Ad Code

Responsive Advertisement

အားနာတာနဲ့ပတ်သက်ပြီး English လိုပြောတဲ့ Native Speakers တွေနဲ့ by Sayar Nyein Chan Aung


အားနာတာနဲ့ပတ်သက်ပြီး English လိုပြောတဲ့ Native Speakers တွေနဲ့ ကျွန်တော်တို့လို Non-native Speakers တွေ ယဉ်ကျေးမှု မတူတဲ့အတွက် ပြောပုံမတူကြောင်းကို ယခင် post မှာပြောပြီးဖြစ်ပါတယ်။
အခုလည်း English စာလေ့လာနေသူတစ်ယောက်က "အားနာလို့ မမေးတာ"ဆိုတာကို English လို ဘယ်လို ပြောလို့ရလဲ လို့ကျွန်တော့်ကို မေးတာနဲ့ အားလုံးသိဖို့ အလို့ငှာ ဝေမျှလိုက်ပါတယ်။
"အားနာလို့ မမေးတာ" ဆိုတာကို ဘယ်လိုအခြေအနေ ကိစ္စမျိုးမှာပြောတာလဲဆိုတာ မူတည်ပြီး English လိုပြောရာတွင် အနည်းငယ် ကွဲပြားနိုင်ပါတယ်။
အောက်မှာ ကျွန်တော် ရေးပြထားတဲ့ စာကြောင်းနမူနာပုံစံ တွေကတော့ ကိုယ်မေးလိုက်တဲ့မေးခွန်းက သူများရဲ့ အတွင်းရေး personal and private ကိစ္စဖြစ်နေလို့ မေးလိုက်လျှင် ကိုယ့်ဘက်က လွန်သွားမှာစိုးလို့ ဆိုတဲ့ အခြေအနေတွေမှာ ရေးနိုင်ပြောနိုင်သော စာကြောင်းတွေ ဖြစ်ပါတယ်။
မှတ်ချက်။ ။ "အားနာလို့ မမေးတာ" သည် အတိတ် အခြေအနေ တစ်ခုတွင် မေးမလို့ လုပ်ပြီးမှ မမေးတော့ပါဘူး ဆိုပြီး ဖြစ်သွားသောကြောင့် အတိတ်သဘောဖြင့် past tense များကိုသုံးကာ စာကြောင်းများကို တည်ဆောက် ထားပါတယ်။
မေးမလို့လုပ်ပြီးကိစ္စတစ်ခုကို "အားနာလို့ မမေးတာ" ဆိုတာကိုဘယ်လိုပြောပြီး ရှင်းပြလို့ရလဲ ဆိုတာကို ကြည့်လိုက်ရအောင်...
1) I didn't want to ask you that question because if I did, I would be intruding into your personal affairs.
2) I felt it would be indecorous of me to ask you that question; therefore, I chose not to ask.
3) I was going to ask you something; then I thought it would be inappropriate to ask you that question so I decided not to.
4) I didn't ask you that question because I would be crossing the line if I did.
5) It would be improper to ask you that question so I didn't ask.
6) The reason for not asking was I didn't think it was nice to ask such a question.
ဒီလောက်ဆို အားနာလို့ မေးမလို့ဟာကို မမေးခဲ့တာကို English လို ပြန်ရှင်းပြတတ်ပါပြီ။
English စာကို မှန်မှန်ကန်ကန်ထိထိရောက်ရောက် ရေးနိုင် ပြောနိုင်ကြပါစေ။
Ko Nyein Chan Aung

Post a Comment

0 Comments

Close Menu