Ad Code

Responsive Advertisement

Windows 10 တွင် boot error ပြသနာများကိုဖြေရှင်းနည်း


Windows ဆိုတာနဲ့နောက်ဆုံးထွက် Windows 10 နဲ့ပတ်သက်ပြီး
ပြောစရာစကားတွေကပိုများလာသလိုဖြစ်နေပါတယ်။

Technology ရဲ့အားနည်းချက်အားသာချက်တွေကရှိနေသေးတော့
Windows 10 တွင် အံမခန်း Features များပါရှနေပေမယ့် နေ့စဉ်ဘ၀တွေမှာတော့
အချို့သောနေရာတို့တွင် စိတ်ပျက်စရာကောင်းလောက်အောင်
 Error များတက်နေတတ်ပါတယ်။


Windows 10 တွင် အခုနောက်ပိုင်းဖြစ်လေ့ရှိတဲ့ပြသနာတစ်ခုကတော့
ဆော့ဝဲတစ်ခုခုကို အသစ် Install ပြုလုပ်တော့မယ်ဆိုရင်
third-party programs ပိုင်းတွေက ဒုက္ခလာပေးနေတတ်တာမျိုးပါ။

ဒီ Windows 10 ဖွဲ့စည်းပုံ System ပိုင်းက သူ့အလိုလို ဖြေရှင်းနည်းကိုဦးစားပေးထားတော့
Boot တွေပါပြသနာတက်လာတော့တယ်၊ ဒီတော့ အဲဒီပြသနာကိုအကောင်းဆုံးအဖြေရှာဖို့က
Boot ကို Clean လုပ်ပေးနိုင်ဖို့ပါပဲ။

Boot causing ပြသနာကိုသာ မဖြေရှင်းနိုင်သေးရင်တော့ 
ဘာပဲလုပ်လုပ်အဆင်မပြေဖြစ်နေတတ်ပါတယ်။

ပြီးတော့ အချို့သော Antivirus ဆော့ဝဲတွေကြောင့်လည်းပါဝင်တယ်။ 
ဒီတော့ boot ပိုင်းကိုပြသနာရှာတတ်တဲ့ ဘယ် Program ကိုမဆို disable ပေးထားဖို့ပါ။

Windows 10 boot error ပြသနာကိုဖြေရှင်းနည်း
==========================
၁။ W + R ကိုတွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ၊

၂။ Run Box မှာ "msconfing" ဆိုပြီးရိုက်ထည့် Enter ကိုခေါက်ပါ။

၃။ှပွင့်လာတဲ့ System Configuration Option တွင် Services ဆိုတာကိုနှိပ်ပါ။

၎။ အနီဖြင့်ဝိုင်းပြထားတဲ့ Hide all Microsoft services ဆိုတဲ့နေရာမှာအမှန်ခြစ်ပေးပါ၊ 
၅။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ "Disable all" ဆိုတာကိုနှိပ်ပေးလိုက်ပါ။


၆။ မလိုအပ်တဲ့ programs များနဲ့ jumping ပိုင်းကို Disable ပေးရဦးမှာဖြစ်ပါတယ်။

၇။ "Task Manager" ကိုဖွင့်ပါ၊ Startup ကိုတစ်ချက်နှိပ်ပြီးဖွင့်ပါ။

၈။ အရေးကြီးတာတစ်ခုကတော့ မလိုအပ်တဲ့  programs များကို
 Disable မပေးမှီ Task manager တွင်ပဲဖြစ်ဖြစ် System Manager Option 
မှာပဲဖြစ်ဖြစ် Screenshot ရိုက်ထားပေးပါ။

ဘာကြောင့်လဲဆိုတော့ တကယ်လို့ Enable ပြုလုပ်တော့မယ်ဆိုရင်တော့
ပုံကိုပြန်ကြည့်ပြီးဘယ် Programs ကိုပိတ်ထားမိခဲ့သလိုဆိုပြီးအလွယ်တကူအဖြေရှာနိုင်အောင်ပေါ့။

၉။ ကျနော်ကတေ့ Avira SystrayStartTrigger ဆော့ဝဲကို
 ခနပိတ်ထားပေးမှာဖြစ်တဲ့ သူ့ကို Select ပေးပြီး Disable ကိုနှိပ်ပေးမှာဖြစ်ပါတယ်။

ကျန်တဲ့မိမိကွန်ပျူတာမှာနေ့စဉ်အသုံးမှုမရှိအရေးမကြီးတဲ့ ဆော့ဝဲများကို
Select ပေးပြီး Disable ပေးရမှာပဲဖြစ်ပါတယ်။


မလိုအပ်တဲ့ Programs များကို Disable ပြုလုပ်ပြီးတဲ့အခါ
System Configuration ကိုပြန်သွားပြီး >>OK >> Apply များနှိပ်ပြီး
အတည်ပြုပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ။

ပါဝါပွင့်ပြီး Windows ပြန်တက်လာတဲ့အခါမှာတော့ ပြသနာတက်နေတဲ့
boot environment ကြီး အဆင်ပြေသွားပြီမို့ အသုံးပြုရတာအဆင်ပြေသွားပါပြီ။

ကတယ်လို့ မိမိအတွက် Disable ပြုလုပ်ထားတဲ့ Programs များကို အသုံးပြုလိုတဲ့အခါ
အထက်ပါနည်းအတိုင်းတစ်ဆင့်ချင်းသွားပြီး Enable ပြုလုပ်ပြီးအသုံးပြုနိုင်ပါတယ်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Credit to  www.zunite.org

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu