Ad Code

Responsive Advertisement

♪ “Android အတွက်အကောင်းဆုံးဓာတ်ပုံတည်းဖြတ် ဆော့ဖ်ဝဲလ်များ” ♫


ယခုခေတ်တွင်စမတ်ဖုန်းဖြင့်ဓာတ်ပုံမရိုက်သူအလွန်ရှားပါသည်။ iPhone ၌ ကင်မရာကလည်းကောင်း၊ ဓာတ်ပုံဆော့ဖ်ဝဲလ်ကလည်းကောင်းဓာတ်ပုံတည်းဖြတ်ဆော့ဖ်ဝဲလ်ဟူ၍သီးသန့်မလိုသလောက် ဖြစ်ပါသည်။ Android ဘက်ခြမ်း၌မူစမတ်ဖုန်းတို့အကြားကင်မရာအရည်အသွေးကွာဟချက်ကြီးမားသောကြောင့်ဓာတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲလ်ကောင်းကောင်းလိုပါသည်။ Android စမတ်ဖုန်းများအတွက်ရနိုင်သော အကောင်းဆုံးအခမဲ့ ဓာတ်ပုံ တည်းဖြတ်ဆော့ဖ်ဝဲလ်များကိုအောက်ပါအတိုင်းတွေ့ရပါမည်။

<Snapseed>
www.bil.ly/snapseed30 မှနေ၍ Download ချပြီးအသုံးပြုနိုင်ပါသည်။ လောလောဆယ်တွင်Android အတွက်ပထမနေရာတွင်ရှိသောအခမဲ့ဓာတ်ပုံတည်းဖြတ်ဆော့ဖ်ဝဲလ်ဖြစ်ပါသည်။Snapseedသည်ဖွဲ့စည်း ပုံရိုးရှင်းသည်။ ကြော်ငြာကင်းစင်သောinterface ပါဝင်သည်။အစွမ်းထက်သောTool ကလည်းအမြောက် အမြား။မိုဘိုင်းဖုန်းဖြင့်ရိုက်သောဓာတ်ပုံများကိုတည်းဖြတ်ရန် ပြည့်စုံမှုရှိနေပါသည်။သို့သော်အသုံးပြုပုံသည် ယခုထက်ပိုပြီး ရိုးရှင်း လွယ်ကူဖို့ကောင်းသည်။ဓာတ်ပုံတစ်ပုံကို ဆော့ဖ်ဝဲလ်မှခေါ်၍ဖွင့်ပြီးTune Image ကိုတစ်ချက်ထောက်ပါ။ Brightness, Contrast, Saturation တို့ကို ချိန်ညှိရန်Screen တွင်ထက်အောက် ပွတ်ဆွဲ၍ရွေးချယ်ပါ။ မိမိ ရွေးချယ်လိုက် သောTool တွင်အနိမ့်အမြင့်ချိန်ညှိခြင်းကို ဘယ်ညာပွတ်ရွှေ့ ပြီး ပြုလုပ်နိုင်ပါ သည်။အခြားသောTool အားလုံးအတွက်လည်းဤအတိုင်း ဖြစ်ပါသည်။

အလုပ်အလွန်များ၍Tool တစ်ခုချင်းရွှေ့ပြီးချိန်ညှိမှုမပြုနိုင်ဟုဆိုပါက Auto-enhence button ကိုနှိပ်ပြီးရွေး ချယ်နိုင်သည်။ယင်းက မိမိ၏ ဓာတ်ပုံ အတွက်အသင့်တော်ဆုံးဖြစ်မည်ဟု ထင်သောအနေအထားတစ်ခု သို့ရောက် အောင်အလုံးစုံချိန်ညှိမှုပြုလုပ်ပေးပါမည်။လက်ဖြင့်ပွတ်ဆွဲပြီးဓာတ်ပုံ တည်းဖြတ်ခြင်းကိုကြိုက်စရာ ရှိသော်လည်းMenu များအကြားတွင် ရှုပ်ထွေး မှုများရှိခြင်းနှင့်ရွေးချယ်စရာButton နည်းပါးခြင်းတို့က စိတ်တိုင်း မကျစရာ ဖြစ်နေပါသည်။

Cropping, Straightening, rotatingစသည်တို့အတွက်Snapseedတွင် ရိုးရိုး ရှင်းရှင်း အသုံးပြုနိုင်သောTool များရှိသလိုဓာတ်ပုံများအားအနုစိတ်ချိန်ညှိနိုင် စေမည့်Advanced Feature ကလည်း အများအပြားပါဝင်ပါသည်။ ယင်းတို့ ထဲတွင်Selective Correction မှာသဘောကျစရာ အကောင်းဆုံးဖြစ် သည်။ ဓာတ်ပုံထဲရှိသက်ဆိုင်ရာနေရာတစ်ခုအားကွက်ပြီးသိမ်မွေ့သောအလှည့် အပြောင်းများလုပ်ခွင့်ပြု သည့်အတွက်အကောင်းဆုံးအဆင့်တစ်ခုတွင်ရှိနေပါသည်။အခြားသောချိန်ညှိTool များထဲတွင် Brush ပါဝင်သည်။ယင်းကို သုံး၍ Exposure, Temperature, Saturation, Highlighted Area, Repair, Sport Repair တို့ကို ပြုပြင်နိုင်သည်။အဆီအငေါ်မတည့်သော နေရာများကို ဖျက်နိုင်သည်။မည်သည့်Tool ကိုသုံး၍ပြုပြင်သည်ဖြစ်စေ၊မပြုပြင်မီပုံနှင့် ပြုပြင်ပြီးပုံတို့ကိုနှိုင်းယှဉ်ကြည့်နိုင်သည်။ထိုသို့ယှဉ်ကြည့်ပြီးစိတ်တိုင်းကျမှ အပြီးသတ်အတည်ပြုရန်ဖြစ်ပါသည်။Snapseedထဲတွင် အကောင်းဆုံး အတန်းအစားဝင်Filter အချို့လည်း ပါသည်။ယင်းတို့ကိုသုံး၍ လည်းပုံတစ်ပုံ ကိုမိမိစိတ်တိုင်းကျအနေအထားသို့ရောက်အောင်ဖန်တီးနိုင်သည်။
 
အခြားဓာတ်ပုံတည်းဖြတ်ဆော့ဖ်ဝဲလ်များထက်သာသည့်အချက်မှာ Save Button ဘေးဘက်တစ်လျှောက် တွင် ပြသပေးထားသောIcon ဖြစ်သည်။ ယင်းကိုနှိပ်၍မိမိပြုပြင်တည်းဖြတ်မှုရာဇ၀င်နောက်ကြောင်းတစ်ခု လုံးကို ပြန်ကြည့်နိုင်သည်။အခြားသော ပြုပြင်တည်းဖြတ်မှု (သို့မဟုတ်) ဖျက်ပစ်မှု တစ်ခုခုအားမထိပါးစေ ဘဲသက်ဆိုင်ရာအဆင့်သို့ ပြန်ဝင်ကြည့်နိုင်သည်မှာ နှစ်သက်စရာအကောင်းဆုံးပင်။Snapseedနှင့်ပတ်သက် ၍ ဝေဖန်လောက် သည့်အပြစ်အနာအဆာများမရှိပါ။ Red eye removal tool မပါဝင်ခြင်း နှင့် Advanced Tool များအားကျွမ်းကျင်အောင်အချိန်ယူရခြင်းတို့သာရှိပါသည်။ Snapseedသည်နေ့စဉ်သုံးဓာတ်ပုံ တည်းဖြတ်မှုများကိုလျင်မြန်ပြည့်စုံစွာ ပြုလုပ်နိုင်သည့်Appတစ်ခုဖြစ်သည်။ပွတ်ဆွဲမှုကိုအခြေခံသောControl များကမိမိဘာသာလေ့လာသင်ယူရလွယ်ပါသည်။အထင်ကြီးလောက်သောစွမ်းဆောင်ရည်နှင့်အသုံးစုံလင်မှု တို့လည်းရှိပါသည်။ရိုးရှင်းသောUser Interface ကSnapseedအားAndroid စနစ်အတွက်အကောင်းဆုံး ဓာတ်ပုံ တည်းဖြတ်ဆော့ဖ်ဝဲလ်နေရာသို့ပို့ပေးခဲ့ပါသည်။

<Photo Director>
 Download
Android စနစ်အတွက်ဒုတိယအကောင်းဆုံးဓာတ်ပုံတည်းဖြတ် ဆော့ဖ်ဝဲလ် ဖြစ်သည်။နေ့စဉ်သုံးဓာတ်ပုံ တည်းဖြတ်မှုအတွက်သာလွန်ကောင်းမွန်အဆင့်တွင်ရှိပါသည်။ မိမိပြုပြင်တည်းဖြတ်လိုသောဓာတ်ပုံ ကိုရွေး လိုက်ပြီးသည့် အခါဓာတ်ပုံ၏အောက်ဘက်တွင်အဓိကဓာတ်ပုံတည်းဖြတ်Tool များအား အုပ်စု လိုက်သေသပ်စွာစီစဉ်နေ ရာချထားပေးသည်ကိုတွေ့ရပါမည်။Basic edit buttionကိုရွေးလျှင်Crop, Straighten rotate, Flip စသည့်လုပ်ငန်းစဉ် များကိုလုပ်ဆောင်နိုင်ပါမည်။Adjust button ကိုရွေးချယ်လျှင် White balance, Exposure, Contrast, Saturation နှင့်အခြားသောချိန်ညှိမှုများကို ပြုလုပ်နိုင်ပါမည်။ ဤဆော့ဖ်ဝဲလ်ထဲတွင် လည်းSnapseedမှာကဲ့သို့ပင်Auto-Entence Tool ပါဝင်သည်။ ခလုတ်တစ် ချက်နှိပ်ရုံဖြင့် ပြုပြင်ဖွယ်ရှိသည့် အရာအားလုံးကို ဆော့ဖ်ဝဲလ်ကအလိုအလျောက် ပြုပြင်ပေးသွားပါမည်။

မိမိ၏ ပြုပြင်မှုကိုအတည်မပြုမီတွင်မပြောင်းလဲမီပုံနှင့် ပြောင်းလဲပြီးပုံတို့ကို နှိုင်းယှဉ်ကြည့်နိုင်ခြင်းမှာလည်း Snapseedနှင့်အလားသဏ္ဌာန်တူပါသည်။ အခြားသောအထင်ကြီးစရာTool တစ်ခုမှာSaturation Tool ဖြစ်သည်။ ယင်းထဲတွင် မိမိနှစ်သက်ရာအရောင်တစ်ရောင်ကိုသီးခြားရွေးချယ်ပြီး ပြုပြင်နိုင် သည်။Curve Tool များPhotoshop နှင့်ဆင်သည်။Graph ထဲတွင် Point များရွေးချယ်ပြီးRed, Green, Blue အရောင်တို့၏အနေအထားကို ပြောင်းလဲနိုင်သည်။Portrait များကို ပြုပြင်ရန်အတွက် Photo Director သည်Red-eye removal နှင့်Blenish removal ကဲ့သို့သောTool များကို အထောက်အပံ့ပေးထား ပါသည်။ ထို့အပြင်ဓာတ်ပုံပြုပြင်ရန်ပေးထားသော Filter တို့၏အနေအထားမှာအတန်ပင်လုံလောက်သည်။ Layer များကို ထပ်ယူပြီးအားကောင်းအောင်ပြုပြင်သောOverlay Effect မှာPhotoshop မှာကဲ့သို့ ပင်ကောင်းမွန်ပါသည်။Tool အသစ်တစ်ခုကိုအသုံးပြုရန် ရွေးချယ် လိုက်လျှင်ယင်းအား မည်သို့မည်ပုံ အသုံးပြုရမည်ဟု ပြသပေးသော ညွှန်ကြား ချက်မှာလည်းသဘောကျဖို့ကောင်းပါသည်။

Photo Director သည်undo နှင့်redo အဆင့်ပေါင်းများစွာကို ပြုလုပ်ခွင့် ပေးထားသော်လည်း ဓာတ်ပုံ တည်းဖြတ်မှု History တစ်ခုလုံးကို ပြန်ကြည့်၍ မရသည့်ပြင်တည်းဖြတ်မှုအဆင့်တစ်ဆင့်သို့ ပြန် သွား၍လည်းမရပါ။ အရွယ် အစားသေးသောစမတ်ဖုန်းဖြစ်လျှင် ဆော့ဖ်ဝဲလ်ထဲမှTool များကြောင့် ဓာတ်ပုံ တည်းဖြတ်ဧရိယာသေးကွေးသွားသည့်အားနည်းချက်လည်းရှိသည်။

Snapseed ဖြင့်စွမ်းဆောင်မှုချင်းတန်းတူအနေအထားတွင်ရှိသော်လည်း History State နောက်ကြောင်း မပြန်နိုင်ခြင်းကြောင့်ဒုတိယနေရာသို့ရောက် သွားခဲ့ပါသည်။

<Pixlr>
www.bit.ly/pixlr380 မှDownload ဆွဲချပြီးအသုံးပြုနိုင်သည်။ ဆော့ဖ်ဝဲလ် ထဲတွင် built-in camera ပါဝင်ခြင်းနှင့်Collage Creator ပါဝင်ခြင်းမှာ အခြားဆာ့ဖ်ဝဲလ်ထက်အားသာချက်ဟုဆိုနိုင်သည်။ ဓာတ်ပုံတည်းဖြတ်သည့်အဓိကTool များသည်Adjustment Menu အောက်တွင်ရှိနေသည်။ယင်းTool များထဲတွင်Crop နှင့်Rotate တို့ကဲ့သို့ရိုးရှင်းသောTool များသာမကColor, Contrast, Brightness, Vibrancy တို့ကို ပြုပြင်ရန်အဆင့်မြင့် Tool များလည်း ပါဝင်သည်။အချိန်မပေးနိုင်သူများကAuto Fix, Auto Contrast စသောTool များကိုသုံးနိုင်သည်။ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ပြုပြင်ပေးသောTool များဖြစ်သည်။ ဓာတ်ပုံများကိုမပြုပြင်မီအခြေအနေနှင့် ပြုပြင်ပြီးအခြေအနေတို့ကိုနှိုင်းယှဉ်ပြသပေးနိုင်သည်။ undo နှင့် redo အဆင့်ပေါင်းများစွာ လုပ်နိုင်သည်။Double ExposureမှာLayer များထပ်ပြီးမိမိနှစ်သက်သော effect များပြုလုပ်နိုင်သဖြင့်သဘောကျစရာကောင်းသည်။ Splash Tool မှာနှစ်သက်ရာအရောင်ကိုကွက်ပြီး အလင်းတင်ခြင်း၊အရောင်စိုရွှန်းမှုတင်ခြင်းတို့ကိုပြုလုပ်နိုင်သည်။ကြော်ငြာများထိုးခြင်း၊ Menuများပြွတ်သိပ် ရှုပ်ထွေးခြင်းတို့ကြောင့်ဤဆော့ဖ်ဝဲလ်သည်ကောင်းပင်ကောင်းသော်ငြားလည်းတတိယ နေရာသို့ရောက် သွားခဲ့ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်၈ျစ်တယ်ဓါတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
http://www.mm-knowledge.com/2015/11/android.html မှ ပြန်လည်ကူးယူဖော်ပြသည်။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu