Ad Code

Responsive Advertisement

မလိုချင်သည့် ဦးနှောက်မှတ်ဥာဏ်များကို ဖျက်ပစ်နိုင်သည့် နည်းလမ်းတွေ့ရှိ

play

ပြန်မလိုချင်တော့တဲ့ ဦးနှောက်မှတ်ဥာဏ်အချို့ကို အပြီးတိုင် ဖျက်ဆီးလိုက်တယ်ဆိုတာ နည်းပညာအခြေပြု သိပ္ပံဇာတ်ကားတွေထဲမှာပဲ တွေ့ရလေ့ရှိပါတယ်။ အခုတော့ အပြင်မှာလည်း တကယ်ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက သက်သေပြလိုက်ပါပြီ။
အထူးသဖြင့် အတိတ်မှာ ကိုယ့်အတွက်ဆိုးရွားတဲ့၊ နာကျင်ခဲ့ရတဲ့ မှတ်ဥာဏ်မျိုးဆိုရင် ဘယ်သူမှ ပြန်သတိမရချင်ကြပါဘူး။ အပြီးတိုင်မေ့ပစ်ဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ဒီနည်းလမ်းကို သိပ္ပံပညာရှင်တွေ ရှာတွေ့ခဲ့ပြီဆိုတာ အမေရိကမှာ မှတ်တမ်းရုပ်ရှင်တစ်ခုထဲမှာ ထည့်သွင်းပြသလိုက်ပါတယ်။ မှတ်တမ်းရုပ်ရှင်နာမည်က Memory Hackers လို့ ခေါ်ပါတယ်။
play

လူသားတွေရဲ့ ဦးနှောက်မှတ်ဥာဏ်ဟာ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတိပ်ခွေတစ်ခုနဲ့ တူတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိပ်ခွေနဲ့တူတဲ့ ဦးနှောက်ကြီးကို ပြန်ရစ်ကြည့်နိုင်သလို အပေါ်က နောက်ထပ်မှတ်ဥာဏ်တစ်ခုနဲ့လည်း အစားထိုးနိုင်တယ်လို့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ကြသူတွေက ပြောပါတယ်။ PBS အဖွဲ့က သိပ္ပံပညာနဲ့ပတ်သတ်တဲ့ လေ့လာတွေ့ရှိချက်တွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ပြသလေ့ရှိပါတယ်။
အောက်ပါလင့်ခ်မှာ နမူနာ ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=MZXmWOju1V8
ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ ၁၂ နှစ်သားအရွယ် လူငယ်တစ်ဦးနဲ့ စမ်းသပ်ခဲ့တာပါ။ အဆိုပါ လူငယ်လေးမှာ ငယ်စဉ်က ဖြစ်ရပ်အချို့ကို အသေးစိတ်ပြန်မှတ်မိနေတဲ့ ရောဂါရှိနေပြီး အဲဒါတွေဟာဆိုးရွားလွန်းတာကြောင့် သူသတိမရချင်ခဲ့ပါဘူး။ သိပ္ပံပညာရှင်တွေ တွေ့ရှိတဲ့ နည်းလမ်းနဲ့ သူ့ရဲ့ မှတ်ဥာဏ်ဆိုးအချို့ကို ချေဖျက်နိုင်ခဲ့ပါတယ်။
Source : Telegraph

Post a Comment

0 Comments

Close Menu