Ad Code

Responsive Advertisement

I CAN'T HELP + (VERB-ING)

Win Naing Oo's photo.

English Speaking Basics (11) အင်္ဂလိပ်စကားပြောအခြေခံများ (၁၁)
…………………………………….
(1) I CAN'T HELP + (VERB-ING)
………………………………………….. 
လုပ်ဆောင်မှု (သို့) အဖြစ်အပျက် တစ်ခုခုကို ကျနော်တို့ကိုယ်တိုင် မလုပ်ပဲနေလို့ရအောင် မထိန်းချုပ်နိုင်တဲ့အခါ ဒီပုံစံကို သုံးပါမယ် .. ( Can’t help = Not able to avoid a situation, or stop something from happening.) 
မလုပ်ပဲ မနေနိုင်ပါဘူး ဆိုတဲ့ အဓိပ္ပါယ်မျိုး ရဖို့အတွက် ဖြစ်ပါတယ် 
ယ်
.
(1.1) I can't help thinking about you.
ကျနော် ခင်ဗျားအကြောင်းကို မတွေးပဲ မနေနိုင်ပါဘူး ( မတွေးဖြစ်အောင် လုပ်လို့မရဘူး)
(1.2) I can't help working all the time.
ကျနော် တချိန်လုံး အလုပ်လုပ် မနေပဲ..မနေနိုင်ပါဘူး ( အလုပ်မလုပ်ပဲ နေလို့မရဘူး)
(1.4) I can't help smiling when I see her.
ကျနော် သူမကို မြင်တဲ့အချိန်မှာ မပြုံးဘဲ မနေနိုင်ပါဘူး ( မပြုံးပဲ နေလို့မရဘူး)
(1.5) I can't help eating so much.
ကျနော် အစားတွေ အများကြီး မစားပဲ မနေနိုင်ပါဘူး
(1.6) I can't help loving you.
ကျနော် ခင်ဗျားကို မချစ်ပဲ မနေနိုင်ပါဘူး
(1.7) I cannot help biting my nails when I am nervous. ( cannot ကို အမြဲဆက်ပြီးရေးပါ)
ကျနော် စိတ်လှုပ်ရှားတဲ့အချိန်မှာ လက်သဲတွေကို မကိုက်ပဲ နေလို့မရပါဘူး
(1.8) I cannot help smoking when I have been drinking.
ကျနော် အရက်သောက်ပြီးနဲ့သောက်နေဆဲ အချိန်မှာ ဆေးလိပ်မသောက်ပဲ နေလို့မရပါဘူး
(1.9) I cannot help remembering the things you did.
ကျနော်လေ ခင်ဗျားလုပ်ခဲ့တဲ့အရာတွေကို သတိမရပဲနေဖို့ မဖြစ်နိုင်ပါဘူး ။
……………………………………………………………………
မှားနိုင်တဲ့ ခပ်ဆင်ဆင် အသုံးလေးတစ်ခုကို ထည့်ပေးလိုက်ပါဦးမယ်
..
(2) I CAN’T HELP IT.
…………………………..
ဒီမှာကျ နောက်သုံးလုံး ( can’t help it ) ကို တစ်ပေါင်းတည်း မှတ်ပါ
Ca’nt help it = There is nothing I can do. (Often in answer to a criticism.)
ဘာမှ မတတ်နိုင်ဘူး ၊ သူ့ဖာသာသူ ဖြစ်တာပဲ … ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်
ဝေဖန်မှု တစ်ခုခုကို တုန်ပြန်တဲ့အခါ ၊ ဘာမှလုပ်လို့မရကြောင်း ပြန်ပြောတဲ့အခါတွေမှာ သုံးပါတယ်
..
နမူနာတွေကို ကြည့်လိုက်ပါ ..
(2.1) Mary: Your hair is a mess. Sue: It's windy. I can't help it.
မေရီ : မင့်ဆံပင်တွေက အရှုပ်အထွေး ပါလားကွာ ( ပွရှုပ်နေပါလား) ။ စူး : လေထန်နေတာလေ ၊ ကျမလည်း မတတ်နိုင်ဘူး (mess = အရှုပ်အထွေး ၊ windy = လေထန်သော)
(2.2) I know, but I can’t help it.
ကျနော်သိပါတယ် ဒါပေမယ့် မတတ်နိုင်ဘူးလေ
(2.3) I try not to smoke, but I can't help it.
ကျနော် ဆေးလိပ်မသောက်ဖို့ ကြိုးစားပါတယ် ၊ ဒါပေမယ့် လုပ်လို့မရပါဘူး
(2.4) Do you know you can't help it about this matter?
ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းဘာမှမတတ်နိုင်ဘူးဆိုတာ သိရဲ့လား
………………..
ပုံစံ တစ်ခုကို သိထားပြီး ခပ်ဆင်ဆင်တူတဲ့ တစ်ခု နောက်ထပ်တွေ့လာတဲ့ အခါ သိထားတဲ့ ပုံစံပဲလား ၊ နောက်တစ်မျိုးလား ၀ါးတားတား ဖြစ်သွားတတ်ပါတယ် ၊ ဒါကြောင့် အဲလို မဖြစ်ရအောင် ကျနော်က တစ်ခါတည်း တွဲရေးပေးလိုက်တာ ဖြစ်ပါတယ် ..
.
မေတ္တာဖြင့်
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu