Ad Code

Responsive Advertisement

I got home safely. နဲ့ I got home safe. ဘာကွာလဲလို့ တွေးမိဘူးပါသလား? by Sayar Nyein Aung


I got home safely. နဲ့ I got home safe. ဘာကွာလဲလို့ တွေးမိဘူးပါသလား?
စိတ်ဝင်စားတယ် ဆိုရင်တော့ သေချာလေး ခပ်ဖြည်းဖြည်းနဲ့ ကျွန်တော် ရှင်းပြတာကို စိတ်ရှည်ရှည်နဲ့ ဖတ်ကြည့်ပါနော်။
English စာကို ထိတွေ့မှုအများကြီးရှိပြီးသားသူအနေနဲ့တော့ အသုံးအနှုန်းများစွာကို မှန်ကန်စွာ သုံးနေကြ ဖြစ်နေတော့ grammar ကို သတိထား စရာမလိုပဲ မှန်မှန်ကန်ကန်ပြောပြီးသားဖြစ်သွားပါတယ်။
သို့သော် English စာကို ထိတွေ့မှုနည်းနေသူတွေက grammar pattern ပုံစံတစ်ခုတွေ့လျှင် နမူနာယူကာ တခြားသော ပုံစံတွေမှာ စမ်းသုံး လေ့ရှိပါတယ်။
ဒီလို grammar pattern တစ်ခုကို နမူနာယူပြီး တခြားဟာတွေမှာ ထည့်သုံး ခြင်းဟာ English စာ လေ့လာနေသူအတွက် လွန်စွာကောင်းသော အလေ့အထဖြစ်ပါတယ်။
သို့သော်ဘာကြောင့်စာကြောင်းကို သည်နေရာမှာတော့သည်လိုတည်ဆောက်လဲ ဟိုနေရာမှာကျတော့ ဘာလို့ဟိုလို ဖြစ်သွားရတာလဲ ဆိုတဲ့ အကြောင်း အရင်း ကိုပါသိရင် ပိုပြီးကောင်းမယ်လို့ ယူဆသောကြောင့် ဤ Post လေးကို ဝေမျှခြင်းဖြစ်ကြောင်းပြောပြလိုပါတယ်။
များသော အားဖြင့် English စာကို သိပ်မကျွမ်းကျင်ခင်မှာ မှားတတ်တာက predicate adjective နဲ့ Adverb ကို မှားပြီးသုံးတတ်ခြင်းဖြစ်ပါတယ်။
Predicate Adjective သည် စာကြောင်းတွင်ရှိသည့် subject ကို Link လုပ်ပေးတဲ့ Verb ကြားခံကာ အထူးပြု ခြင်းဖြစ်သည်။
ဥပမာ…. The car is red. (ကားက အနီရောင်ပါ။) တွင် The car ဆိုတဲ့ subject ကို is ဆိုတဲ့ linking verb ခံက red ဆိုတဲ့ predicate adjective က ဖော်ညွှန်း အထူးပြုလိုက်ခြင်းဖြစ်သည်။
ထိုနည်းတူ He seems nice. (သူကသဘောကောင်းတဲ့ပုံပဲ။) တွင် predicate adjective Nice သည် subject Heကို ဖော်ညွှန်း အထူးပြုခြင်းဖြစ်သည်။ ဒီနေရာမှာ seem ဆိုတဲ့ verb ကို အထူးပြုတယ်ထင်ပြီး adverb – Nicely သွား သုံးပါက မှားသွားပါသည်။
I got home safely. နဲ့ I got home safe. ဆိုတဲ့ စာကြောင်းလေးတွေကို လေ့လာကြည့်ရ အောင်။
I got home safely. ဆိုတဲ့ စာကြောင်း ကို နမူနာယူကာတစ်ယောက်ယောက်က I got home safe လို့ပြောပါက “မှားတယ် ဒီနေရာမှာ adverb ဖြစ်ရမှာ” ဆိုပြီး ထောက်ပြလေ့ ရှိပါတယ်။
အမှန်တော့ မှားလား မှန်လား ဆိုတာဟာ ဘယ်လိုနေရာ အခြေအနေမှာ ဘယ်လိုအဓိပ္ပာယ်နဲ့ သုံးသွားတဲ့ အပေါ်မှာမူတည်ပါတယ်။
I got home safely. နဲ့ I got home safe. ဟာ သူဟာနဲ့သူ နှစ်ခုလုံး Grammar မှန်ကန်ပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ် နဲ့ အထူးပြုကာရည်ညွှန်းပုံတော့ အနည်းငယ်ကွဲ သွားပါတယ်။
ကြည့်လိုက်ရအောင်ဘာကွာလဲ ဆိုတာကို.....
I got home safely. တွင် Adverb – Safely သည် Got ဆိုသော Verb ကို အထူးပြုကာ အိမ်ကိုဘယ်လိုပုံစံနဲ့ရောက်လာသလဲဆိုတာကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။
ဒါကြောင့် I got home safely = ကျွန်တော်ခရီးလမ်းမှာဘေးမသီရန်မခပဲ အိမ်ကိုရောက်လာခဲ့ပါတယ်။
ဤနေရာတွင် ရောက်လာခဲ့သည် ဆိုသော Got ဆိုတဲ့ Verb ကို Safely ဆိုတဲ့ adverb က အထူးပြုခြင်းဖြစ်တယ် ဆိုတာကိုမှတ်သားဖို့လိုပါတယ်။
I got home safe. တွင်မူ Safe သည် adjective ဖြစ်ပြီး Got ဆိုသော Verb ကိုအထူးပြုခြင်းမဟုတ်ပဲ၊ I ဆိုသော subject ၏ အိမ်ရောက်လာတဲ့အခါ မည်သည့် အခြေအနေ ဖြစ်နေသည် (state/condition of the person) ကို အထူးပြုကာညွှန်းခြင်းဖြစ်သည်။
I reached home in a safe condition. လို့ပြောသလို မျိုးဖြစ်ပါတယ်။
I got home safe.သည် “ကျွန်တော့်အိမ်ရောက်ပါပြီ၊ ကျွန်တော့် အခြေအနေလဲကောင်းပါတယ် ဘာမှမဖြစ်ပါဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်သည်။
ဤနေရာတွင် အဓိကမှတ်သားရမှာက predicate adjective - safe သည် အိမ်ရောက်လာသောသူ subject ၏ အခြေအနေကို condition/state ကို He has reached home, and he is safe and sound as well. သဘောမျိုးနဲ့ညွှန်းခြင်းဖြစ်ပါတယ်။
ထိုနည်းတူစွာ Your personal information will be kept confidentially. နဲ့ Your personal information will be kept confidential. ဆိုတာကိုသုံးသပ် ကြည့်ပါ။
Your personal information will be kept confidentially. လို့သုံးပါက (your personal information) သင့်ကိုယ်ရေး ကိုယ်တာအချက်အလက်တွေကို (keep) သိမ်းတဲ့အခါမှ တိုးတိုးတိတ်တိတ် မည်သူမျှ မသိအာင်မမြင်အာင် လျို့ဝှက်စွာ confidentially သိမ်းသည်ဟု အဓိပ္ပာယ် ဖြစ်သွားသည်။
ဘာလို့လဲဆိုတော့ Adverb ဖြစ်တဲ့ Confidentially က keep ဆိုတဲ့ verb ရဲ့ သိမ်းသည်ဆိုတဲ့ လုပ်ရပ်ကိုသွားပြီး အထူးပြုလို့ ဖြစ်ပါတယ်။
တနည်းအားဖြင့် Your personal information will be kept confidentially. သည် I will make sure that I am alone and no one sees me when I am storing away your personal information. လို့ပြောတာ နဲ့ အဓိပ္ပာယ်တူသွားပါတယ်။
Your personal information will be kept confidential. တွင်မူ (your personal information) သင့်ကိုယ်ရေး ကိုယ်တာအချက်အလက်တွေကို ဆိုတဲ့ subject ကို Confidential ဆိုတဲ့ predicate adjective က အထူးပြုကာ၊ သူများမသိနိုင်တဲ့ အခြေအနေတရပ်မှာ (keep) သိမ်းထားမယ် လို့ အဓိပ္ပာယ်ရပါတယ်။
တနည်းအားဖြင့် Your personal information will be kept confidential. သည် Your personal information will always be confidential while it is in my custody. လို့ပြောတာနဲ့ သဘောခြင်းတူပါတယ်။
နောက်နမူနာတစ်ခုမှာ…
You look tired.
မင်းပင်ပန်းနေပုံပေါက်နေတယ်နော်။
အထက်ပါဥပမာတွင်subject-You ၏ပုံပန်းသဏ္ဍာန်အခြေအနေကိုဖော်ညွှန်း သောကြောင့် tired ဆိုသော predicate adjective သာသုံးသည်။
look ဆိုသော verb ကို တွေ့တာနဲ့ အထူးပြုမယ်ဆိုပြီး adverb ဖြစ်တဲ့ tiredly သွားထည့်လိုက်ပါက ဆိုလိုချင် သော “မင်းပင်ပန်းနေပုံ ပေါက်နေတယ်နော်” အဓိပ္ပာယ်မရောက်တော့ပဲ၊ “မင်းပင်ပန်းကြီးစွာကြည့်နေတယ်။”ဆိုသော အဓိပ္ပာယ် ဖြစ်သွားသည်။
look ဆိုတဲ့ verb ကလည်း ထို တွဲလိုက်တဲ့ adverb (tiredly) ကြောင့် ပုံပန်းသဏ္ဍာန်ပေါက်သည် ဆိုတဲ့ အဓိပ္ပာယ်ကနေ ကြည့်သည် ဆိုတဲ့ အဓိပ္ပာယ်ကိုပါ ပြောင်းသွားပါတယ်။
ထို့ကြောင့် ထိုသို့ Predicate Adjective သုံးသောစာကြောင်းတစ်ခုကို နမူနာ pattern ယူပြီး လိုက်သုံးကြည့်ရာတွင် subject ရဲ့ state/ condition အခြေအနေကို အထူးပြုရည်ညွှန်းချင်တာလား Verb ကိုအထူးပြု ရည်ညွှန်းချင်တာလားဆိုတာကို ရှင်းရှင်းလင်းလင်းသိပြီးမှ adjective လား adverb ဆိုတာကို မှန်ကန်စွာရွေးချယ်သုံးသင့်ပါတယ်။
English စာကိုကောင်းစွာသိရှိနားလည်ပြီးမှန်ကန်ထိရောက်စွာရေးနိုင်ပြောနိုင် ကြပါစေ။
Ko Nyein Chan Aung

Post a Comment

0 Comments

Close Menu