Ad Code

Responsive Advertisement

English Speaking - Job Expressions (23) by Sayar WinNaingOo

Win Naing Oo's photo.

English Speaking - Job Expressions (23)
………………………………..
ဒီတစ်ကြိမ်မှာတော့ သတင်းထောက်နဲ့ မန်နေဂျာ တွေ့ဆုံမေးမြန်းခန်းလေးကို နမူနယူပြီး မိမိအလုပ်အကြောင်း မိတ်ဆက်ပြောဆို နိုင်ကြဖို့အတွက် တင်ဆက်လိုက်ပါတယ်
.
(1)
Reporter: Thank you for taking the time to meet with me today.
ဒီကနေ့ ကျနော်နဲ့တွေ့ဆုံဖို့ အချိန်ယူပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်
Manager: It's my pleasure.
(ကူညီရတာက) ကျနော် ပျော်ရွှင်တဲ့အရာပါ
.
(2)
Reporter: Which company do you work for?
ခင်ဗျားက ဘယ်ကုမ္ပဏီအတွက် အလုပ်လုပ်တာပါလဲ
Manager: I work for Springco.
ကျနော်က Springo အတွက် လုပ်ပါတယ်
.
(3)
Reporter: What does Springco do?
Springo က ဘာလုပ်ပါသလဲ
Manager: Springo distributes health products throughout the United States.
Springo က အမေရိကန်နိုင်ငံတ၀ှမ်းလုံးကို ကျန်မားရေးသုံးပစ္စည်းတွေ ဖြန့်ဖြူးရောင်းချပါတယ်
.
(4)
Reporter: Where is the company based?
ကုမ္ပဏီက ဘယ်မှာ အခြေစိုက်တာပါလဲ
Manager: Springco is located in Vermont.
ကုမ္ပဏီက Vermont (မြို့) မှာ တည်ရှိပါတယ်
.
(5)
Reporter: How many people do you employ?
လူဦးရေဘယ်နှစ်ယောက် အလုပ်ခန့်ထားပါသလဲ
Manager: Currently, we have 450 people on staff.
လောလောဆယ်အားဖြင့် ကျနော်တို့ မှာ ၀န်ထမ်းဦးရေ ၄၅၀ ရှိပါတယ်
.
(6)
Reporter: What's your annual revenue?
ခင်ဗျားတို့ တစ်နှစ်လုံးအတွက် ၀င်ငွေစုစုပေါင်းက ဘယ်လောက်ပါလဲ
Manager: Our gross revenue is about $5.5. million this year.
ဒီနှစ်မှာ ကျနော်တို့ရဲ့ အကြမ်း ၀င်ငွေက ဒေါ်လာ ၅.၅ သန်းခန့် ရှိပါတယ်
(အကြမ်းဝင်ငွေဆိုတာက အသုံးစရိတ်တွေ မနှုတ်ရသေးခင် ဖြစ်ပါတယ်)
.
(7)
Reporter: What type of distribution services do you provide?
ဘယ်လို ဖြန့်ဖြူးမှု ၀န်ဆောင်လုပ်ငန်းတွေကို ပေးတာပါလဲ
Manager: We distribute to both wholesale and retail outlets.
ကျနော်တို့က လက်လီရော လက်ကားအရောင်းဆိုင်တွေပါ နှစ်မျိုးလုံး ဖြန့်ဖြူးရောင်းချပါတယ်
.
(8)
Reporter: Is your company public?
ခင်ဗျားတို့ ကုမ္ပဏီက အများပိုင်ကုမ္ပဏီအမျိုးအစားလား
Manager: No, we are a privately held company.
မဟုတ်ပါဘူး ၊ ကျနော်တို့က ပုဂ္ဂလိက ထိန်းချုပ်ထားတဲ့ ကုမ္ပဏီပါ
( Our company is a private compay. ဆိုလည်း ရတာပါပဲ)
.
(9)
Reporter: What type of logistical structure do you have?
ဘယ်လို ထောက်ပံ့ပို့ဆောင်ရေးပုံစံ(ဖွဲ့စည်းပုံ) ရှိပါသလဲ
Manager: We ship from four regional warehouses.
ဒေသဆိုင်ရာ ကုန်လှောင်ရုံ လေးခုကနေ တင်ပို့ပါတယ်
.
(10)
Reporter: Where are your products manufactured?
ခင်ဗျားတို့ကုန်ပစ္စည်းတွေကို ဘယ်မှာ ထုတ်လုပ်တာပါလဲ
Manager: Most of our products are manufactured abroad, but a number are also produced here in the United States.
ကျနော်တို့ ကုန်ပစ္စည်းအများစုကို နိုင်ငံခြားမှာ ထုတ်လုပ်ပါတယ် ၊ အရေအတွက် အတော်များများကိုလည်း ဒီ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်ပါတယ်
.
( a number of products ကနေ of products ကို ဖြုတ်ထားတာဖြစ်ပါတယ် ၊ a number ဆိုသော်လည်း အရေအတွက် တော်တော်များများကို ရည်ညွှန်းတဲ့အတွက် plural verb နဲ့ပဲ တွဲရပါတယ်)
.
ဝေါဟာရများ

Distribute (v) ဖြန့်ဖြူးရောင်းချသည်
Pleasure (n) ပျော်ရွှင်မှု ၀မ်းမြောက်မှု ကြည်နူးမှု
Throughout (adv) တ၀န်းလုံး ၊ အနှံ့အပြား ။ တောက်လျှောက် ။
Locate (v) တည်ရှိသည် ၊ (us) အခြေစိုက်သည်
On staff (adj phr) ၀န်ထမ်းအဖြစ်ရှိသော
People on staff (phr) ၀န်ထမ်းအဖြစ်ရှိသောလူဦးရေ
Revenue (n) လုပ်ငန်းဝင်ငွေ
Provide (v) ပေးသည် ၊ စီစဉ်ပေးသည် ၊ ပံ့ပိုးပေးသည်
Outlet (n) ထွက်ပေါက် ၊ ကုန်ပစ္စည်းအရောင်းဆိုင်
Hold (v) ကိုင်ဆောင်သည် ၊ ထိန်းချုပ်ထားသည်
Logistics (n) ထောက်ပံ့ပို့ဆောင်ရေး
Regional (adj) ဒေသဆိုင်ရာ
Warehouse (n) ကုန်လှောင်ရုံ ၊ ဂိုဒေါင်
Ship (v) ကုန်ပစ္စည်းတင်ပို့သည် ၊ ပို့ဆောင်သည်
.
မေတ္တာဖြင့်

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu