Ad Code

Responsive Advertisement

တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်စာရမှတ် ၆ဝထက် ရရှိသောသူများ မြန်မာနိုင်ငံ၏ပုဂ္ဂလိကဆေးတက္ကသိုလ်ဖြစ်သည့် Victoria Oxford Medical University တွင်၂ဝ၁၆ခုနှစ် မေ၁၂ရက် မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ် ကြောင်းသိရသည်။

Ar Kar Min with TU Rkarmin.
တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်စာရမှတ် ၆ဝထက် ရရှိသောသူများ မြန်မာနိုင်ငံ၏ပုဂ္ဂလိကဆေးတက္ကသိုလ်ဖြစ်သည့် Victoria Oxford Medical University တွင်၂ဝ၁၆ခုနှစ် မေ၁၂ရက် မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ် ကြောင်းသိရသည်။
အဆိုပါဆေးတက္ကသိုလ်တွင် မလေးရှားနိုင်ငံ MAHSA ဆေး တက္ကသိုလ်၏ သင်ရိုးအတိုင်းသင် ကြားပေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင် တန်း(သို့မဟုတ်) IGCE O Level အောင်မြင်ပြီး အင်္ဂလိပ်စာအမှတ် ၆ဝနှင့်အထက်ရရှိသူများဝင်ခွင့် ဖြေဆိုရမည်ဖြစ်သည်။
''မလေးရှားနိုင်ငံ MAHSA ဆေးတက္ကသိုလ်နဲ့ ပညာရေးပူးတွဲစာ ချုပ်ချုပ်ဆိုထားပါတယ်။ သင်ရိုးက အသက်သွေးကြောပါပဲ။ မလေးရှား နိုင်ငံဆေးတက္ကသိုလ်ရဲ့ သင်ရိုးကို သင်ကြားပေးမယ်။ မလေးရှားနိုင်ငံ သင်ရိုးက အင်္ဂလန်သင်ရိုးနဲ့ သြစ တြေးလျသင်ရိုး ပေါင်းစပ်ထား တယ်။ သင်ရိုးက နိုင်ငံတကာအသိ အမှတ်ပြုပါတယ်။ MAHSA ဆေး တက္ကသိုလ်ကကျောင်းဆင်းတွေ ကမလေးရှားနဲ့ စင်ကာပူမှာ အလုပ် ရကြတယ်။ ၁ဝရာခိုင်နှုန်းကတော့ သြစတြေးလျမှာ အလုပ်ရတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားကဆရာဝန် ဘွဲ့ ရလာရင်စာမေးပွဲတစ်ခုစစ်ပေးတယ်။ အောင်ရင် 'ဆမ'လက်မှတ်ထုတ်ပေး ပါတယ်''ဟု Victoria Oxford Medical University ကျောင်းအုပ်ကြီး ဒေါက်တာနေဝင်းနိုင်က ပြောသည်။
ယင်းဆေးတက္ကသိုလ်တွင် မလေးရှားနိုင်ငံမှ ဆရာဝန်ကြီးများ နှင့်မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများ ပူးတွဲ၍ ဆေးပညာများကို ခြောက် နှစ်ကြာ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
''သင်ကြားရေးမှာ ပင်တိုင် သင်ကြားမယ့်ဆရာနဲ့ အချိန်ပိုင်း သင်ကြားမယ့်ဆရာဆိုပြီး ရှိပါတယ်။ ဘာသာရပ်အလိုက် ရက်အလိုက် သင်ကြားပေးမယ်။ မလေးရှားနိုင်ငံ ကဆရာတွေက သင်ပေးမယ်။ မြန်မာဆရာတွေနဲ့ တွဲဖက်သင်ကြားပေးသွားမှာဖြစ်ပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။
ယင်းဆေးတက္ကသိုလ်သည် ၂ဝ၁၆ခုနှစ် ဇွန်လနောက်ဆုံးပတ် တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ပုဂ္ဂလိကဆေးတက္ကသိုလ်တွင် ကျောင်း လခအနေဖြင့် ပထမနှစ်နှင့် ဒုတိယ နှစ်အတွက် ကျပ်လေးသိန်း၊ လေး သိန်းခွဲ၊ တတိယနှစ်နဲ့နောက်ဆုံးနှစ် အတွက် ကျပ်ခြောက်သိန်းအထက် ကုန်ကျမည်ဖြစ်ကြောင်းနှင့် ပညာ သင်ဆုများ ပေးအပ်ရန်ရှိကြောင်း သိရသည်။
အသေးစိတ်သိလိုသူများနှင့် ကျောင်းလျှောက်ထားလိုသူများအ နေဖြင့် Victoria Oxford Medical University ကျောင်းသားရေးရာ ဌာန ဖုန်းဝ၁-၅၄၁၃၈၉၊ ၅၄၉၅၁၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။
သူသူထက်လွင် ရန်ကုန်
Yangon Media Group

Post a Comment

0 Comments

Close Menu