Ad Code

Responsive Advertisement

ထိုင်းတွင် ခေတ်စားလာသည့် ဆန့်ကျင်ဘက်လိင် အငှားတွဲ ၀န်ဆောင်မှု


ထိုင်းနိုင်ငံမှာတော့ ဆန့်ကျင်ဘက်လိင်တွေကို အငှားတွဲနိုင်တဲ့ ၀န်ဆောင်မှုက ခေတ်စား လာနေပါတယ်။
ဒီလို အငှားတွဲမယ်ဆိုရင် ငှားတဲ့ အမျိုးသား အမျိုးသမီးရဲ့ အရည်အချင်း ရုပ်ရည်ပေါ်မူတည်ပြီး တရက်ကို ဘတ် ၁၅၀၀ ကနေ ၅၀၀၀ အထိ ပေးရလေ့ရှိပါတယ်။
လိင်ဆက်ဆံမှုမပါဘဲ လူတွေအလယ်မှာ တွဲရုံသက်သက် ၀န်ဆောင်မှု ပေးတဲ့ ဒီလုပ်ငန်းကို လုပ်ကိုင်နေသူ လူငယ်တွေ ထောင်ချီရှိလာတယ်လို့ ထိုင်းဘန်ကောက်ပိုစ် သတင်းက ရေးပါတယ်။
ဒီလိုတွဲနိုင်ဖို့အတွက် ပထမဦးစွာ ၀န်ဆောင်မှုပေးတဲ့ အဖွဲ့ကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။
ဒီနောက် ဒီအဖွဲ့က ဆက်သွယ်သူရဲ့ မှတ်ပုံတင်အပါအ၀င် အသေးစိတ် အချက်အလက်တွေကို စစ်ဆေးပြီးနောက် အင်တာဗျုးမှာလည်း ဖြစ်ပါတယ်။
ဒီနောက် ဘယ်ကို သွားမလဲနဲ့ ဘယ်အချိန်မှာ ချိန်းတွေ့မလဲဆိုတာတွေကို ပြောပြရမှာ ဖြစ်ပါတယ်။ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီကလည်း ၀န်ဆောင်မှုပေးနေတဲ့သူရဲ့ လုံခြုံရေးအတွက် အနီးအနား တနေရာမှာတော့ ရှိနေမှာ ဖြစ်ပါတယ်။
နေလယ်စာ၊ ညစာ ချိန်းတွေ့ဖို့အတွက် ၀န်ဆောင်မှုပေးတာက ၉၀ ရာခိုင်နှုန်းအထိရှိသလို ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ ဖျော်ဖြေရေးအတွက် ၀န်ဆောင်မှုပေးတာ ဖြစ်ပါတယ်။
ဖျော်ဖြေရေးအတွက် ၀န်ဆောင်မှုပေးရင်တော့ ကလပ်နဲ့ ရုပ်ရှင်ခေါ်ကြည့်နိုင်သလို ၀န်ဆောင်မှုပေးတဲ့ မိန်းကလေးတွေကတော့ အမျိုးသားတွေရဲ့ ပရော်ပရည်လုပ်တာ၊ လက်နဲ့ ခါးကို အကိုင်ခံ အဖက်ခံရမယ်လို့ ဆိုပါတယ်။
ဒါအပြင် တချို့အသည်းကွဲတဲ့ အချိန်မှာလည်း ၀န်ဆောင်မှုပေးတဲ့ အဖွဲ့ကို ဆက်သွယ် ၀န်ဆောင်မှု တောင်းခံတာရှိသလို အစ်မလို စောင့်ရှောက်ခံချင်လို့ ၀န်ဆောင်မှု တောင်းခံလာတာလည်း ရှိတယ်လို့ ဆိုပါတယ်။
ဂျပန်နဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ တချို့ စီးပွားရေးသမားတွေကလည်း စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ညစာစားပွဲမှာ သဘောတူညီချက်တွေ လုပ်ဆောင်ဖို့အတွက် လှပထက်မြက်တဲ့ အမျိုးသမီးတွေ ဘေးမှာ ရှိနေဖို့ လိုအပ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
နာမည်ကြီးမော်ဒယ်တွေ လူသိများထင်ရှားသူတွေရဲ့ သားသမီးတွေကလည်း တခါတရံ ဒီလို တွဲဖို့ အတွက် ဆက်သွယ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Post a Comment

0 Comments

Close Menu