Ad Code

Responsive Advertisement

♪ “GALAXY NOTE 6 ကို စတင်ဖြန့်ချိစဉ်ကတည်းက ဗြိတိန်တွင်ရောင်းချမည်” ♫


ပြီးခဲ့တဲ့နှစ်မှာ Samsung က ဥရောပတွင် Galaxy Note 5 ကိုမိတ်ဆက်ပွဲ
မလုပ်ပေးခဲ့ဘဲအခြား ဒေသ များတွင်စတင်ရောင်းချစဉ်မှာ ဥရောပတွင်
ရောင်းချခြင်းမရှိခဲ့တဲ့အတွက် ဝေဖန်မှုများပေါ်ထွက်ခဲ့ပါတယ်။ Samsung က
ဥရောပတွင် Galaxy S6 Edge+ တစ်မျိုးတည်းကိုသာ အစောပိုင်းက
တည်းကရောင်းချပေးခဲ့ပါ တယ်။


စားသုံးသူများက မျက်နှာပြင်ကွေးတစ်ခု အပိုပါတဲ့
Galaxy S6 Edge+ အစား Samsung ရဲ့ ဒစ်ဂျစ်တယ်ကညစ်တံ S Pen ပါတဲ့ Galaxy
Note 5 ကိုသာ အလိုရှိခဲ့တာဖြစ်ပါတယ်။ Samsung က အဲဒီအမှားကို
ပြင်ဆင်တော့မယ့်ပုံပေါ်ပါတယ်။ ယခုထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ Samsung က
ယခုနှစ်မှာမိတ်ဆက်မယ့် စွမ်းဆောင် ရည်မြင့် Galaxy Note 6 ကိုစတင်ရောင်း
ချစဉ်ကတည်းက ဗြိတိန်မှာ ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့်
Galaxy S7 Edge+ ကို တော့ဗြိတိန်မှာ မိတ်ဆက်မယ့်ပုံ မပေါ်ပါဘူး။


 အဲဒီလိုပဲဥရောပမှာလည်း Samsung က Galaxy S7 Edge + ကို မိတ်ဆက်မှာမဟုတ်ဘဲ Galaxy
Note 6 ကိုသာ မိတ်ဆက်မယ်လို့ယူဆရပါတယ်။ အဲဒီသတင်းကို ဗြိတိန်ရှိ
နာမည်ကြီးမိုဘိုင်းကယ်ရီ ယာတစ်ခုကပြောကြားတာဖြစ်ပါတယ်။ Samsung ရဲ့ အခုလို
မူဝါဒပြောင်းလဲမှုဟာ Galaxy Note ပရိသတ် များအတွက် ဖြစ်တယ်လို့ သိရပါတယ်။
Galaxy S6 Edge+ ရဲ့ရောင်းအားဟာ ဗြိတိန်မှာ ညံ့ဖျင်းခဲ့ပါတယ်။ အဲဒီအတွက်
Galaxy S7 Edge+ ဟာလည်း ဒီလိုရလဒ် မျိုးပဲ ထွက်ပေါ်လာမယ်လို့
ထင်ရပါတယ်။Galaxy Note 6 ကို သြဂုတ်လမှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။


ထွက်ပေါ်နေတဲ့ သတင်းများအရ 5.1 လက်မ Galaxy S7 နဲ့ 5.5 လက်မ S7 Edge
တို့ကိုဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress
တွင်မိတ်ဆက်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင်မိတ်ဆက်မှာဖြစ်ပြီး
မတ်လအစောပိုင်းမှာ ရောင်းချမှာပါ။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Post a Comment

0 Comments

Close Menu