Ad Code

Responsive Advertisement

English Speaking Basics (30) အင်္ဂလိပ်စကားပြော အခြေခံများ (၃၀)


Win Naing Oo's photo.
……………………………………..
အသေးစိတ် တိတိကျကျ မပြောနိုင်တဲ့ အမှားတစ်ခု ရှိတာကို သိနေတဲ့အခါ ၊ အမှားရှိတယ်လို့တော့ သိတယ် ဘာမှားနေတာလဲတော့ မသိဘူး ၊ အဲလိုအခါမျိုးမှာ “အမှားတစ်စုံတစ်ခုတော့ ရှိနေတယ်” လို့ ပြောတတ်ကြတယ် မဟုတ်လား အဲဒါကိုပြောဖို့ ဒီပုံစံလေးကို သုံးလိုက်ပါ .
.
THERE IS SOMETHING WRONG WITH + (NOUN)
……………………………………………………..
You are informing someone that there is something not right or out of the ordinary.
.
1. There is something wrong with my mobile phone.
ကျနော့် လက်ကိုင်ဖုန်းမှာ အမှားတစ်စုံတစ်ခုတော့ ရှိနေတယ်
.
2. There is something wrong with my head.
ကျနော့်ခေါင်းမှာ အမှားတစ်စုံတစ်ခုတော့ ရှိနေတယ် (ဘာမှန်းမသိ တစ်ခုခုဖြစ်နေတယ်)
.
3. There is something wrong with your way of thinking.
ခင်ဗျားရဲ့ စဉ်းစားပုံစဉ်းစားနည်းမှာ အမှားတစ်စုံတစ်ခုတော့ ရှိနေတယ်
.
4. There is something wrong with your attitude.
ခင်ဗျားရဲ့ စိတ်နေသဘောထားမှာ အမှားတစ်စုံတစ်ခုတော့ ရှိနေတယ်
.
5. There is something wrong with our relationship.
ကျနော်တို့ ဆက်ဆံရေးမှာ အမှားတစ်စုံတစ်ခုတော့ ရှိနေတယ် (အဆင်မပြေဖြစ်နေတယ်)
.
6. There is something wrong with our alarm clock.
ကျနော်တို့ရဲ့ နိုးစက်ပေးတဲ့နာရီမှာ အမှားတစ်စုံတစ်ခုတော့ ရှိနေတယ် (ကောင်းကောင်း အလုပ်မလုပ်)
.
7. There is something wrong with him.
သူနဲ့ အမှားတစ်စုံတစ်ခုတော့ ရှိနေတယ် ( အဆင်မပြေမှု တစ်ခုခု ရှိနေသလိုမျိုး)
……………………………………………
မေးခွန်းမေးတဲ့အခါမှာတော့ some နဲ့ any တို့ရဲ့ ပုံသေနည်းအတိုင်း ၊ something ကို anything နဲ့ ပြောင်းပေးလိုက်ပါ ..
.
8. Is there anything wrong with him?
သူနဲ့ ပြဿနာ တစ်ခုခု ရှိနေလား
.
9. Is there anything wrong with being gay?
မိန်းမလျာ ဖြစ်နေတာနဲ့ (ပတ်သက်ပြီး) ပြဿနာ တစ်ခုခု ရှိနေလား
.
10. Is there anything wrong with being single at 30?
အသက် (၃၀) မှာ တစ်ကိုယ်တည်း ဖြစ်နေတာနဲ့ပဲ အမှားတစ်ခုခု ဖြစ်ရောလားဗျာ
………………………..
အမှားဘာမျှမရှိဘူးလို့ ပြောချင်လျှင်တော့
THERE IS NOTHING WRONG WITH + (NOUN)
...
(11) There is nothing wrong with the structure of this sentence.
ဒီဝါကျမှာ တည်ဆောက်ပုံ အမှားအယွင်း ဘာမျှ မရှိပါဘူး
.
(12) There is nothing wrong with you.
ခင်ဗျားနဲ့ ကျနော်နဲ့ကြား ဘာမှ အမှားအယွင်း မရှိပါဘူး
.
(13) There is nothing wrong with being single.
တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတာ အမှားအယွင်း မဟုတ်ပါဘူး
.
(14) There is nothing wrong with the car.
ကားမှာ ဘာပြဿနာမှ မရှိပါဘူး
..
ကဲ အမှားရှိတယ်လို့ ထင်တဲ့အခါ သို့မဟုတ် မထင်တဲ့အခါ ပြောလို့ရသွားပါပြီ ..
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu