Ad Code

Responsive Advertisement

English Speaking Basics (40) အင်္ဂလိပ်စကားပြော အခြေခံများ (၄၀)


Win Naing Oo's photo.

………………………………………………………………
တစ်ခါတလေမှာ တစ်စုံတစ်ခုဟာ မဖြစ်မှာသေချာတယ် ၊ မလုပ်မှာသေချာတယ် .. ဖြစ်ဖို့ရာ အကြောင်းမရှိဘူးလို့ သေသေချာချာ ငြင်းဆိုချင်တဲ့ အခါတွေလည်း ရှိပါလိမ့်မယ် ၊ အဲလိုပြောချင်တဲ့ စိတ်ကူးမျိုး ပေါ်လာတဲ့အခါ ဟောဒီပုံစံလေးကို သုံးလိုက်နိုင်ပါတယ်..
.
THERE'S NO WAY + (SUBJECT + VERB)
……………………………………………………
By stating 'there's no way' you are relaying a thought of doubt about an event taking place now or in the future.
There is no way : Certainly not; never.
.
(1) There's no way our candidate can lose.
ကျနော်တို့ရဲ့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းက ရှုံးနိုင်ဖို့ အကြောင်းမရှိပါဘူး
(Candidate (n) ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း)
.
(2) There's no way you finish on time.
ခင်ဗျား အချိန်ကိုက်ပြီးစီးဖို့ လုံးဝမဖြစ်နိုင်တာ သေချာပါတယ်
.
(3) That's no way to disrespect to your mother!
မင်းရဲ့အမေကို မလေးမစားပြုဖို့ လုံးဝအကြောင်းမရှိဘူးနော်!
(dis-respect (v) မလေးမစားပြုသည် ၊ မရိုမသေပြုသည်)
.
(4) There's no way they expect it.
သူတို့ အဲဒါကို မျှော်မှန်းဖို့ အကြောင်းမရှိပါဘူး
.
(5) There's no way he can fix it.
သူက အဲဒါကို ပြင်ဆင်နိုင်ဖို့ အကြောင်းမမြင်ပါဘူး
.
(6) There's no way he can handle the problem.
သူပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အကြောင်းမရှိပါဘူး
.
(7) There's no way your brother injured his ankle.
ခင်ဗျားရဲ့အကို ခြေကျင်းဝတ် ဒဏ်ရာရခဲ့ဖို့ အကြောင်းမရှိပါဘူး
(ankle (n) ခြေကျင်းဝတ်)
.
(8) There is no way he missed it.
သူ အဲဒါကို လွဲချော်သွားခဲ့ဖို့ လုံးဝမဖြစ်နိုင်တာ သေချာပါတယ်
.
(9) There’s no way this sentence is wrong.
ဒီဝါကျ မှားဖို့ အကြောင်းမရှိပါဘူး
.
(10) There’s no way The PM will accept an invitation.
ဝန်ကြီးချုပ်က ဖိတ်ကြားချက်ကို လက်ခံလိမ့်မယ်ဆိုတာ လုံးဝ ဖြစ်နိုင်ခြေမရှိပါဘူး
(PM = Prime Minister ၀န်ကြီးချုပ်)
.
စကားပြောတဲ့အခါမှာ ရှေ့ဆုံးက There’s ကို ဖြုတ်ပြီးတော့ No way ကနေစပြီးလည်း ပြောတဲ့ အခါတွေလည်းရှိပါတယ် ၊ နည်းနည်းရိုင်းပါတယ် ယေဘူယျ ယူဆချက်အရတော့ အဖွင့်စကားလုံးလေးတွေ ယဉ်ကျေးမှုပြစကားလုံးလေးတွေနဲ့ ရှည်ရှည်ပြောတာက ပိုယဉ်ကျေးပြီး တိုတိုပြောတာတွေက ရိုင်းပါတယ်.. ဘာသာစကားအားလုံးနီးပါး ဒီအတိုင်းပါပဲ..
.
(11) ‘Do you want to help?’ ‘No way!’
အကူအညီပေးလိုပါသလား ။ (ပေးဖို့) အကြောင်းမရှိဘူး!
…………………………………………………………..
တစ်ဆက်တည်းမှာပဲ ကျနော်တို့ မကြာခဏ ကြားလေ့ကြားထရှိတဲ့ စကားစုလေးတွေကိုပါ အဆစ်ပေးလိုက်ချင်ပါသေးတယ်.. အထက်မှာ ပြောခဲ့တဲ့ way က နည်းလမ်းကို ကိုယ်စားပြုတယ် ၊ အခုအောက်မှာ ပြောမှာက way = လမ်းကြောင်း ဖြစ်ပါတယ် .. မတူပါဘူးနော်
.
(1) ON THE WAY / ON ONE’S WAY = လမ်းကြုံတယ် ၊ သွားတဲ့ လမ်းကြောင်းပေါ်မှာ ရှိတယ်
……….
(1.1) I met Tom on the way.
ကျနော်က တွန်မ်ကို သွားရင်းလာရင်း လမ်းပေါ်မှာပဲ တွေ့ခဲ့တာပါ
.
(1.2) We're on our way home.
ကျနော်တို့ အိမ်ကိုသွားတဲ့ လမ်းပေါ်မှာရှိတယ် ၊ အိမ်ပြန်နေကြပြီ
.
(1.3) I met her on my way to school.
သူမကို ကျနော်ကျောင်းသွားတဲ့လမ်းမှာ ဆုံခဲ့တာပါ
.
(1.4) It’s on my way, I will take you to your home.
လာပါ ..လမ်းကြုံပါတယ် ၊ ကျနော် ခင်ဗျားအိမ်ကို လိုက်ပို့ပေးပါမယ်
……………………………………………………..
.
(2) OUT OF ONE'S WAY = လမ်းမကြုံဘူး
…………………..
(2.1) Don't bother picking me up. It's out of your way.
ကျနော့်ကို တင်ခေါ်ပြီး ဒုက္ခမခံပါနဲ့ ၊ ခင်ဗျားနဲ့ လမ်းမကြုံပါဘူး (ခင်ဗျားသွားမယ့်လမ်းနဲ့ လမ်းကြောင်းမတူပါဘူး)
……………………………………………………….
.
(3) GO ONE'S WAY = လမ်းကြောင်းအတူတူသွားတယ် ( ရှေ့ဆုံးမှာ on နဲ့ go ပြောင်းသွားတယ်နော်)
.
(3.1) I'm going your way—I'll walk with you.
ကျနော်ခင်ဗျားသွားမယ့် လမ်းအတိုင်းပဲလိုက်တော့မယ် ၊ ခင်ဗျားနဲ့အတူ လမ်းလျှောက်မယ်
……………………………………………..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu