Ad Code

Responsive Advertisement

အိုင်းစတိုင်း ၊ စတီဗင် ဟော့ကင်း တို့ရဲ့ IQ လောက်ရှိသော ၆နှစ် အရွယ်ရှိ ကောင်လေး


အနည်းဆုံး IQ 160 ရှိတဲ့ Sherwyn Sarabi ဟာ မူလတန်း ၂ တန်းနဲ့ပင်လျင် GCSE သင်္ချာ စာမေးပွဲကို ဖြေဆိုဖို့ပြုလုပ်နေပါပြီ။

အသက် ၆ နှစ်သာ ရှိသေးတဲ့ ဒီ ကောင်လေးဟာ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း နှင့် စတင်ဗင် ဟော့ကင်း တို့ရဲ့ IQ နဲ့ ညီမျှတဲ့ IQ ကိုပိုင်ဆိုင်ထားပြီး Mensa အဖွဲ့အစည်းတွင် အသက်အငယ်ဆုံး အဖြစ် ပါဝင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။

Mensa အဖွဲ့အစည်းဆိုသည်မှာ ကမ္ဘာပေါ်ရှိ IQ အမြင့်မားဆုံးသော သူများဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ် ။

အခုလောလောဆယ်မှာ သူဟာ GCSE သင်္ချာ စာမေးပွဲအတွက် ပြင်ဆင်နေပြီး စန္ဒာယား အဆင့် Grade 5 ကို တီးခတ်ထားနိုင်ပါတယ် ။

သူဟာအမြဲတမ်း သင်ယူလေ့လာချင်နေပြီး သူ့အတွက် မခက်ခဲဘူးဆိုရင် ထူးဆန်းတဲ့ အပြုအမှုတွေကို ပြုလုပ်တတ်ပါတယ် ။ သူ့ရဲ့ အနှစ်သက်ဆုံး ဘာသာရပ်က သင်္ချာဆိုပေမယ့် အခြားဘာသာရပ်တွေမှာလည်း ထူးချွန်ပါတယ် ။ ဂီတ ဘာသာရပ်မှာဆိုရင် စန္ဒယားကို Grade 5 နဲ့ တယောကို Grade 3 အထိ တီးခတ်နိုင်နေပါပြီ ။ “ သူရဲ့ ဆရာတစ်ဦးမှာ ပြောကြားခဲ့ပါတယ် ။

ကျွန်တော်ဟာ သင်္ချာဘာသာရပ်ကို တစ်ကယ်ပဲ ချစ်မြတ်နိုးပါတယ် ။ အထူးသဖြင့် Algebra ပိုင်းကိုပါ ။ ကျွန်တော်ဘာလို့ ဒီ သင်္ချာတွေကို တွက်နိုင်လဲဆိုတာရှင်းပြဖို့ ခက်ပေမယ့် ကျွန်အတွက်တော့ သဘာဝ အတိုင်းပါပဲ “ ဟု Sherwyn မှ ပြောပြခဲ့ပါတယ် ။

 “ ကျွန်တော် Mensa test ကို ဘယ်တုန်းကလုပ်လိုက်လဲဆိုတာတော့ မမှတ်မတော့ပေမယ့် အခု လို အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရတာကို တကယ်ပဲပျော်မပါတယ် ။ ကျွန်တော်ကြီးလာရင် သင်္ချာပညာရှင်ကြီးတစ်ယောက်ဖြစ်ချင်ပါတယ် ။ ဒါပေမယ့် ဘာလုပ်မလဲ ဆိုတာတော့ သေချာမသိသေးပါဘူး ။ အခုလောလေဆယ်မှာ ရုပ်ရှင်ပြဇာတ် အတန်းကို တက်နေပြီး ဘောလုံးကစား တာနဲ့ ဂီတ တူရိယာတွေတီးရတာကြိုက်တယ် ။ ကျွန်အမြဲတမ်း အလုပ်ရှုပ်နေရတာကို သဘောကျပါတယ် ။ “ လို့ထပ်မံပြောကြားခဲ့ပါတယ် ။

အခုလို ထူးချွန်တဲ့ကလေးတွေကို လေ့လာ နေတဲ့ Mum Amanda, of Barnsley, South Yorks, ဟာ ထူးချွန်တဲ့ သားသမီးတွေကို မိဘတွေဘယ်လို ထိန်းကျောင်းရမလဲ ဆိုတဲ့ စာရပ် ကိုရေးသားခဲ့ပြီး ။ အဲဒီလိုကလေးတွေ အတွက် IQ Test တွေနဲ့ ကျောင်းတွေကို ကျော်တက်ခိုင်းတာတွေဟာ ဘယ်လောက် အရေးပါသလဲဆိုတာကို ဖော်ပြပေးထားပါတယ် ။

Post a Comment

0 Comments

Close Menu