Ad Code

Responsive Advertisement

Very ကို Adjective အဖြစ်သုံးတဲ့အခါ by Sayar WinNaingOo

Win Naing Oo's photo.

Very ကို Adjective အဖြစ်သုံးတဲ့အခါ
…………………....
Very ကို Adverb အဖြစ် အသုံးများတဲ့အတွက် Adjective နေရာမှာ သုံးတာတွေ့တဲ့အခါ မှားများမှားသလား ထင်ရတတ်ပါတယ် ၊
အဲဒါကြောင့် Adjective အဖြစ်သုံးလေ့ရှိတဲ့ ပုံစံလေးများကို စုစည်း တင်ဆက်လိုက်ပါတယ်..
…………………………….
(1) Exact or particular: အတိအကျ ဖြစ်သော ၊ အတိအကျ
.
You are the very girl I was looking for!
မင်းဟာ ကိုယ်ရှာဖွေနေခဲ့တဲ့ မိန်းကလေး အတိအကျပါပဲ
You're the very person we need for the job.
ခင်ဗျားက အလုပ်အတွက် ကျနော်တို့လိုအပ်နေတဲ့လူ အတိအကျပါပဲဗျာ
That's the very thing I need.
အဲဒါက ကျနော်လိုနေတဲ့အရာ အတိအကျပေါ့
………………………………
(2) Real : စစ်မှန်သော ၊ အစစ်အမှန်
.
Well, you finally have your VERY own car.
ကောင်းပြီ ၊ နောက်ဆုံးမှာတော့ မင်း အစစ်အမှန်ပိုင်ဆိုင်တဲ့ ကားတစ်စီးရှိပြီပေါ့
…………………………………
(3) Mere: မျှသာ
.
The VERY thought of you and I forget to do the little ordinary things.
မင်းအကြောင်း တွေးယုံမျှနဲ့ လုပ်စရာရှိတဲ့ ပုံမှန်အလုပ်လေးတွေကို ကိုယ်မေ့သွားတယ်
………………………..
(4) Extreme: အဆုံးစွန်သော (နေရာ ၊ အချိန် တို့မှာသုံး)
.
He smoked his cigarette down to the VERY end, then stubbed it out.
သူက စီးကရက်ကို အောက်ခြေအဆုံးထိအောင် ဖွာလိုက်တယ် ၊ ပြီးတဲ့နောက် ထိုးခြေပြီး မီးငြိမ်းလိုက်တယ်
Can you see that little bird right up at the VERY top of the tree?
သစ်ပင်ရဲ့ ဟိုးအမြင့်ဆုံး ထိပ်ဆုံးမှာ နားနေတဲ့ အဲဒီငှက်လေးကို မင်းမြင်နိုင်ရဲ့လား
We stayed till the VERY end of the party.
ပါတီပွဲ လုံးဝ.. လုံးဝ ပြီးဆုံးတဲ့အထိ ကျနော်တို့ နေခဲ့ပါတယ်
……………………………
(5) Important or serious : အရေးကြီးသော ၊ စိုးရိမ်ဖွယ်ရာဖြစ်သော
.
This young man was suffered with a rare blood disorder called lupus, which threatened his VERY life.
ဒီလူငယ်လေးမှာ Lupus လို့ခေါ်ပြီး ရှားပါးတဲ့ သွေးပရမ်းမတာဖြစ်မှုရောဂါ ခံစားခဲ့ရပါတယ် ၊ အဲဒါက သူ့ရဲ့ စိုးရိမ်ဖွယ်ဖြစ်တဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခဲ့ပါတယ်
A storm is threatening my very life today.
ဒီနေ့မှာ မုန်တိုင်းတစ်ခုက ကျနော့်ရဲ့ အရေးကြီးတဲ့ အသက် အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်
………………………………………..
ထူးခြားချက် လေးတွေကို စိတ်ဝင်စားသူများအတွက် ဖြစ်ပါတယ်
.
မေတ္တာဖြင့်
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu