Ad Code

Responsive Advertisement

You can't expect to learn a foreign language in a month.

1. You can't expect to learn a foreign language in a month.
နိုင်ငံခြားဘာသာတစ်ခုကို တစ်လအတွင်းနဲ့ သင်ယူတတ်သိမယ်လို့ မင်း မမျှော်လင့်နိုင်ဘူး။
in a day or two = တစ်ရက် နှစ်ရက်အတွင်း
in a month or two = တစ်လနှစ်လ အတွင်း
I will be back in a day or two.
ငါ တစ်ရက်နှစ်ရက်အတွင်း ပြန်လာမယ်။ ( ပြန်ရောက်မယ်)
in က ဒီနေရာမှာ during နဲ့တူပါတယ်။
2.She's studying modern Japanese language and culture.
သူ (မ)ဟာ ခေတ်သုံးဂျပန်ဘာသာစကားနှင့် ယဉ်ကျေးမှုကို လေ့လာနေတယ်။
3. We were encouraged to learn foreign languages at school.
နိုင်ငံခြားဘာသာစကားများကို ကျောင်းမှာ သင်ယူဖို့ (ကျွန်တော်တို့ကို ) တိုက်တွန်းအားပေးတယ်။
4.Her novels have been translated into nineteen languages.
သူ(မ)၏ ၀တ္တုများကို ဘာသာစကား ၁၉ မျိုးဖြင့် ပြန်ဆိုပြီးဖြစ်သည်။
(ဘာသာစကား တစ်ခုမှ တစ်ခုသို့ ဘာသာပြန်သည်ဟု ဆိုရာတွင်Translate နောက်မှာ into လိုက်ရပါတယ်။)
- She works for the EU, translating from English into French.
5.One of the main reasons I came to England was to study the language.
ကျွန်တော် အင်္ဂလန်ကိုလာရတဲ့အဓိက အကြာင်းတစ်ခုကတော့ ဘာသာစကားလေ့လာဖို့ပဲ ။ (အင်္ဂလိပ်စကားလေ့လာဖို့ပဲ။)
6. I want to study language development in small children.
ကလေးငယ်များ ဘာသာစကားတတ်လာမှုကို ကျွန်တော်လေ့လာချင်တယ်။
( I want to do research into language development in small children. )
( I want to do research into how children acquire language. )
7. a dead language ( No longer spoken by anyone) အပြောအဆိုမရှိတော့သော ဘာသာစကား။ ပေါရာဏ ဖြစ်သော ဘာသာစကား
- Latin is a dead language.
-Latin, Pali and Hebrew are dead languages.
ဆန့်ကျင်ဘက်ကတော့ Living Language ပေါ့။
8. first language = mother tongue (မိခင်ဘာသာစကား )
- Myanmar is my first language.
(မိခင်ဘာသာစကားကို Mother language မလုပ်ပါနဲ့..အဲ့လို အသုံးမရှိဘူး။)
9. bad/foul language ( language that might offend people )
ဆဲရေးတိုင်းထွာတာ..ဖရုသ၀ါစာ ..(မိုက်ရိုင်းတဲ့ စကား )
-My kids have started using the foul language they hear on television.
10. has a good command of the ....................language. ဘာသာစကားတော်တာ ။ ကောင်းတာ။
She has a good command of the English language.
- Language ဆိုလို့ ယခုလ (၁၅) မှာ... SEOUL SEGAE သင်တန်းကျောင်းတွင်
ကိုရီးယားဘာသာစကား ပညာဒါနရှိပါသည်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၊ကိုရီးယားနိုင်ငံ Top (3) စာရင်းဝင် Yonsel University နှင့် Ewha Woman's University တို့တွင် ပညာဆည်းပူးခဲ့ပြီး၊ သင်ကြားရေးနှင့် လုပ်ငန်းအတွေ့အကြုံ ရှိသော ဆရာ၊ဆရာမများ ၊ ကိုးရီးယား လူမျိုး ဆရာ၊ ဆရာမများမှ သင်ကြားပေးသွားပါမည်။
သင်တန်းအချိန်မှာ .. Sat / Sun.. ညနေ ၄ လေးနာရီခွဲမှ ၆ နာရီအထိဖြစ်ပါတယ်။
သင်တန်းတည်နေရာမှာ... အမှတ် ၁၉၈ ၊ ဦးချစ်မောင်လမ်းမကြီး ၊ ရန်ကင်းဈေးကွေ့မှတ်တိုင် ။ဖုန်းနံပါတ်က 09-2502-77481
- The Umbrella Foundation မှ လူငယ်များ၏ ပညာရေးလုပ်ငန်းစဉ်တွင် ပညာဒါန သင်တန်းများစွာဖွင့်လှစ်ပါမည်။ မြန်မာ့လူငယ်များ၏ ပညာရေး လုပ်ငန်းများ မြင့်တင်ရန် The Umbrella Foundation ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါသည်။

ဆရာ Michael Lin Lin Facebook မှ ကူးယူဖော်ပြသည်။ ဆရာ Michael Lin Lin ကျန်းမာပါစေ။


အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu