Ad Code

Responsive Advertisement

How to Jailbreak iOS 8.4 using TaiG Jailbreak tool on Windows


iOS 8.4 အတွက် PP Jailbreak tool ကိုအသုံးပြုပြီး Jailbreak ပြုလုပ်နိုင်သလို မကြာသေးခင်ကမှ iOS 8.3 အတွက် jailbreak ပြုလုပ်နိုင်ထားတဲ့ TaiG Team ရဲ့ နောက်ဆုံးထွက်ရှိတဲ့ TaiG Jailbreak tool(Version 2.2.0) ကိုအသုံးပြုပြီးလဲ iOS 8.4 ကိုJailbreak ပြုလုပ်နိုင်ပါတယ်.

iOS 8.4 Jailbreak ပြုလုပ်ဖို့ရန်အတွက် TaiG နဲ့ PP ကြိုက်ရာ Jailbreak tool ကိုသုံးကာပြုလုပ်နိုင်ပါတယ်... TaiG Jailbreak Tool ကတော့ Windows OS ပေါ်မှာပဲအသုံးပြုနိုင်မှာဖြစ်ပြီး Mac OS X အတွက်ဆိုရင်တော့ Virtual Machine အစရှိတဲ့ Software ခံကာ အသုံးပြုနိုင်ပါတယ်....  ဒီလိုမှမဟုတ်ရင်လဲ PP Jailbreak tool for Mac (iOS  8.1.3 - iOS 8.4) ကိုအသုံးပြုပြီးလဲ Mac ပေါ်မှာ Jailbreak လုပ်နိုင်ပါတယ်.. 

Jailbreak မပြုလုပ်ခင် သိရှိထားသင့်တဲ့အရာများကိုလဲ တင်ပြပေးချင်ပါတယ်

~ Device ကို iCloud သို့မဟုတ် iTunes ဖြင့်အရင် Backup လုပ်ထားပါ

How to back up your device using iCloud or iTunes

~ TaiG Jailbreak tool ဟာ iOS 8.1.3 မှ iOS 8.4 အထိ support လုပ်ပါတယ်
~ Anti-virus software များနှင့် Firewall prevent လုပ်ထားပါက Jailbreak ပြုလုပ်ပြီးသည်အထိ  ခေတ္တ     ပိတ်ထားပါ
~ မိမိရဲ့ PC မှာ Internet Connection ချိတ်ဆက်ထားဖို့လိုပါတယ်..
~ မိမိရဲ့ Device ကို Passcode ဖြုတ်ထားပါ . . .  Settings App > Touch ID & Passcode
~ Find my iPhone ကိုလဲပိတ်ထားပါ . . . Settings App > iCloud > Find my iPhone
~ Device ကို Airplane Mode ထားပြီး Jailbreak လုပ်ပါ.. ဒါဆိုရင် Jailbreak လုပ်နေစဉ် Error တက်    ဖို့အခွင့်အလမ်းနည်းစေမယ်လို့ ညွှန်းထားကြပါတယ် . . . Control Centre > Airplane Mode

How to Jailbreak iOS 8.4 using TaiG on Windows


TaiG Jailbreak tool for Windows  ကို Download ရယူပြီး Zip ဖြည်ပါ
~ ထို့နောက် Jailbreak လုပ်မည့် Device ကို PC နှင့်ချိတ်ဆက်ပါ
~ Zip ဖြည်ထားသော Jailbreak tool ကို "Run as Administrator" နှိပ်၍ Run ပါ
~ အောက်တွင်တွေ့ရတဲ့အတိုင်း Box အတွင်းမှ 3K Assistant 2.3.0 ဘေးရှိ အမှန်ခြစ်ကိုဖြုတ်ပါ..
~ ထို့နောက် Start ကိုနှိပ်ပါ


~ ထို့နောက် Reboot ကျသွားပါလိမ့်မယ်


~ Reboot ထပ်ကျပါမယ်

~ မကြာခင်မှာပြီးပါတော့မယ်
~ အခုဆိုရင်တော့ iOS 8.4 ကို TaiG Version 2.2.0 သုံးပြီး Windows OS ပေါ်မှ အောင်မြင်စွာ Jailbreak ပြုလုပ်ပြီးပြီပဲဖြစ်ပါတယ်. ဒါ့အပြင် သင့်Deviceရဲ့ Home Screen မှာ Cydia icon ကိုတွေ့မြင်ရမှာဖြစ်ပါတယ်..
iOS 8.4 အတွက် Jailbreak tool နှစ်မျိုးရှိတဲ့အတွက် နောက်တမျိုးဖြစ်တဲ့ PP Jailbreak (Windows) နဲ့ ဘယ်လို Jailbreak လုပ်မလဲဆိုတာ သိချင်ရင်တော့ ပုံနဲ့တကွ ဤနေရာ မှာဖတ်ရှုနိုင်ပါတယ်

Mac OS X ပေါ်မှာ PP Jailbreak သုံးပြီး iOS 8.4 ကို Jailbreak ပြုလုပ်ပုံလဲ မကြာမီဆက်လက်တင်ပေးပါမယ်
အဆင်ပြေကြပါစေ . . .
THINK DIFFENENT
HtetWai (iOSKnowledgeBank.MM)
http://www.winhlaing.orgမှ ကူးယူဖော်ပြသည်။
အဆင်ပြေကြပါစေ
ကျိုက္ခမီသားလင်းနိုင်ဦး

Post a Comment

0 Comments

Close Menu