ့ မဆုံးသော များစွာသော adverbs တွေကိုတွေ့လျှင် adverbs မှန်းမသိဖြစ်တတ်ပါတယ်။ adjective နဲ့ adverb နဲ့ စာလုံးပေါင်းတူပါက grammar သဘောတရား မသိလျှင် adjective သုံးပြီးရေးတာလား adverb သုံးပြီးရေးတာလားဆိုတာကို မသိပဲဖြစ်နေတတ်ပါတယ်။
ထိုသို့ တချို့ adverb တွေဟာ adjective နဲ့ စာလုံးပေါင်းပုံတူသောကြောင့် ကိုယ်က pattern လေးကိုအတုယူပြီး တခြားစာလုံးတွေနဲ့သုံးချင်ပါက စာကြောင်းဆို လိုရင်းကို လေ့လာကာ adverb အနေနဲ့ သုံးပြီးညွှန်းထား တာလား၊ ၊ adjective အနေနဲ့သုံးထား တာလား ဆိုတာကို သိဖို့လိုပါတယ်။ သို့ပါမှသာ adverb နှင့် adjective မတူသောစာလုံးများကို ထို pattern တွင် အစားထိုးသုံးပါက adjective အနေနဲ့ ထည့်ရမှာလား adverb အနေနဲ့ထည့်ရမှာလားကို သိနိုင်မှာဖြစ်ပါတယ်။
(ဥပမာ… well (adverb) = ကောင်းစွာ) (ဥပမာ….well (adjective) = ကောင်းသော)
I did well on the exam. (ကျွန်တော် ကောင်းစွာ စာမေးပွဲ ဖြေဆိုနိုင်ခဲ့တယ်။ ဖြေဆိုခဲ့တယ်ဆိုတဲ့ verb ကို ကောင်းစွာလို့ adverb ဖြင့်ညွှန်းခြင်းဖြစ်တယ်။)
မှတ်ချက်။ ။ Grammar သိပ်မကျွမ်းကျင်သေးသော non-native Speakers နှင့် တချို့သော Native Speakers များပင်လျှင် non-standard English ကိုသုံးကာ စကားပြော (conversation) တွင် I did good on the exam. လို့ good ဆိုသော adjective ကိုသုံးကာ ပြောတတ်လေ့ရှိသည်။ ထိုအသုံးအနှုန်းမျိုးသည် Grammar အရ မမှန်ကန်ပေမဲ့ ဆိုလိုရင်းကိုတော့ နားလည်နိုင်ပါတယ်။
I don’t feel very well. ကျွန်တော် နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ ခံစားရတဲ့ အခြေအနေ state/condition of the person ကိုညွှန်းခြင်းဖြစ်သောကြောင့် well သည် ဤနေရာတွင် sybject (I ) ၏ အခြေအနေကို ဖော် ညွှန်းကာ predicate adjective အနေနဲ့သုံးထားခြင်း ဖြစ်သည်။ ဤအချက်ကို တော်တော်များများ မသိပဲမှားတတ်ကြပါသည်။
ထိုသို့ adjective သုံးထားခြင်းကြောင့် I don’t feel very good. လို့ good ဆိုသော adjective ကိုသုံးကာ အဲသည့် pattern ကို အတုယူပြီးပြောနိုင် ရေးနိုင်သည်။
မှတ်ချက်။ ။ Well သည် နေထိုင်ကောင်းသော ကျန်းမာရေး နှင့် ပတ်သက်လျှင် သုံးသည်။
I don’t feel very well. တွင် well ကို Adjective အဖြစ်သုံးထားသည်ကို Grammar အရမသိပါက pattern ကို အစားထိုးပြီးလိုက်ပြောပါက adverb သုံးရမည်ထင်ပြီး I don’t feel very nicely. လို့သုံးလိုက်ပါက မှားသွားကာ ဆိုလိုချင်တဲ့ “ကျွန်တော် နေလို့ထိုင်လို့ သိပ်မကောင်းဘူ” အဓိပ္ပာယ်မဟုတ်တော့ပေ။
တချို့ကျပြန်တော့လဲ သူများပြောတဲ့ Pattern ကို နမူနာယူပြီး တခြားစာလုံးနဲ့ လိုက်သုံးကြည်တဲ့ အခါ Grammar သဘောတရားနဲ့ စာလုံးတွေကိုပိုင်နိုင်ကျွမ်းကျင်စွာ မသိတဲ့အခါမှားတတ်ပါတယ်။
ဥပမာ…..
Can you speak fastly? သည် မှားပါသည်။
Fastly ဆိုတဲ့ adverb မရှိပေ။ Fast သည် adjective ရော adverb နှစ်မျိုးလုံးဖြစ်ပါသည်။ ဤ နေရာတွင် Speak ဆိုသော verb ကို အထူးပြုကာ ညွှန်းချင်သောကြောင့် adverb ဖြစ်တဲ့ Fast ကိုသုံးပြီး Can you speak fast? လို့ပြောမှ မှန်ပါသည်။
Slow ကျပြန်တော့လည်း adjective = slow, adverb = slow / slowly ဟု နှစ်မျိုးဖြစ်သွားပြန်သည်။
“စကားကိုဖြည်းဖြည်း ပြောနိုင်မလား?” ဆိုသည့်စာကြောင်းတွင် speak ကို အထူးပြုရန် adverb နှစ်ခုထဲက slowly ဆိုတဲ့ adverb ကိုသုံးကာ Can you speak slowly? လို့ပြောတာများသည်။
တစ်ချို့သော native speakers များသည် ဤနေရာတွင်တခါတရံ adjective နှင့် စာလုံးပေါင်းတူ သော slow ဆိုသည့် adverb ကို သုံးကာ Can you speak slow? လို့ ကြားကောင်း ကြားရပါလိမ့်မည်။ Slowly ရော Slow သည်နှစ်ခုစလုံး adverb ဖြစ်သောကြောင့် grammar rule အရ ကြိုက်တာထည့်လို့ရသည်။
Grammar နှင့် စကားလုံးတွေကိုသိပ်မကျွမ်းကျင်သေးပါ Can you speak slow? လို့ကြားသည့် slow ကိုတစ် ခြို့က မှားတယ်ထင်တတ်ကြပါတယ်။ တစ်ခြို့ကျပြန်တော့လည်း adjective ထင်ပြီး pattern နမူနာယူကာ တခြား စာကြောင်းတွေမှာ adjective တွေလိုက်ထဲ့တတ်ကြပါတယ်။
Adverb ကိုလည်း adjective (good, better, best) တွေလိုပဲ degree မတူသော Comparative and Superlative Adverbs တွေရှိပါတယ်။ ထိုတခြို့သော Comparative နှင့် Superlative adverbs တွေဟာ Comparative and Superlative adjective တွေနဲ့စာလုံးပေါင်းတူသောကြောင့် Grammar ကိုသိပ်မကျွမ်းကျင် သေးတဲ့အခါ adjective အနေနဲ့သုံးထားတာလား adverb အနေနဲ့သုံးထားတာလားဆိုတာကို ရှုပ်သွားတတ် ပါတယ်။
Adverbs တွေကို နှိုင်းယှဉ်သော degree ကွာခြားပုံ ဥပမာ မှာ ….

(Adverb)Slowly
(Comparative Adverb) More Slowly
(Superlative Adverb)Most Slowly
(Adverb)Slow
(Comparative Adverb) Slower
(Superlative Adverb) Slowest
(Adverb)Well
(Comparative Adverb) Better (Superlative Adverb) Best
(Adverb)Fast
(Comparative Adverb) Faster
(Superlative Adverb) Fastest
The teacher spoke English more slowly to help the students understand better.
ဆရာသည် ကျောင်းသားတွေ ကောင်းကောင်းနားလည်စေရန် အင်္ဂလိပ်စာကို ဖြည်းညင်းစွာပြောခဲ့ပါတယ်။
You need to drive a bit slower.
မင်းနဲနဲ ဖြည်းဖြည်းမောင်းဖို့လိုတယ်။
Can you walk faster?
ခင်ဗျား ပိုမြန်အောင်လမ်းလျှောက်လို့ရမလား?
နှိုင်းယှဉ်တဲ့သဘောနဲ့မဟုတ်ပါက comparative and superlative adverbs တွေကိုသုံးစရာမလိုပါ။
Hla Hla speaks English very well, but her husband speaks Chinese exceedingly well.
လှလှကအင်္ဂလိပ်လိုတော်တော်လေးကောင်းကောင်းပြောတတ်တယ်။ ဒါပေမဲ့ သူ့အမျိုးသားကျတော့ တရုတ် လို အင်မတန်ကောင်းကောင်းပြောတတ်ပါတယ်။
(သတိပြုရန် မှတ်ချက်။ ။ အထက်ဖော်ပြပါ ဥပမာတွင် လှလှနဲ့ သူ့အမျိုးသား ရဲ့ အင်္ဂလိပ်လိုနဲ့ တရုတ်လို ဘယ်လို ကောင်းစွာပြောနိုင်ကြောင်းကို well ဆိုတဲ့ adverb အား ပိုလေးနက်အောင် very တို့ exceedlingly ဆိုတဲ့ adverbs တွေနဲ့ ထပ်ပြီး modify အထူးပြုထားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ compare လုပ်တယ်ထင်ပြီး well ရဲ့ comparative and superlative adverbs တွေသွားသုံးလိုက်ပါက အဓိပ္ပာယ်ပြောင်းကာ မှားသွားမှာ ဖြစ်ပါတယ်။)
ဒီလောက်ဆို စာကြောင်းတွေမှာ စာလုံးတူတဲ့ adverbs နဲ့ adjectives တွေကိုသေချာစွာ ခွဲခြားသိနိုင်ပြီး မည်သည့် grammar သဘောနှင့်သုံးထားရေးထားသည်ကိုသိလောက်ပါပြီ။
English ကို အလုပ်ဖြစ်ရုံ သက်သက်လောက်သာ ပြောချင်ရေးချင်လျှင်တော့ Grammar မှန်တာတို့ ဘာကြောင့် သည်လိုရေးရပြောရတယ် ဟိုလိုရေးရပြောရတယ် ဆိုတာ သိဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ English စာကို တကယ့် passion အပြည့်နဲ့ လေ့လာဆည်းပူးပြီး Correct and Standard English ကိုပြောချင်ရေးချင်လျှင်တော့ ဒါတွေ သိထားသင့်တယ်ထင်လို့ မေတ္ဘာစေတနာထားကာဝေမျှလိုက်ပါတယ်။
အင်္ဂလိပ်စာကို မှန်မှန်ကန်ကန်ထိထိရောက်ရောက်ရေးနိုင်ပြောနိုင်ပါစေ။
Ko Nyein Chan Aung.

Post a Comment

0 Comments

Close Menu