Ad Code

Responsive Advertisement

ဝါကျများအတွက် ဖိရွတ်သံ stress .. ဘယ်လိုရွတ်မလဲ ဖတ်ကြည့်ပါ


Win Naing Oo's photo.

..........................................................................
Sentence stress ဆိုတာ ၀ါကျတစ်ခုထဲက သတ်မှတ်ထားတဲ့ စကားလုံးတွေမှာ ဖိပြီး.. အသံမြှင့်ပြီး ရွတ်ဆိုတာ ဖြစ်ပါတယ် ။ အင်္ဂလိပ်စကားရဲ့ သံစဉ်ညှိစည်းချက် အဖြစ်လည်း မကြာခဏ ယူဆလေ့ရှိပါတယ် ။
sentence stress is accent on certain words within a sentence. Often considered to be the "rhythm" of English.
...............
Sentences - two types of words
ဝါကျ တစ်ခုမှာ stress နှစ်မျိုးရှိပါတယ် ၊ ၀ါကျထဲမှာပါတဲ့ စာလုံးတွေကို ဖိရွတ်ဖို့လိုတဲ့စာလုံးတွေနဲ့ မလိုတဲ့စာလုံးတွေကို ခွဲခြားထားတာဖြစ်ပါတယ်
..............
(1) Content words - stressed >> the main words of a sentence that have sense or meaning.
ပထမတစ်မျိုးက content word တွေဖြစ်ပါတယ် ၊ အဓိကစာလုံးတွေ ဖြစ်ပြီးတော့ ၀ါကျရဲ့ အဓိပ္ပါယ်နဲ့ ပေးချင်တဲ့ ဆိုလိုရင်းသဘောကို ဖေါ်ပြပါတယ် .. content word တွေကို “ဖိပြီးရွတ်ဆို” ရမှာဖြစ်ပါတယ် .. အဲဒါတွေကတော့
.
(1.1) main verbs – sell, give, employ
(1.2) nouns – car, music, mary
(1.3) adjectives – red, big, interesting
(1.4) adverbs – quickly, loudly, never
(1.5) negative auxiliaries – don’t, aren’t, can’t
.
ပထမ post မှာတုန်းက Adverb တွေအတွက် stress လုပ်ရမယ့်နေရာကို ပြောဖို့ကျန်ခဲ့တာလေးတစ်ခုကို ပြောပါမယ် ၊ adverb တွေကိုလည်း ယေဘူယျအားဖြင့် ပထမအသံပေါ်မှာပဲ ဖိပြီးရွတ်ဆိုရပါမယ် ။ adjective ကနေ ဖြစ်လာတာတွေကျတော့ adjective တုန်းက stress အတိုင်းပဲ ဖြစ်ပါတယ်
Adverbs are usually stressed on the first syllable or repeat the stress of the adjectives from which they were derived: ANgry – ANgrily; WONderful – WONderfully; စသည်ဖြင့် ဖြစ်ပါတယ် ။
.......
မှတ်မိအောင်လို့ ကျနော်က note ပြန်ထုတ်ပေးပါမယ်
...
စကားလုံးမှာ အသံနှစ်သံရှိလျှင်
ရှေ့ကအသံကိုဖိပြီးရွတ်ရမှာတွေက noun, adjective, adverb
နောက်ကအသံကို ဖိပြီးရွတ်ရမှာက verb , ထပ်ပေါင်းတဲ့ -ed တို့ -ing တို့ကို စဉ်းစားဖို့မလိုပါ
ဟိုက်ရှားဘား! ဒီလိုကျတော့လည်း လွယ်သလိုလေးပါလားနော်..
........................................
(2) Structure words – unstressed >> these are small, simple, not very important words that make the sentence grammatically correct.
ဒုတိယတစ်မျိုးကတော့ “ဖိပြီးရွတ်ဖို့မလိုတဲ့” Structure word တွေ ဖြစ်ပါတယ် ၊ ၀ါကျတည်ဆောက်ဖို့ ထည့်ထားတဲ့ စာလုံးသေးသေးလေးတွေ ဖြစ်ပါတယ် ၊ အထက်မှာတွေခဲ့တဲ့ content word တွေကို ၀ါကျတည်ဆောက်ပုံအရ မှန်ကန်အောင် ချိတ်ဆက်ပေးတဲ့ ချိတ်ကလေးတွေပါပဲ ၊ အဲဒါတွေကတော့ ..
.
(2.1) pronouns – I, he, she, we, they
(2.2) prepositions – on, at, into
(2.3) articles – a, an, the
(2.4) conjunctions – and, but, because
(2.5) auxiliary verbs – do, be, have, can, must
..
ခြွင်းချက်လေးတစ်ခုကိုလည်း တစ်ခါတည်း ထည့်ပြောခဲ့ချင်ပါတယ် ။ အချက်အလက်မှားနေတာကို ပြင်ဆင်ဖို့ ပြောဆိုတဲ့အခါမှာ structure word ပေါ်မှာလည်း ဖိပြီးရွတ်ရတဲ့အခါတွေ ရှိပါတယ် ။
Exception - occasionally a structure word is stressed to correct information.
..
နမူနာကြည့်ပါ
“Have you seen my shoes?”
ကျနော့်ရှူးဖိနပ်တွေ့မိလားဗျာ
“No, I haven’t, but he has.”
ဟင့်အင်းကျနော်မတွေ့မိပါဘူး ၊ သူတွေ့မိတယ်
.
(မေးသူက ကျနော် I တွေ့မိတယ်ထင်လို့မေးတာ ။ တကယ်တန်းက ကျနော်မတွေ့ဘဲသူတွေ့တာ ၊ အချက်အလက်က မှားနေတယ် ။ ဒါကို ပြင်ချင်တဲ့အခါ ကျနော် I မဟုတ်တဲ့အကြောင်းနဲ့ သူ he ဟုတ်တဲ့အကြောင်း ပြင်ပေးချင်တာဖြစ်တဲ့အတွက်..ဒုတိယ ၀ါကျမှာ I နဲ့ he ကို ဖိပြီး ရွတ်ပေးရမယ်လို့ ဆိုလိုတာပါ ။ ပုံမှန်အားဖြင့်က I, he တို့ဟာ pronoun တွေဖြစ်လို့ ဖိပြီးရွတ်ဖို့ မလိုပါဘူး)
...
(3) The time between each stressed word is the same.
နောက်စည်းကမ်းချက်တစ်ခုကတော့ ၀ါကျအတွင်းမှာရှိတဲ့ ဖိသံတွေ တစ်ခုနဲ့တစ်ခုအကြားက အကွာအဝေး ကြာချိန်ဟာ တူညီရပါမယ်..တဲ့ ။ တစ်နည်းပြောရလျှင် ညီအောင်ညှိပြီးရွတ်ရပါမယ် ။ ပထမဖိသံနဲ့ ဒုတိယဖိသံ ကြားက ရွတ်ဆိုဖို့ကြာချိန်ဟာ တစ်စက္ကန့်ဆိုပါစို့.. အဲလိုပဲ ဒုတိယဖိသံနဲ့ တတိယဖိသံကြားက စကားလုံးတွေကို ရွတ်ဆိုဖို့ ကြာချိန်ဟာလည်း တစ်စက္ကန့်ပဲ ဖြစ်ရပါမယ် ။ ၀ါကျတစ်ခုထဲမှာ ဖိသံတစ်ခုနဲ့တစ်ခုကြားက စကားလုံးအရေအတွက်ဟာ အနည်းအများ မတူသည်ပဲ ဖြစ်စေ ကြာချိန်ကို တူအောင် နှေးဖို့လိုလျှင်နှေး မြန်ဖို့လိုလျှင် မြန်ပြီး ရွတ်ဆိုရမယ်လို့ဆိုလိုပါတယ် ။
နမူနာလေးနဲ့ ရှင်းပြပါမယ်
.
Example: Can you (do) the (dishes) after you have (finished) your (lunch)?
.
ဒီဝါကျမှာဆို do နဲ့ dishes ကြားမှာ အသံတစ်ခု (the) ပဲ ရှိပြီး dishes နဲ့ finishes ကြားမှာ အသံလေးသံ (af-ter you have) ရှိနေပါတယ် ။ အဲဒီမှာ the တစ်သံတည်းကို ရွတ်ဆိုရမယ့်ကြာချိန်ဟာ af-ter you have အသံလေးသံကို ရွတ်ဆိုရမယ့် အချိန်နဲ့ အတူတူပါပဲ ။ ဒါကြောင့် the ကို အသံဆွဲပြီး ဖြည်းဖြည်းဆိုရမှာ ဖြစ်ပြီး after you have ကို မြန်မြန်ဆိုရမှာဖြစ်ပါတယ် ။
(There is one syllable between do and dishes and there are four syllables between dishes and finished. The time between do and dishes and between dishes and finished is the same.
This is because you say "the" more slowly and "after you have" more quickly.)
..
ဒါမှသာ ဟိုးရှေ့အဖွင့်မှာတုန်းက ကျနော်ပြောခဲ့သလို ဖိသံလေးတွေ တစ်ခုနဲ့တစ်ခုကြား ကြာချိန်ဟာညီတူပြီး အသံလေးတွေဟာ တက်လိုက်ကျလိုက်နဲ့ ညီညာတဲ့ သံစဉ်လှိုင်းကလေးတွေလို ဖြစ်သွားမယ်လို့ သိနိုင်ပါတယ် ၊ အဲဒါသည်ပင် ဘာသာစကားရဲ့ နရီစည်းဝါးဖြစ်တယ်လို့ ဆိုပါတယ် ။ အင်္ဂလိပ်စကားမှာ Stress နဲ့ Unstress ဟာတစ်လှည့်စီပဲလာပါတယ် ။ နာမည်ကျော် Shakespeare ရဲ့ ပြဇတ်တွေမှာဆို တကယ်အရေးကြီးတဲ့ အခန်းတွေမှာ Stress နဲ့ Unstress ဟာ (၅) ကြိမ်စီ (SU, SU, SU, SU, SU) လို့ လာလေ့ရှိတယ်ဆိုတာ ဆရာမတစ်ဦးရဲ့ video ပို့ချချက်မှာ မှတ်သားလိုက်ရပါတယ် ။ ကဲ အခုတော့ Stress တွေ ဘာကြောင့် လုပ်ရတယ် ၊ ဘာကြောင့် နှေးလိုက်မြန်လိုက်တွေ ဖြစ်တယ်ဆိုတာ သိသွားပြီ မဟုတ်ပါလားခင်ဗျာ .. ဆက်ရေးဦးမယ်နော်
...
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu