Ad Code

Responsive Advertisement

English လို အားနာတယ်ဆိုတာကို ဘယ်လိုပြောလို့ရလဲ? by Sayar Nyein Chan Aung


English လို အားနာတယ်ဆိုတာကို ဘယ်လိုပြောလို့ရလဲ?
Native Speakers of English နဲ့ ကျွန်တော်တို့လို Non-Native Speakers တွေဟာ ယဉ်ကျေးမှု မတူတဲ့ အတွက် အားနာတဲ့စိတ်ဖြစ်ပေါ်ပုံနဲ့ အားနာတာကို ပြောပုံကွာ ခြားပါတယ်။
အားနာတယ်ဆိုတာကို လူအမျိုးမျိုး က ပုံစံအမျိုးမျိုးနဲ့ English လိုပြောကြပါ တယ်။ တစ်ချို့က compunction, hesitation, reluctance တို့စသဖြင့် (noun) တွေကို သုံးပြီးပြောတယ်၊ တစ်ချို့ကျတော့ feel bad ဆိုတဲ့ phrasal verb ကိုသုံး ပြောကျတယ်။
ကျွန်တော်ကတော့ ထိုစာလုံးတွေသုံးတာ မှန်တယ် မှားတယ်ဆိုတာထက် ကျွန်တော် English စာကို Native Speakers တွေနဲ့ စကားတွေပြောတဲ့အခါ တစ်ချို့အခြေအနေတွေမှာ သူတို့တွေ မြန်မာလို “အားနာလိုက်တာ” လို့ပြော မယ့်နေရာတွေမှာ ဘယ်လို စာကြောင်း စကားလုံးတွေ သုံးလဲ ဆိုတာကို သတိထားလေ့လာတယ်။
ဒါမှလဲ ကိုယ်ကပြောတဲ့ အခါ English Speaking သည် ပို ပြီး natural သဘာဝကျပြီး Native Speakers တွေနဲ့ communicate လုပ်တဲ့အခါ သူတို့ တွေသုံးနေကျ Phrase တွေ Pattern တွေဖြစ်ပြီး easy to understand ဖြစ်မှာ မိုလို့ပါပဲ။
ကြည့်လိုက်ရအောင် ဥပမာအနေနဲ့.......
၁) အိမ်လည်သွားလို့ ဧည့်ခံတဲ့ မုန့်တို့ ကော်ဖီ အအေးစသည်တို့ကို အားနာလို့ မထိမတို့မစားပဲ နေနေပါက။ “အားမနာ ပါနဲ့ ယူစား/ထည့်စားနော်။ ကိုယ့်အိမ်လိုသဘောထားပါ” ဟုမြန်မာလိုအားနာတဲ့အခါ ပြောလေ့ ရှိပါတယ်။
“Don’t be shy. You can help yourself. Feel free to make yourself at home.”
ဤအခြေအနေ situation မျိုးတွင် Don’t be shy. ကို ရှက်မနေပါနဲ့လို့ တိုက် ရိုက်ပြန်မဲ့ အစား “အားမနာပါနဲ့” သဘောနဲ့
You can help yourself. ကို “အားမနာပါနဲ့ ကိုယ့်ဟာကိုယ် ထည့်စားနော်”
Feel free to make yourself at home ကို “အားမနာနဲ့ ကိုယ့်အိမ်လိုသဘောထားနော်”
ဆိုတဲ့သဘောမျိုးတွေနဲ့ သုံးသွားခြင်းဖြစ်သည်။
၂) အိမ်မှာ နေ့လည်စာစားပြီးမှ ပြန်လို့ပြောပါက၊ “အားနာစရာကြီး ဒုက္ခမပေးချင်ပါဘူးဗျာ” ဟုမြန်မာလို အားနာတဲ့အခါ ပြောလေ့ ရှိပါတယ်။
“You must stay for lunch.”
“Well, thanks, but I don't want to impose on you.”
ဤအခြေအနေ situation မျိုးတွင် I don’t want to impose on you. သည် “အားနာစရာကြီး မင်းကို ဒုက္ခမပေးချင်ပါဘူး” ဆိုတဲ့သဘောမျိုးနဲ့ သုံး သွားခြင်းဖြစ်သည်။
၃) အိမ်လာလည်တာ မုန့်တွေ လက်ဆောင်တွေအများကြီးဝယ်လာတဲ့အခါ “အားနာစရာကြီး သက်သက် ဒုက္ခရှာလို့ဗျာ” ဟုမြန်မာလို အားနာတဲ့အခါ ပြောလေ့ ရှိပါတယ်။
“Oh my God, you bought a lot.” “Thanks, but you didn't have to/ you shouldn't have.”
ဤအခြေအနေ situation မျိုးတွင် You didn't have to. (သို့) You shouldn't have သည် “အားနာစရာကြီး သက်သက် ဒုက္ခရှာလို့ဗျာ” သဘောမျိုးနဲ့ သုံးသွားခြင်းဖြစ်သည်။
(မှတ်ချက်။ ။ ၀ယ်ခဲ့ပြီးသောအရာများကို (အတိတ်) ဖြစ်သောကြောင့် didn't have to (သို့) should not have done ကို (done) ကိုဖျောက်ထားကာ သုံးရခြင်းဖြစ်သည်။)
Native Speakers တွေ English လိုပြောရာတွင် အားနာတယ်ဆိုတာ (သို့) အားနာတယ်ဆိုတာနှင့် တော်တော် ဆင်သောခံစားမှုကို မည်သို့ သုံးကာပြောသည်ကို အတုယူပြီး (in the same or similar situations) ထိုအခြေအနေများ (သို့) အလားတူ အခြေအနေများတွင် မိမိ၏အားနာတယ်ဆိုတဲ့ ခံစားမှုကို ထိထိမိမိ မှန်မှန်ကန်ကန် English လို ပြောနိုင် ရေးနိုင်ကြပါစေ။
Ko Nyein Chan Aung.

Post a Comment

0 Comments

Close Menu