Ad Code

Responsive Advertisement

Office Expressions (22) by Sayar Win Naing Oo

Win Naing Oo's photo.

Office Expressions (22)
................................
ဒီတစ်ကြိမ်မှာတော့ အကြီးအကဲ (boss) နဲ့ ၀န်ထမ်းတစ်ဦး အပြန်အလှန် ပြောဆိုကြပုံလေး ဖြစ်ပါတယ် ..
.....
A : Have you done your yesterday’s daily report?
မနေ့ကအတွက် မင်းလုပ်ရမယ့် နေ့စဉ်အစီရင်ခံစာ ပြီးသွားပြီလား
.
B : No, I haven’t. I had to attend the seminar all day long yesterday. I’ll do it right now.
မပြီးသေးပါဘူးခင်ဗျ ၊ မနေ့က တစ်နေ့တာလုံး ဆွေးနွေးပွဲ တက်နေခဲ့ရပါတယ် ၊ ကျနော် အခုချက်ခြင်းပဲ လုပ်လိုက်ပါမယ်
.
A : Why didn’t you ask your co-worker to do it yesterday?
မနေ့ကတည်းက မင်းနဲ့တွဲလုပ်တဲ့သူကို အဲဒါလုပ်ပေးဖို့ ဘာဖြစ်လို့ မေတ္တာရပ်ခံပြီး မပြောတာလဲ
.
B : They were all busy yesterday.
မနေ့က သူတို့အားလုံး အလုပ်များနေခဲ့ကြပါတယ်
.
A : Well, can you make it before 11 today? I need it to discuss our new project.
ကောင်းပြီ ၊ မင်း ဒီနေ့ (၁၁)နာရီ မတိုင်ခင် ပြီးအောင်လုပ်နိုင်မလား ၊ ငါတို့ရဲ့ စီမံချက်အသစ်ကို ဆွေးနွေးဖို့အတွက် လိုအပ်နေတယ်
.
B : Yes sir, I will. What else should I prepare?
ဟုတ်ကဲ့ပါဆရာ ၊ ကျနော်လုပ်ပါမယ် ။ ဒါ့အပြင် တခြားဘာများ ပြုစုဖို့ (အသင့်ပြင်ထားဖို့) လိုပါဦးမလဲ
.
A : We are going to hold a general meeting tomorrow morning at 7 am. Can you go home late today? We need to prepare all of the reports. And you must make them in power point.
ငါတို့ မနက်ဖန်မနက် (၇)နာရီမှာ အထွေထွေအစည်းအဝေး ကျင်းပမယ် ၊ မင်း ဒီနေ့ အိမ်ကိုနောက်ကျပြီး ပြန်လို့ရမလား ၊ ငါတို့က .. အစီရင်ခံစာတွေ အားလုံးကို အသင့်ပြင်ထားဖို့ လိုအပ်တယ် ။ ပြီးတော့ မင်း အဲဒါတွေကို Power Point နဲ့ လုပ်ရမယ်နော် ..
.
B : No problem Sir, I will be ready for that.
အဆင်ပြေပါတယ်ဆရာ ၊ အဲဒါအတွက် (အစည်းအဝေးအတွက်) ကျနော် အဆင်သင့် ရှိနေမှာပါ
.
A : Please inform all of the managers to join the meeting tomorrow.
ကျေးဇူးပြုပြီး မနက်ဖန်မနက်မှာ တက်ရောက်ဖို့ မန်နေဂျာတွေ အားလုံးကို သတင်းပို့လိုက်ပါ
.
B : Should I type the agenda for the meeting too?
အစည်းအဝေးအတွက်လည်းပဲ အစည်းအဝေးအစီအစဉ် ရိုက်ပေးရပါမလား
.
A : Oh yes, I almost forget. Please type it, then copy it to 15, and distribute them to all
department managers.
အား ဟုတ်တာပေါ့ မေ့တော့မလို့ ။ ရိုက်ပေးပါ ၊ ပြီးလျှင် ၁၅ စောင် မိတ္တူကူးပါ ၊ နောက်တော့ အဲဒါတွေ ( အစီအစဉ်စာရွက်မိတ္တူတွေ) ကို ဌာနခွဲမန်နေဂျာတွေ အားလုံးဆီ ဖြန့်ဝေလိုက်ပါ ။
.
B : Surely.
စိတ်ချပါခင်ဗျာ
...
ဝေါဟာရများ
.
seminar (n) ဆွေးနွေးပွဲ ၊ နှီးနှောဖလှယ်ပွဲ
ask (v) (ပြုလုပ်ပေးရန်) မေတ္တာရပ်ခံသည်
else (adv) ဒါ့အပြင် ၊ နောက်ထပ်
prepare (v) အသင့်ပြင်သည် ၊ ကြိုတင်ပြင်ဆင်သည်
project (n) စီမံချက်
hold (v) ကျင်းပသည် ၊ ဆွေးနွေးပွဲ ပြုလုပ်သည်
inform (v) သတင်းပို့သည် ၊ အကြောင်းကြားသည် ၊ သတင်ပေးသည်
distribute (v) ဝေငှသည် ၊ ဖြန့်ဝေသည်
.
မေတ္တာဖြင့်

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu