Ad Code

Responsive Advertisement

မကောင်းဘူး/ မမိဘူးမမိုက်ဘူး စသဖြင့်ကို English လို ခေတ်ဆန်ဆန် ဘယ်လိုပြောကြလဲ သိချင်ပါလား? by Sayar Nyein Chan Aung


မကောင်းဘူး/ မမိဘူးမမိုက်ဘူး စသဖြင့်ကို English လို ခေတ်ဆန်ဆန် ဘယ်လိုပြောကြလဲ သိချင်ပါလား?
English လိုပြောရာရေးရာတွင် မည်သည့်အသုံးအနှုန်းတွေက ရှေးကျ ပြီး outdated ဖြစ်နေပြီလည်း၊ ခေတ်ဆန်သော modern အသုံးအနှုန်းတွေကို ဘယ်လိုသုံးနေကြတာလည်း ဆိုတာကို သိလျှင်ပိုကောင်း မည်ဟုယူဆသောကြောင့် ကျွန်တော် New York City မှာ ကျောင်းသားဘ၀က လူငယ် ပီပီ ကြားခဲ့၊ သုံးခဲ့၊ ပြောခဲ့သော "မကောင်းဘူး/ မမိဘူးမမိုက်ဘူး" သဘောဆောင်သည့် ခေတ်သုံးစကာ:တစ်ချို့ကိုဤ post လေးဖြင့်ဝေမျှလိုက် ပါတယ်။
မကောင်းသော/မမိုက်သော (bad) အဓိပ္ပာယ်ဖြင့်သုံးသော အမေရိကန်ခေတ်သုံး ဗန်းစကား တစ်ချို့ ကိုကြည့်လိုက် ရအောင်။
ဥပမာ….
Man, that was whack! (whack (adj) = bad)
ဟေ့ရောင်ရာ….အဲဒါကြီးက မမိုက်ပါဘူးကွာ။
Yo….you suck! (suck (verb) = to be of bad or poor quality)
ဟေ့ရောင်….မင်းပိန်းတယ်ကွာ။
(မှတ်ချက်။ ။Yo သည် American English တွင် you ကို ဗန်းစကားအနေဖြင့် သုံးသည်။)
မကောင်းဘူး/မမိဘူးမမိုက်ဘူးသဘောဖြင့်အပြောအများဆုံး လူငယ်သုံးခေတ်စကားကတော့ direct object မလိုပဲ သုံးနိုင်တဲ့(intransitive verb - suck)ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲဒီ့ စာလုံးဟာ ရိုင်းပြသောအသုံးအနှုန်း မဟုတ်တဲ့ အတွက် It is bad. လို့ ပုံမှန်ပြောမဲ့အစား ပေါ့ပေါ့ပါးပါး ပြောတဲ့ informal conversation တွေမှာ ခေတ်ဆန်ဆန် It sucks. လို့ စမ်းသုံးကြည့်စေချင်ပါတယ်။ Subject – It နေရာမှာ တစ်ခြားသော subjects များဖြင့် အစားထိုးပြီးလည်း သုံးကြည့်စေချင်ပါတယ်။
ဥပမာ …… Driving during rush hour sucks. He sucks at calculus. I suck at playing football. စသဖြင့်သုံးနိုင်သည်။
(မှတ်ချက်။ ။ တစ်ခုခုမှာ မကောင်းဘူး /ညံ့တယ်ဆိုတာ ကို suck at ဆိုတာဖြင့် သုံးနိုင်သည်။)
It is a very sucky job. (sucky (adj) = very bad or unpleasant)
ဒီဟာက တော်တော်လေး ပိန်းတဲ့အလုပ်ပဲ။
That was a shitty/crappy meal. (shitty /crappy (adj) = very horrible/ awful/ terrible/ bad)
အဲဒီ့ အစားအသောက်က တော်တော်လေးရွဲတယ်ကွာ။
(မှတ်ချက်။ ။ shitty/crappy ကို (noun) အနေနဲ့ (uncountable noun) ကဲ့သို့ That meal was shit/ crap. လို့လဲပြောကြသည်။)
That party was a bust. (bust (noun) = a failure or a flop)
အဲဒီ့ ပါတီပွဲကတော့ မမိုက်ပါဘူးကွာ။
ခေတ်စကားလေးတွေကို ပေါ့ပေါ့ပါးပါး မိတ်ဆွေသူငယ်ချင်း တွေနဲ့ English လိုပြောတဲ့အခါစမ်းသုံးရင်းEnglish စာကို အခြေအနေနှင့်လျော်ညီစွာခေတ်ဆန်ဆန် နဲ့ မှန်မှန်ကန်ကန် လေး ရေးနိုင်ပြောနိုင်ကြပါစေ။
Ko Nyein Chan Aung

Post a Comment

0 Comments

Close Menu