Ad Code

Responsive Advertisement

Staff, Crew, Airlines, Airways, Information ဆိုတဲ့စာလုံးတွေကို ဘယ်လို ရေးနေ သုံးနေ by Sayar Nyein Chan Aung


Staff, Crew, Airlines, Airways, Information ဆိုတဲ့စာလုံးတွေကို ဘယ်လို ရေးနေ သုံးနေ ကြတာကို သတိထားမိပါသလဲ ခင်ဗျာ?
ကျွန်တော် ရုံးတွေ ကုမ္ပဏီတွေ နဲ့ အပြင်စကားဝိုင်းတွေမှာ သတိထားမိတဲ့ တချို့အသုံးအနှုန်းလေးတွေကို English လို မှန်ကန်စွာပြောစေ ရေးစေချင်တဲ့ ဆန္ဒ လေးနဲ့ ဒီ post လေးကို ပညာဒါနအနေနဲ့ ဝေမျှပေးပါတယ်။
Staff နှင့် Crew သည် Group တို့ Team တို့လို collective noun တွေဖြစ်ပြီး လူတစ်ဦးတစ်ယောက်ကို ထိုစာ လုံးများသုံး ၍ညွှန်းလို့မရပေ။
I am a staff at TRUST. လို့ပြောပါက မမှန်ကန်ပေ။ I am a team/group at TRUST လို့ပြောသလို ကြီးဖြစ်သွား သည်။
Staff (၀န်ထမ်းအမှုထမ်းများ) ကို လူတစ်ဦးတစ်ယောက်အား ရည်ညွှန်းချင်ပါက a member of the staff (or) a staff member လို့သုံးရပါတယ်။
ထို့ကြောင့် ကျွန်တော် ဒီရုံးရဲ့ ၀န်းထမ်း တစ်ယောက်ပါလို့ပြောချင်ပါက I am a staff member of this company. (သို့) I am a member of the staff at this company. လို့ပြောရပါတယ်။
Staff သည် (a collection of individual members) ဖြစ်သောကြောင့် သူ့ကို များသောအားဖြင့် British English တွင် plural noun ကဲ့သို့ သဘောထားကာ The staff are very well trained at your company ဟု Staff ကို are ဖြင့်သုံးသည်။
သို့သော် တစ်ချို့သော American English Speakers များက singular noun ကဲ့သို့သဘောထားကာ The staff under my supervision is very efficient. ဟု staff ကို is ဖြင့်လည်းသုံးကြသည်။
သို့သော် British English မှာရော American English မှာရော နာမ်စား pronoun အနေ နဲ့ညွှန်းပါက အမြဲ အများကိန်းနာမ်စား ဖြင့်သာညွှန်းသည်။
ဥပမာ….. The staff are/is very efficient in their performance. They deserve a big bonus. ဟု (their) တို့ (they) တို့ဖြင့် ညွှန်းသည်။
Staff ကို (s) ထည့်လိုက်ပါက groups တို့ teams တို့လိုမျိုးဖြစ်သွားကာ သီးခြားစီရှိသော ၀န်ထမ်းအဖွဲ့များ ကိုဆိုလိုသလိုဖြစ်သွားသည်။
ဥပမာ….. They are the staffs from my company and a friend of mine’s.
သူတို့တွေက ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ ကုမ္ပဏီက ၀န်ထမ်းတွေပါ။
ထိုနည်းတူစွာ I am a crew of American Airlines လို့ပြောလို့မရပေ။
I am a crew member of American Airlines. I am a member of the cabin crew at Qatar Airways. လို့ပြောရသည်။
Crew ကိုလည်း Staff နည်းတူ တစ်ချို့ native speakers တွေက plural noun အနေနဲ့ The crew I am flying with tonight are already familiar to me. ဟု are ဖြင့်သုံးသည်။ တစ်ချို့ ကျတော့လဲ The crew is divided in their opinions on the best place to go during the layover. ဟု singular noun ကဲ့သို့သတ်မှတ်ကာ is သုံးပြန်သည်။ ဒါပေမဲ့ သူတို့ကို နာမ်စားအနေနဲ့ They, Their, Theirs, them တို့ကိုသုံး ကာ ညွှန်းသည်။
လေကြောင်းလိုင်းများ၏ နာမည်များနှင့်ပတ်သက်ပြီးရေးရာပြောရာတွင် airline တို့ airway တို့စာလုံးတွေကို သုံးပါက အများကိန်းလုပ်ကာ (s) ထည့်ပြီး Airways / Airlines ဆိုပြီး ပြောရသည်။ သူတို့ သည်လေကြောင်းလမ်း အဖြာဖြာဖြင့် နေရာပေါင်းများ စွာကို ပျံသန်းနေသောကြောင့် many ways and lines ကိုရည်ညွှန်းကာ American Airlines ၊ Qatar Airways စသဖြင့် နာမည်ပေးထားခြင်းဖြစ်သည်။
သို့သော် company တစ်ခု အနေနဲ့ နာမည်ပုံစံမျိုးမဟုတ်ပဲ ရည်ညွှန်းပြီးပြောချင်ပါက (s) မထည့်ပဲ ပြောလို့ရသည်။
ဥပမာ… I am a crew member of an airline.
ကျွန်တော်က လေကြောင်းလိုင်း တစ်ခုရဲ့ လေယာဉ်ပေါ်တွင် ထမ်းဆောင် သော အမှု ထမ်း တစ်ယောက်ပါ။
နောက်ဆုံးတစ်ခုအနေနဲ့ပြောပြလိုတာကတော့ information သည် uncountable noun ဖြစ်သောကြောင့် ရေတွက်လို့ မရပေ၊အများကိန်းပြောင်းကာ(s)ထည့်လို့လဲမရပေ။
I need a new information on this new product. လို့ an information လို့ indefinite article (a/an) ထည့် ကာပြောလို့ရေးလို့မရပေ။
I need new information on this new product. (ကျွန်တော် ဒီပစ္စည်း အသစ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် အသစ်လိုတယ်။) ဟု (a/an) မထည့်ပဲ information ကို ဒီတိုင်းရေးရပြောရသည်။
မှတ်ချက်။ ။ ဒီနေရာမှာ ယေဘုယျဆန်စွာဘာမှန်းမသိသေးသော သတင်းအချက် အလက် ကိုညွှန်းခြင်း ဖြစ်တာကြောင့် (definite article – the) မထည့်ရ သည်ကို သိထားရမည်။
ကဲ…အခုအဲသည့် တောင်းထားတဲ့ new information ရပြီ ဗျာ။ နောက်ပြီး အဲသည့် ရပြီးသိပြီးပြီ ဖြစ်တဲ့ new information ကို အတိအကျညွှန်းပြီး ကောင်းတယ်လို့ပြောချင်ပြီဆိုရင်တော့ definite article (the) သုံးကာ The new information you gave me is good. ဟု ညွှန်းသည်။
Information သည် uncountable noun ဖြစ်လို့ an information လို့ indefinite article (a/an) နဲ့ တိုက်ရိုက် တွဲရေးလို့မရပေမဲ့ သတင်းအစိတ်အ ပိုင်းတစ်ခု နှစ်ခု လို့ ရေတွက်လို့ရတဲ့ ပုံသဏ္ဍာန် အသွင်ယူကာ a piece of information / these pieces of information လို့တော့ ရေးလို့ပြောလို့ ရပြန်သည်။
Information ကို သူ့ဟာသူပင်ကိုက singular noun ဖြစ်တာကြောင့် အနည်းကိန်း အဖြင့်သာ သတ်မှတ်ပြီး စာကြောင်းတည်ဆောက်ရသည်။ သို့သော် pieces of information လို့သုံးလိုက်ပါက pieces ဆိုတဲ့ အများကိန်း ကြောင့် အများကိန်း အဖြစ် သတ်မှတ်ကာစာကြောင်းတည်ဆောက်ပြီး ရေးရပြောရ မည်ဖြစ်သည်။
သည်လောက်ဆို အားလုံးလဲ Staff, Crew, Airlines, Airways, and Information ဆိုတဲ့ စာလုံးတွေကို သဘောသဘာဝသိကာ မှန်ကန်စွာသုံးကာ ပြောနိုင်ရေးနိုင်ပါပြီ။
မိမိ မိတ်ဆွေအသိုင်းအ၀ိုင်းထဲက သူတွေ လည်းပဲ သိသင့်တယ်ထင်ရင် ပညာဒါနအနေနဲ့ ဤ post လေးကိုဆက်လက်ဝေမျှလို့ ရပါတယ်။
အားလုံး English စာကို မှန်မှန်ကန်ကန် ရေးနိုင်ပြောနိုင် ကြပါစေ။
Ko Nyein Chan Aung

Post a Comment

0 Comments

Close Menu