Ad Code

Responsive Advertisement

English Speaking Basics (28)


Win Naing Oo's photo.

အင်္ဂလိပ်စကားပြော အခြေခံများ (၂၈)
..............................................
ဒီတစ်ပတ်မှာတော့ ကျနော်တို့ လူမှုဆက်ဆံရေး နယ်ပယ်မှာ အလွန်အသုံးဝင်တဲ့ စကားလေးတစ်ခုကို
တင်ဆက်လိုက်ပါတယ် ၊ တစ်စုံတစ်ယောက်က ကျနော်တို့အတွက် တစ်ခုခုလုပ်ပေးတာကို အသိအမှတ် ပြုဖို့အတွက် ဒီပုံစံလေးကို သုံးလိုက်ပါ ..
.
IT'S VERY KIND OF YOU TO + (VERB)
..................................................
When saying it is 'kind of you' you are saying that what someone has done or said was very appreciated or welcomed.
.
(1) It's very kind of you to help me.
ကျနော့်ကို ကူညီခဲ့တာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(2) It's very kind of you to listen to me.
ကျနော့်စကားကို နားထောင်ခဲ့တာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(3) It's very kind of you to invite us.
ကျနော်တို့ကို ဖိတ်ကြားခဲ့တာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(4) It is kind of you to increase my salary.
ကျနော့်ကို လခတိုးပေးခဲ့တာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(5) It is kind of you to decorate for the party.
ပါတီပွဲကို ပြင်ဆင်ဖန်တီး ပေးခဲ့တာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(6) It's very kind of you to offer me the job.
ကျနော့်ကို အလုပ်ကမ်းလှမ်းခဲ့တာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(7) It’s very kind of you to lend me some money.
ကျနော့်ကို ပိုက်ဆံတချို့ ချေးပေးခဲ့တာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(8) It's very kind of you to inform us what happened.
ဖြစ်ပျက်ခဲ့တာကို ကျနော်တို့ကို အကြောင်းကြားပေးခဲ့တာဟာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(9) It is very kind of you to send me such a nice present.
ဒီလိုမျိုး အလွန်ကောင်းတဲ့ လက်ဆောင်ကို ကျနော့်ဆီ ပေးပို့ခဲ့တာဟာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
.
(10) It's very kind of you to invite me to your birthday party.
ခင်ဗျားရဲ့ မွေးနေ့ပါတီကို ကျနော်ကို ဖိတ်ကြားခဲ့တာဟာ ခင်ဗျားက သိပ်ကို ကြင်နာတတ်တဲ့သူ ဖြစ်လို့ပါပဲ
..
ဒီနေ့တော့ နဲနဲလေးပဲမို့ အလွတ်ရအောင် လုပ်ထားလိုက်ပါလား
..
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu