Ad Code

Responsive Advertisement

တစ်ယောက်နဲ့တစ်ယောက်တွေ့ရာမှာအမြဲတမ်း How are you? လို့ ပြောပြီး နှုတ်ဆက်နေရတာ ရိုးနေပြီလား? by Sayar Nyein Chan Aung


တစ်ယောက်နဲ့တစ်ယောက်တွေ့ရာမှာအမြဲတမ်း How are you? လို့ ပြောပြီး နှုတ်ဆက်နေရတာ ရိုးနေပြီလား?
Casually ပေါ့ပေါ့ပါးပါး တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီး နှုတ်ဆက်ရာ တွင်ဘယ်လိုပြောလို့ရလဲဆိုတာ ကြည့်ရအောင်……..
1) Hi there! / Hey there! (Or) Hi! / Hey!
2) What’s going on?
3) How is it going?
4) What’s up?
5) How are you doing?
6) How is everything?
7) How are things?
8) What’s happening?
9) How’ve you been? (or) How’ve you been doing? (မတွေ့တာ ကြာသောသူကို နှုတ်ဆက်ရာတွင် သုံးလေ့ရှိသည်။)
10) Good morning! (or) Good afternoon! (or) Good evening!

(မှတ်ချက်။ ။ How do you do? ကိုလည်းသုံးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီ့အသုံးက Formal ဆန်ပါသည်။)
အမေရိကန်တွင် လူငယ်တစ်ချို့ခပ်မိုက်မိုက်လေးနှုတ်ဆက်ပုံကိုလည်း ကြည့်ရအောင်…..
1) What up? (What’s up? ကို “is” မပါပဲ တမင် grammar မှားနေစေကာမူ ခပ်မိုက်မိုက်လေး WAD DUP? အသံထွက်ကာပြောခြင်းဖြစ်ပါတယ်)
2) What’s cracking?
3) What’s popping?
(မှတ်ချက်။ ။ 2) နဲ့ 3) သည် ဘာထူးလဲ၊ ထူးထူးခြားခြားဘာဖြစ်နေလဲ ဟုမေး ခြင်းဖြစ်ပါတယ်။)
4) What’s new?
4) Yo! (Or) Hey man!
5) How are ya?
6) How ya doing? (ဤနေရာတွင်လည်း “are” ကိုတမင်မထည့်ပဲပြောခြင်ြး ဖစ်ပါတယ်။)
(မှတ်ချက်။ ။ American English တွင် you ကို အတိုကောက် informally ပြောရာတွင် “ya” တို့ "yo" တို့ဖြင့်လည်းသုံးသည်။)
ထိုသို့နှုတ်ဆက်ရာတွင်မေးတဲ့မေးခွန်းရဲ့အဓိပ္ပာယ်ပေါ်မူတည် ကာဖြေရမှာဖြစ်ပြီး I am fine. လို့ နှုတ်ဆက်ပုံတိုင်းကို ပြန်ဖြေလို့မရပေ။ အကြမ်းအားဖြင့် “you” မေးခွန်းမှာမပါလျှင် ကိုယ့်ရဲ့ အခြေအနေကို နေကောင်းလား မကောင်းလားဆိုတာကို ပြောစရာ မလိုပေ။
ဥပမာ….How is it going? ဟုနှုတ်ဆက်ပါက ကိုယ်နဲ့ ပတ်သက်လုပ်ကိုင်နေတဲ့ အရာတွေက ဘယ်လိုဖြစ်နေလဲ အစဉ်ပြေရဲ့လား ဟူသော သဘောဖြင့် မေးခြင်း ဖြစ်သောကြောင့် I am OK. / I am fine လို့ ပြန်ဖြေမဲ့အစား It is going great.လို့အရှည်ပြန်ဖြေလို့ရသလို၊ Great/ Good. ဟုအတိုဖြေလည်း ရသည်။
ဥပမာ….What’s up? သည် “ဘာထူးလဲ၊ ဘယ်လိုလဲ၊ ဘာဖြစ်လဲ” သဘော ဖြင့်မေးသည်ကိုလည်း သတိပြုစေ ချင်ပါသည်။
ဘာမှထွေထွေထူးထူးအကြောင်းမရှိပါကပုံမှန်ပြန်ဖြေလေ့ဖြေထ ရှိသည်မှာ “Nothing much.” ဟူ၍ဖြစ်ပါသည်။
ဒီလောက်ဆို တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ရာတွင် ပုံစံအမျိုးမျိုး သုံးကာ မထပ်အောင် ပြောနိုင် လောက်ပါပြီ။
Englishစာကိုမှန်မှန်ကန်ကန်ထိထိရောက်ရောက်ပုံစံအမျိုးမျိုးနဲ့ ရေးနိုင်ပြောနိုင် ကြပါစေ။
Ko Nyein Chan Aung

Post a Comment

0 Comments

Close Menu